ပုဇြန္တန္ပူရာေၾကာ္ ျပဳလုပ္နည္း

ပူပူၾကြပ္ၾကြပ္ ပုစြန္တန္ပူရာေၾကာ္ေလးကို အဝဆြဲဖို႔ ပုဇြန္တန္ပူရာေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလုိက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ပုဇြန္
၂။ ဆား
၃။ အရသာမႈန႔္
၄။ င႐ုတ္ေကာင္းမႈန႔္
၅။ င႐ုတ္သီးအစိမ္းမႈန႔္

ျပဳလုပ္နည္း
၁။ ပုဇြန္အခြံ႕ခြာၿပီး ဆား၊ အရသာမႈန႔္ ၊ င႐ုတ္ေကာင္းမႈန႔္ ၊ င႐ုတ္သီးအစိမ္းမႈန႔္ ထည့္နယ္ကာ ၁၀မိနစ္ ႏွပ္ထားေပးပါ။

၂။ ပန္းကန္ထဲကို ၾကက္ဥ ၁ လုံး ေခါက္ထည့္ၿပီး တန္ပူရာမႈန႔္ ထမင္းစားဇြန္း ၁ ဇြန္းခန႔္ထည့္ပါ။

၃။ အမႈန႔္ေက်ေအာင္ ေမႊလိုက္ေပးပါ။ ႏွပ္ထားတဲ့ပုဇြန္ကို ၾကက္ဥထဲ ႏွစ္လိုက္ၿပီးတန္ပူရာမႈန႔္ပန္းကန္ထဲ ပုဇြန္ႏွပ္ထားတာကိုထည့္ၿပီးလွိမ့္ေပးပါ။

၄။ ဆီဆူၿပီဆို လွိမ့္ထားၿပီးသားပုဇြန္ကိုႏွစ္ၿပီး ေၾကာ္ပါ။ မီးျပင္းဖို႔မလိုပါ။ ၂ဖက္အားညီတူညီမွ်လွန္ေပးပီး ေၾကာ္ေပးပါ။

၅။ နီရဲၿပီး ႂကြပ္႐ြလာမွ ဆီထဲမွဆယ္ယူပီးဆီစစ္ထားပီးေပးပါ။ ၿပီးေနာက္ အရသာရွိတဲ့ ပုဇြန္တန္ပူရာေၾကာ္ေလးကို သုံးေဆာင္ႏိုင္ပါၿပီ။

[ Unicode ]

ပူပူကြွပ်ကြွပ် ပုစွန်တန်ပူရာကြော်လေးကို အဝဆွဲဖို့ ပုဇွန်တန်ပူရာကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်
၂။ ဆား
၃။ အရသာမှုန့်
၄။ ငရုတ်ကောင်းမှုန့်
၅။ ငရုတ်သီးအစိမ်းမှုန့်

ပြုလုပ်နည်း
၁။ ပုဇွန်အခွံ့ခွာပြီး ဆား၊ အရသာမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် ထည့်နယ်ကာ ၁၀မိနစ် နှပ်ထားပေးပါ။

၂။ ပန်းကန်ထဲကို ကြက်ဥ ၁ လုံး ခေါက်ထည့်ပြီး တန်ပူရာမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ပါ။

၃။ အမှုန့်ကျေအောင် မွှေလိုက်ပေးပါ။ နှပ်ထားတဲ့ပုဇွန်ကို ကြက်ဥထဲ နှစ်လိုက်ပြီးတန်ပူရာမှုန့်ပန်းကန်ထဲ ပုဇွန်နှပ်ထားတာကိုထည့်ပြီးလှိမ့်ပေးပါ။

၄။ ဆီဆူပြီဆို လှိမ့်ထားပြီးသားပုဇွန်ကိုနှစ်ပြီး ကြော်ပါ။ မီးပြင်းဖို့မလိုပါ။ ၂ဖက်အားညီတူညီမျှလှန်ပေးပီး ကြော်ပေးပါ။

၅။ နီရဲပြီး ကြွပ်ရွလာမှ ဆီထဲမှဆယ်ယူပီးဆီစစ်ထားပီးပေးပါ။ ပြီးနောက် အရသာရှိတဲ့ ပုဇွန်တန်ပူရာကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

Ref; asianfood

 

297 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.