သူက သင့္ကို တကယ္ခ်စ္တယ္ဆိုတာသိႏိုင္တဲ့ အခ်က္မ်ား

၁) အရွိအတိုင္းလက္ခံတတ္လာပါတယ္
တခ်ိဳ႕စုံတြဲေတြျမင္ဖူးမွာပါ။ တစ္ေယာက္ ႐ုပ္ဆိုးေပမယ့္ တစ္ေယာက္က ေခ်ာေမာလွပေနတာမ်ိဳး၊ တခ်ိဳ႕က်ျပန္ေတာ့ ဝတုတ္ေနေပမယ့္ တစ္ေယာက္က slim body ေလးျဖစ္ေနတာမ်ိဳး၊ တစ္ေယာက္က အသားမည္းေနေပမယ့္ တစ္ေယာက္က အသားျဖဴေဖြးဆြတ္ေနတာမ်ိဳးေတြေပါ့။ တကယ္ေတာ့ လူတစ္ေယာက္ကို တကယ္ခ်စ္သြားတဲ့အခါ ကိုယ္ခ်စ္တဲ့သူက ဘယ္လိုပဲျဖစ္ေနပါေစ၊ လက္ခံႏိုင္သြားပါတယ္။

၂) နားလည္ေပးႏိုင္လာပါတယ္
သူ႔ကိုခ်စ္ေနတဲ့အတြက္ေၾကာင့္ သူ႔ရဲ႕ပတ္ဝန္းက်င္၊ မိဘအသိုင္းအဝန္းကို နားလည္လက္ခံဖို႔ ႀကိဳးစားလာတာမ်ိဳးပါ။
ဥပမာ ။ ကိုယ္က အရမ္းအလုပ္မ်ားေနလို႔ အလုပ္တစ္ခ်ိဳ႕ကူညီခိုင္းတာေလာက္ကို မိန္းမအလုပ္၊ ေယာက်ာ္းအလုပ္ရယ္လို႔ အကန႔္ေတြမခြဲျခားဘဲ ကူညီရမွန္း နားလည္ေပးတာမ်ိဳး၊ သင္ဟင္းမခ်က္တတ္လို႔၊ အိမ္မႈကိစၥမႏိုင္နင္းလို႔ သင့္ကိုအျပစ္တင္ၿပီး လက္တြဲျဖဳတ္မယ့္သူမ်ိဳးမဟုတ္ဘဲ သင့္ကိုဟင္းခ်က္နည္းသင္ေပးဖို႔ ႀကိဳးစားမယ့္သူ၊ သင္နဲ႔အတူအိမ္မႈကိစၥေတြအတူလုပ္ေပးႏိုင္ဖို႔ ႀကိဳးစားမယ့္သူမ်ိဳးပါ။

၃) မျပည့္စုံျခင္းကို အတူလက္တြဲေျဖရွင္းလာႏိုင္ပါတယ္
တကယ္ခ်စ္တဲ့သူက မျပည့္စုံျခင္းကို အျပစ္လိုမျမင္ဘဲ ျပည့္စုံေအာင္ အတူႀကိဳးစားၾကမယ္လို႔ ေတြးတတ္တာမ်ိဳးပါ။ သင့္စီးပြားေရးေတြဘယ္ေလာက္ ခြၽတ္ၿခဳံက်သြားပါေစ သင့္ကိုလက္တြဲမျဖဳတ္ပါဘူး။ ဒါေပမယ့္ ျပန္လည္ႀကိဳးစားခ်င္စိတ္ေတာ့ရွိဖို႔လိုတာေပါ့။ အဲလိုမွမဟုတ္ဘဲ…..တူႏွစ္ကိုယ္တဲအိုပ်က္မွာေနရေနရ….ဆိုၿပီး တစ္သက္လုံးေတာ့ ဘယ္သူမွ တဲအိုပ်က္မွာမေနႏိုင္ပါဘူးေနာ္။ တူႏွစ္ကိုယ္တဲအိုပ်က္ကေန…..တိုက္ေပၚေရာက္ေအာင္ အတူႀကိဳးစားခ်င္စိတ္ရွိတဲ့သူမ်ိဳးပါ။

၄) သစၥာေစာင့္သိမႈရွိပါတယ္။
လူဆိုတာမ်ိဳးက အသစ္အဆန္းဆို မက္ေမာလိုခ်င္စိတ္ရွိၾကပါတယ္။ ဒါေပမယ့္ သင့္ကိုတကယ္ခ်စ္တဲ့လူကေတာ့ သင္ဘယ္လိုပဲ ႐ုပ္ဆိုးသြားပါေစ….သင့္ကို လက္တြဲႏိုင္မွာပါ။ အသစ္ေတြ႕လို႔ အေဟာင္းေမ့တာမ်ိဳး မျဖစ္ႏိုင္ဘဲ သင့္အေပၚမွာ သစၥာေစာင့္သိရမယ္ဆိုတာကို တံတိုင္းႀကီးတစ္ခုလို ကာရံထားၿပီး သစၥာေစာင့္သိပါလိမ့္မယ္။

၅) အက်င့္ဆိုးေတြကို ျပဳျပင္စိတ္ျဖစ္လာပါတယ္
သင့္ကိုတကယ္ခ်စ္တဲ့လူကေတာ့ သင္က ျပဳျပင္ခိုင္းတာမ်ိဳးမလုပ္ရင္ေတာင္ သူအရမ္းႀကိဳက္လွပါခ်ည္ရဲ႕၊ ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့ အက်င့္ဆိုးမ်ိဳးကို တေျဖးေျဖးခ်င္း ျပဳျပင္လာတတ္ပါတယ္။ ဒါေပမယ့္ ထိုလူမ်ိဳးက တစ္ရာမွာတစ္ေယာက္ေတာ့ အင္မတန္ကိုရွားပါတယ္ေနာ္။ (မိန္းကေလးအမ်ားစုက ကိုယ့္ခ်စ္သူကို အခ်ိန္တန္အက်င့္ဆိုးေတြ ျပဳျပင္ယူလို႔ရမယ္လို႔ ထင္ေနတတ္ၾကပါတယ္။ တကယ္ေတာ့ လူတစ္ေယာက္ရဲ႕အက်င့္ကို သင္ျပဳျပင္ခိုင္းလို႔မရပါဘူး။ သူကိုယ္တိုင္ကသာ သင့္ကိုတကယ္ခ်စ္တဲ့အခါ သူ႔ဟာသူတေျဖးေျဖးျပဳျပင္လာတာမ်ိဳးပါေနာ္) အဲဒါေၾကာင့္ ခ်စ္သူျဖစ္ၿပီးမွ၊ ဒါမွမဟုတ္ လက္ထပ္ယူၿပီးမွ ျပဳျပင္ယူမယ္လို႔မ်ား ေယာင္လို႔ေတာင္မေတြးမိပါေစနဲ႔။ ျပဳျပင္လို႔ရမယ့္ ရာခိုင္ႏႈန္းကို အာမမခံႏိုင္ပါဘူး။ ဒါေပမယ့္ သူကသာ သင့္ကိုတကယ္ခ်စ္ရင္ေတာ့ သင္မေျပာလဲ သူ႔ဟာသူကိုျပဳျပင္လာတာမ်ိဳးပါ။

၆) အတၱကိုအတတ္ႏိုင္ဆုံးေလွ်ာ့တတ္လာပါတယ္
သင့္ကိုတကယ္ခ်စ္တဲ့သူကေတာ့ သူ႔မွာရွိၿပီးသား အတၱစိတ္ေတြကိုသာ သင့္အတြက္နဲ႔ ေျဖးေျဖးခ်င္းေလွ်ာ့လာမွာပါ။ တခုခုဆို သင့္အတြက္အရင္ဆုံးသတိရတတ္တာမ်ိဳးပါ။ ဥပမာ။ မုန႔္စားေနရင္းနဲ႔ေတာင္ သင့္အႀကိဳက္ဝယ္လာတာမ်ိဳး၊ ေဈးသြားရင္ေတာင္ သင္ႀကိဳက္တာမွေ႐ြးဝယ္ျဖစ္တာမ်ိဳးေတြေပါ့။

[ Unicode ]

၁) အရှိအတိုင်းလက်ခံတတ်လာပါတယ်
တချို့စုံတွဲတွေမြင်ဖူးမှာပါ။ တစ်ယောက် ရုပ်ဆိုးပေမယ့် တစ်ယောက်က ချောမောလှပနေတာမျိုး၊ တချို့ကျပြန်တော့ ဝတုတ်နေပေမယ့် တစ်ယောက်က slim body လေးဖြစ်နေတာမျိုး၊ တစ်ယောက်က အသားမည်းနေပေမယ့် တစ်ယောက်က အသားဖြူဖွေးဆွတ်နေတာမျိုးတွေပေါ့။ တကယ်တော့ လူတစ်ယောက်ကို တကယ်ချစ်သွားတဲ့အခါ ကိုယ်ချစ်တဲ့သူက ဘယ်လိုပဲဖြစ်နေပါစေ၊ လက်ခံနိုင်သွားပါတယ်။

၂) နားလည်ပေးနိုင်လာပါတယ်
သူ့ကိုချစ်နေတဲ့အတွက်ကြောင့် သူ့ရဲ့ပတ်ဝန်းကျင်၊ မိဘအသိုင်းအဝန်းကို နားလည်လက်ခံဖို့ ကြိုးစားလာတာမျိုးပါ။
ဥပမာ ။ ကိုယ်က အရမ်းအလုပ်များနေလို့ အလုပ်တစ်ချို့ကူညီခိုင်းတာလောက်ကို မိန်းမအလုပ်၊ ယောကျာ်းအလုပ်ရယ်လို့ အကန့်တွေမခွဲခြားဘဲ ကူညီရမှန်း နားလည်ပေးတာမျိုး၊ သင်ဟင်းမချက်တတ်လို့၊ အိမ်မှုကိစ္စမနိုင်နင်းလို့ သင့်ကိုအပြစ်တင်ပြီး လက်တွဲဖြုတ်မယ့်သူမျိုးမဟုတ်ဘဲ သင့်ကိုဟင်းချက်နည်းသင်ပေးဖို့ ကြိုးစားမယ့်သူ၊ သင်နဲ့အတူအိမ်မှုကိစ္စတွေအတူလုပ်ပေးနိုင်ဖို့ ကြိုးစားမယ့်သူမျိုးပါ။

၃) မပြည့်စုံခြင်းကို အတူလက်တွဲဖြေရှင်းလာနိုင်ပါတယ်
တကယ်ချစ်တဲ့သူက မပြည့်စုံခြင်းကို အပြစ်လိုမမြင်ဘဲ ပြည့်စုံအောင် အတူကြိုးစားကြမယ်လို့ တွေးတတ်တာမျိုးပါ။ သင့်စီးပွားရေးတွေဘယ်လောက် ချွတ်ခြုံကျသွားပါစေ သင့်ကိုလက်တွဲမဖြုတ်ပါဘူး။ ဒါပေမယ့် ပြန်လည်ကြိုးစားချင်စိတ်တော့ရှိဖို့လိုတာပေါ့။ အဲလိုမှမဟုတ်ဘဲ…..တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ….ဆိုပြီး တစ်သက်လုံးတော့ ဘယ်သူမှ တဲအိုပျက်မှာမနေနိုင်ပါဘူးနော်။ တူနှစ်ကိုယ်တဲအိုပျက်ကနေ…..တိုက်ပေါ်ရောက်အောင် အတူကြိုးစားချင်စိတ်ရှိတဲ့သူမျိုးပါ။

၄) သစ္စာစောင့်သိမှုရှိပါတယ်။
လူဆိုတာမျိုးက အသစ်အဆန်းဆို မက်မောလိုချင်စိတ်ရှိကြပါတယ်။ ဒါပေမယ့် သင့်ကိုတကယ်ချစ်တဲ့လူကတော့ သင်ဘယ်လိုပဲ ရုပ်ဆိုးသွားပါစေ….သင့်ကို လက်တွဲနိုင်မှာပါ။ အသစ်တွေ့လို့ အဟောင်းမေ့တာမျိုး မဖြစ်နိုင်ဘဲ သင့်အပေါ်မှာ သစ္စာစောင့်သိရမယ်ဆိုတာကို တံတိုင်းကြီးတစ်ခုလို ကာရံထားပြီး သစ္စာစောင့်သိပါလိမ့်မယ်။

၅) အကျင့်ဆိုးတွေကို ပြုပြင်စိတ်ဖြစ်လာပါတယ်
သင့်ကိုတကယ်ချစ်တဲ့လူကတော့ သင်က ပြုပြင်ခိုင်းတာမျိုးမလုပ်ရင်တောင် သူအရမ်းကြိုက်လှပါချည်ရဲ့၊ ချစ်လှပါချည်ရဲ့ဆိုတဲ့ အကျင့်ဆိုးမျိုးကို တဖြေးဖြေးချင်း ပြုပြင်လာတတ်ပါတယ်။ ဒါပေမယ့် ထိုလူမျိုးက တစ်ရာမှာတစ်ယောက်တော့ အင်မတန်ကိုရှားပါတယ်နော်။ (မိန်းကလေးအများစုက ကိုယ့်ချစ်သူကို အချိန်တန်အကျင့်ဆိုးတွေ ပြုပြင်ယူလို့ရမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့အကျင့်ကို သင်ပြုပြင်ခိုင်းလို့မရပါဘူး။ သူကိုယ်တိုင်ကသာ သင့်ကိုတကယ်ချစ်တဲ့အခါ သူ့ဟာသူတဖြေးဖြေးပြုပြင်လာတာမျိုးပါနော်) အဲဒါကြောင့် ချစ်သူဖြစ်ပြီးမှ၊ ဒါမှမဟုတ် လက်ထပ်ယူပြီးမှ ပြုပြင်ယူမယ်လို့များ ယောင်လို့တောင်မတွေးမိပါစေနဲ့။ ပြုပြင်လို့ရမယ့် ရာခိုင်နှုန်းကို အာမမခံနိုင်ပါဘူး။ ဒါပေမယ့် သူကသာ သင့်ကိုတကယ်ချစ်ရင်တော့ သင်မပြောလဲ သူ့ဟာသူကိုပြုပြင်လာတာမျိုးပါ။

၆) အတ္တကိုအတတ်နိုင်ဆုံးလျှော့တတ်လာပါတယ်
သင့်ကိုတကယ်ချစ်တဲ့သူကတော့ သူ့မှာရှိပြီးသား အတ္တစိတ်တွေကိုသာ သင့်အတွက်နဲ့ ဖြေးဖြေးချင်းလျှော့လာမှာပါ။ တခုခုဆို သင့်အတွက်အရင်ဆုံးသတိရတတ်တာမျိုးပါ။ ဥပမာ။ မုန့်စားနေရင်းနဲ့တောင် သင့်အကြိုက်ဝယ်လာတာမျိုး၊ ဈေးသွားရင်တောင် သင်ကြိုက်တာမှရွေးဝယ်ဖြစ်တာမျိုးတွေပေါ့။

Ref; rsgoals

 

588 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.