လက္ရွိခ်စ္သူနဲ႔ ေရစက္ပါ၊ မပါ သိႏိုင္တဲ့ အခ်က္ (၄) ခ်က္

ေရစက္သာပါလာရင္ ႀကံဖန္ၿပီးဆုံရသလိုပဲ။ ေရစက္မပါရင္ ႀကံဖန္ၿပီးလြဲတယ္ဆိုတဲ့စကားေလး ၾကားဖူးၾကမွာပါ။

၁။ ပထမဆုံးဆုံတဲ့အခါ ရင္းႏွီးေနတဲ့ ခံစားခ်က္မ်ိဳး
သူနဲ႔ပထမဆုံးစေတြ႕တဲ့အခ်ိန္မွာ အရင္ထဲကေတြ႕ခဲ့ဖူးသလို၊ တစ္ေနရာမွာျမင္ဖူးခဲ့သလို စိတ္ထဲမွာရင္းႏွီးေနတဲ့ခံစားခ်က္မ်ိဳးရလိုက္တာပါ။ ျမင္ျမင္ခ်င္းခ်စ္မိတာမ်ိဳးမဟုတ္ရင္ေတာင္ ခဏေလးအတြင္းမွာ အႏွစ္ႏွစ္အလလကခင္မင္ခဲ့ဖူးသလိုမ်ိဳး သံေယာဇဥ္တြယ္ၿပီး ခ်စ္မိသြားတာမ်ိဳးပါ။ တကယ္ေရွးေရစက္သာဆိုရင္ စိတ္ခ်ပါ။ သင့္အခ်စ္ကတစ္ဖက္သက္လုံး၀ မဟုတ္ပါဘူး၊ သူဘက္ကလည္း သင့္လိုတစ္ထပ္တည္းခံစားရမွာပါ။

၂။ အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ သူနဲ႔ဆုံေတြ႕ရတာမ်ိဳး
အစမွာေျပာခဲ့သလိုပါပဲ ေရစက္ပါလာရင္ ေရွာင္လြဲလို႔မရပါဘူး။ ႀကံဖန္ၿပီးကိုဆုံရမွာပါ။ ပထမဆုံးေတြ႕႐ုံနဲ႔ ရင္းႏွီးတဲ့ခံစားခ်က္မ်ိဳးထက္ သူက ကိုယ့္ေရွ႕ကိုအေၾကာင္းအရင္းမတိုက္ဆိုင္ ပါပဲ ခဏ ခဏေရာက္လာတာမ်ိဳးပါ။ မ်က္လုံးခ်င္းဆုံေတြ႕တဲ့အခါမ်ိဳးမွာလည္း စကားသာမေျပာဖူး ရင္မေျပာဖူးမယ္ တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးၿပီးသားျဖစ္ေနပါၿပီ။

၃။ Telepathy လို႔ေခၚတဲ့ စိတ္ခ်င္းဆက္ႏြယ္ေနမႈမ်ိဳး
ဒီအဆင့္ကေတာ့ ခ်စ္သူေတြျဖစ္ၿပီးမွႀကဳံေတြ႕ရတဲ့အဆင့္ပါ။ မက္ေဆ့ပို႔ေနရင္း တူညီတဲ့စာ ေၾကာင္းေလးေတြပို႔မိတာမ်ိဳး၊ ကိုယ္ကသူ႔ကိုဖုန္းဆက္ဖို႔ဖုန္းဖြင့္လိုက္တဲ့အခ်ိန္ သူ႔ဆီကဖုန္းလာတာ မ်ိဳး၊ ကိုယ္စားခ်င္တဲ့အစားအေသာက္ေလးေတြဆို မေတာင္းဆိုပါပဲ သူကဝယ္လာေပးတာမ်ိဳး ႀကဳံရမွာပါ။ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ဒါဟာသူနဲ႔ကိုယ့္ၾကားက ရွင္းျပဖို႔ခက္တဲ့ စိတ္ခ်င္းဆက္ ႏြယ္ေနမႈမ်ိဳးပါ။

၄။ စိတ္ေနသေဘာထားခ်င္း တူေနတာမ်ိဳး
အေၾကာင္းအရာတစ္ခုကို ေဝဖန္တဲ့အခါမ်ိဳး၊ အမွားအမွန္ခြဲျခားတဲ့အခါမ်ိဳးေတြမွာေတာင္ သူနဲ႔ကိုယ္က မတိုင္ပင္ထားပါပဲ အျမင္သေဘာထားတူညီေနတာမ်ိဳးပါ။ အျမင္တစ္ဖက္တည္းမွာ ရွိေနတာမ်ိဳးပါ။

[ Unicode ]

ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ။ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။

၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး
သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ။ သင့်အချစ်ကတစ်ဖက်သက်လုံး၀ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။

၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး
အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ ခဏ ခဏရောက်လာတာမျိုးပါ။ မျက်လုံးချင်းဆုံတွေ့တဲ့အခါမျိုးမှာလည်း စကားသာမပြောဖူး ရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပြီးသားဖြစ်နေပါပြီ။

၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး
ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီးမှကြုံတွေ့ရတဲ့အဆင့်ပါ။ မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့မိတာမျိုး၊ ကိုယ်ကသူ့ကိုဖုန်းဆက်ဖို့ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီကဖုန်းလာတာ မျိုး၊ ကိုယ်စားချင်တဲ့အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ်လာပေးတာမျိုး ကြုံရမှာပါ။ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒါဟာသူနဲ့ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုးပါ။

၄။ စိတ်နေသဘောထားချင်း တူနေတာမျိုး
အကြောင်းအရာတစ်ခုကို ဝေဖန်တဲ့အခါမျိုး၊ အမှားအမှန်ခွဲခြားတဲ့အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင်ထားပါပဲ အမြင်သဘောထားတူညီနေတာမျိုးပါ။ အမြင်တစ်ဖက်တည်းမှာ ရှိနေတာမျိုးပါ။

Ref; rsgoals

 

552 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.