ချစ်သူကောင်လေး ရင်ခုန်သံမြန်စေမဲ့ အမှတ်တမဲ့နည်းလမ်းများ
[ Unicode ]
ကိုယ့်ဘက်က စနစ်တကျလုပ်ဆောင်လိုက်တာမျိုး မဟုတ်ပဲ အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်ပြုမူပုံလေးတွေက ကိုယ့်ကောင်လေးကို ဆွဲဆောင်လိုက်နိုင်တာမျိုးပေါ့။ အဲ့ဒီလို sexy ကျတဲ့ လုပ်ရပ်လေးတွေကတော့…
၁။ အားလပ်ရက် အတူရှိနေချိန်၊ အပန်းဖြေခရီးအတူသွားချိန်မှာ အဖြူရောင်ရှပ်အကျီ ပွပွကြီး ဝတ်နေတာမျိုး
– ကပိုကရိုအလှက တခါတလေ သူတို့ကို ဆွဲဆောင်မှုပိုစေပါတယ်လို့ အမျိုးသားတွေက ဖွင့်ဟကြပါတယ်။
၂။ သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တာမျိုး
– သင့်ဆီကရတဲ့ ရနံ့လေးတွေကြောင့်သာမက၊ တင်းကျပ်လွန်းတဲ့ ပွေ့ဖက်မှုကြောင့် သူဘယ်လောက် ရင်ခုန်သွားလိမ့်မလဲ။
၃။ ဘာရယ်မလုပ် သူ့ပေါင်ကို လက်ကလေးနဲ့ ကစားမိလိုက်တာမျိုး
တစ်ဖက်က ဖုန်းကိုဖွင့်ပြီး ကလိနေတယ်ဆိုရင်တောင် ကျန်တစ်ဖက်က သူ့ကိုမကြည့်ပဲ သူ့ပေါင်ကို မထိတထိကစားလိုက်တာမျိုးကလည်း အမျိုးသားတွေအတွက် ရင်ခုန်စရာတစ်မျိုးပါတဲ့။
၄။ ချစ်သူရှေ့မှာ အပျင်းကြောဆန့်လိုက်တာမျိုး
ရင်ကိုကော့၊ လက်ကိုတန်းပြီး အပျင်းကြောဆန့်လိုက်တာမျိုးဟာ သင့်ချစ်သူကို သင့်ကောက်ကြောင်းအလှကို မြင်ရစေတာမို့ ရင်ခုန်ဖွယ်အခိုက်အတန့်လေးပါပဲ။
၅။ သင့်ရဲ့အောက်နှုတ်ခမ်းကို ဖိကိုက်တာမျိုး
ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသားတွေ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြတဲ့ အရာထဲမှာ ခုလို သူတို့ချစ်သူကောင်မလေးတွေ သူတို့ကို ကြည့်ပြီး အောက်နှုတ်ခမ်းကိုက်ပြတာမျိုးဟာ ဆက်စီဖြစ်ပါသတဲ့။
Ref; rsgoals
176 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.