တုံ့ယမ်းချက်နည်း

တုံယမ်းဟင်းရည်မှာ ပင်လယ်စာနဲ့ အသီးအရွက်တွေ ပါဝင်ပြီး အရသာကောင်းလွန်းကာ လူတိုင်း အတွက် ခံတွင်း မြိန်စေတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ တုံယမ်းဟာ ယိုးဒယားဟင်းလျာ ဖြစ်ပြီး မိသားစုတွေ အတွက် အိမ်မှာ ကိုယ်တိုင် ချက်စားဖို့ လွယ်ကူ ပါတယ်။ ဒါကြောင့် တစ်ပတ်တာ ဟင်းလျာတွေထဲမှာ ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက် အနေနဲ့ ထည့်လို့ရအောင် တုံယမ်းဟင်းရည် ချက်နည်းကို လေ့လာ ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

ပုဇွန်
မှို
ခရမ်းချဉ်သီး
တုံယမ်းအနှစ်
သံပုရာသီး
ငံပြာရည်
စပါးလင်
နံနံပင် ၊ရှောက်ရွက်
ပြင်ဆင်ပုံ

ပုဇွန်ကို အခွံနွှာပြီး ၊ အမြီးလေး ချန်ထားကာ ကျောဘက်ကနေ ခွဲပြီး နောက်ချေးကိုထုတ်ထားကာ ရေစင်စင် ဆေးထားရပါမယ်။
မှိုတွေကိုလည်း ရေစင်အောင် ဆေးပြီး လိုချင်တဲ့ ပုံစံလှီးထားပေးရပါမယ်။
ပြီးတဲ့အခါ သံပုရာရည် ညှစ်ထားပြီး စပါးလင်ကို ပါးပါးလှီးထားရပါမယ်။
ခရမ်းချဉ်သီးကို ရေဆေးပြီး အစိပ်လေးတွေ စိပ်ထားပေးရပါမယ်။
နံနံပင်တွေကို ရေစင်စင်ဆေးပြီး မထူမပါးလှီးထားပေးရပါမယ်။
အားလုံးအဆင်သင့်ဖြစ်တဲ့အခါ မီးဖိုပေါ် အိုးတင်ပြီး ရေထည့်ပြီး တည်ထားလိုက်ပါ။
ချက်ပြုတ်ပုံ

အိုးထဲမှာ ရေနွေးဆူတာနဲ့ တုံယမ်းအနှစ်တွေကို ထည့်ပါ။
အနှစ်ပမာဏကို ကိုယ်လိုတဲ့ပမာဏလောက် နှုန်းထားကို လိုက်ပြီး ထည့်ပေးလို့ရပါတယ်။
ပြီးတဲ့အခါ စပါးလင် ကို အရင်ထည့်ပြီး ၊ ပုဇွန်ကို လိုက်ထည့်ပေးပါ။
ဟင်းအိုးဆူအောင် ထားပြီး ဆူလာတဲ့အခါမှ မှိုထည့်ပါ။
ဟင်းအိုးကို ဆူဆူလေး ခဏအကြာထားပြီးမှ လှီးထားတဲ့ ခရမ်းချဉ်သီးတွေကို ထပ်ထည့်ပေးပါ။
ထပ်ပြီး ဆူအောင်ဆက်ထားပြီး ဆူလာတဲ့အခါမှ ငံပြာရည်၊ သံပုရာရည်တို့ကို ထပ်ထည့်ပြီး ရှောက်ရွက်နဲ့ နံနံပင်တို့နဲ့ အုပ်ပေးလိုက်ပါ။
အပေါ့အငန်မြည်းပြီး မိသားစုထမင်းဝိုင်းထဲမှာ မြိန်ရည်ယှက်ရည် စားသုံးနိုင်ပါပြီ။ လတ်ဆတ်တဲ့ ပင်လယ်စာတွေ၊ အသီးအရွက်တွေနဲ့ မိသားစုကျန်းမာရေးအတွက်လည်း အာဟာရဖြစ်စေတဲ့ ဟင်းတစ်မျိုးဖြစ်ပါတယ်နော်။


Ref;FOODIE

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.