ေခြၽးေပါက္က်ဥ္းေစဖို႔ အလြယ္ဆုံးနည္း

ေခြၽးေပါက္က်ယ္လို႔ စိတ္ညစ္ေနပါသလား။ လုံးဝမညစ္ပါနဲ႔။ အခုေျပာမယ့္နည္းက ေခြၽးေပါက္က်ယ္သူေတြကို အေကာင္းဆုံး ျပဳျပင္ေပးမယ့္နည္းတခု ျဖစ္လို႔ပါ။ ၾကက္ဥအကာကို သုံး႐ုံပါပဲ။ ေျပာစရာတခုရွိတာက နည္းနည္းလက္ဝင္တာပါ။ ၾကက္ဥအကာကို ခရင္မ္ပုံစံျဖစ္တဲ့အထိ အဆက္မျပတ္ေတာ့ ေခါက္ေပးရပါတယ္။

လိုအပ္တဲ့ပစၥည္းေတြက
ၾကက္ဥအကာ – (၁) လုံး
သၾကား – ထမင္းစားဇြန္း (၁) ဇြန္း ျဖစ္ပါတယ္။

၁။ လတ္လတ္ဆတ္ဆတ္ ၾကက္ဥတလုံးကို ေဖာက္ၿပီး အကာကို ပန္းကန္လုံးတခုထဲထည့္ပါ။ အဝါႏွစ္ လုံးဝမပါေစရ။(အဝါႏွစ္ပါရင္ ဆက္ လုပ္လို႔မရေတာ့ပါဘူး)

၂။ ပန္းကန္ထဲကို သၾကား ထမင္းစားဇြန္း (၁)ဇြန္း ထပ္ထည့္ပါ။ ၾကက္ဥအကာနဲ႔ သၾကားကို ေရာေမႊၿပီး ခေလာက္ပါ။

၃။ ေမႊတဲ့အခါ ခေလာက္တံတခုခုသုံးရပါမယ္။ ၾကက္ဥအကာကို အရည္ကေန ခရင္မ္ပုံစံျဖစ္တဲ့အထိ စိတ္ရွည္လက္ရွည္ ေခါက္ရမယ္။လုပ္တဲ့အခါ ၾကက္ဥအကာထဲ သၾကားမထည့္လဲရပါတယ္။
ဒါေပမဲ့ သၾကားထည့္ေပးတာက ေခါက္ရလြယ္ကူသလို အရည္လည္း ပိုပ်စ္လြယ္ပါတယ္။

၄။ ေခါက္ခါစမွာ အျမႇဳပ္ထလာလိမ့္မယ္။ မရပ္ပါနဲ႔။ ဆက္ေခါက္ပါ။ အျမႇဳပ္ကေန ခရင္မ္ပုံစံရာက္တဲ့အထိ အဆက္မျပတ္ေခါက္ရမွာ ျဖစ္တယ္။ ပုံမွန္အားျဖင့္ ငါးမိနစ္ခန႔္ ေခါက္ရတယ္။

၅။ ရလာတဲ့ ခရင္မ္ပုံစံ(ၾကက္ဥအကာ)ကို မ်က္ႏွာေပၚ လိမ္းၿပီး ၁၅ မိနစ္ခန႔္ ထားပါ။ ၿပီးရင္ ေရနဲ႔ မ်က္ႏွာျပန္သစ္ပါ။ ဒီေခြၽးေပါက္က်ဥ္းတဲ့နည္းကို ညအိပ္ခါနီးတိုင္း ျပဳလုပ္သင့္ပါတယ္။ ေန႔စဥ္ျပဳလုပ္ေပး႐ုံနဲ႔ တပတ္အတြင္း ေခြၽးေပါက္က်ယ္ျခင္းကို သိသိသာသာ သက္သာေစမွာ ပါေနာ္။

[ Unicode ]

ချွေးပေါက်ကျယ်လို့ စိတ်ညစ်နေပါသလား။ လုံးဝမညစ်ပါနဲ့။ အခုပြောမယ့်နည်းက ချွေးပေါက်ကျယ်သူတွေကို အကောင်းဆုံး ပြုပြင်ပေးမယ့်နည်းတခု ဖြစ်လို့ပါ။ ကြက်ဥအကာကို သုံးရုံပါပဲ။ ပြောစရာတခုရှိတာက နည်းနည်းလက်ဝင်တာပါ။ ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အဆက်မပြတ်တော့ ခေါက်ပေးရပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေက
ကြက်ဥအကာ – (၁) လုံး
သကြား – ထမင်းစားဇွန်း (၁) ဇွန်း ဖြစ်ပါတယ်။

၁။ လတ်လတ်ဆတ်ဆတ် ကြက်ဥတလုံးကို ဖောက်ပြီး အကာကို ပန်းကန်လုံးတခုထဲထည့်ပါ။ အဝါနှစ် လုံးဝမပါစေရ။(အဝါနှစ်ပါရင် ဆက် လုပ်လို့မရတော့ပါဘူး)

၂။ ပန်းကန်ထဲကို သကြား ထမင်းစားဇွန်း (၁)ဇွန်း ထပ်ထည့်ပါ။ ကြက်ဥအကာနဲ့ သကြားကို ရောမွှေပြီး ခလောက်ပါ။

၃။ မွှေတဲ့အခါ ခလောက်တံတခုခုသုံးရပါမယ်။ ကြက်ဥအကာကို အရည်ကနေ ခရင်မ်ပုံစံဖြစ်တဲ့အထိ စိတ်ရှည်လက်ရှည် ခေါက်ရမယ်။လုပ်တဲ့အခါ ကြက်ဥအကာထဲ သကြားမထည့်လဲရပါတယ်။
ဒါပေမဲ့ သကြားထည့်ပေးတာက ခေါက်ရလွယ်ကူသလို အရည်လည်း ပိုပျစ်လွယ်ပါတယ်။

၄။ ခေါက်ခါစမှာ အမြှုပ်ထလာလိမ့်မယ်။ မရပ်ပါနဲ့။ ဆက်ခေါက်ပါ။ အမြှုပ်ကနေ ခရင်မ်ပုံစံရာက်တဲ့အထိ အဆက်မပြတ်ခေါက်ရမှာ ဖြစ်တယ်။ ပုံမှန်အားဖြင့် ငါးမိနစ်ခန့် ခေါက်ရတယ်။

၅။ ရလာတဲ့ ခရင်မ်ပုံစံ(ကြက်ဥအကာ)ကို မျက်နှာပေါ် လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာပြန်သစ်ပါ။ ဒီချွေးပေါက်ကျဉ်းတဲ့နည်းကို ညအိပ်ခါနီးတိုင်း ပြုလုပ်သင့်ပါတယ်။ နေ့စဉ်ပြုလုပ်ပေးရုံနဲ့ တပတ်အတွင်း ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာ သက်သာစေမှာ ပါနော်။

Ref; beautytips

 

286 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.