ပါဝင်သောပစ္စည်းများ
၁။ ကြက်သား ၂၅ကျပ်သား
၂။ ငါးဖယ် ၅ကျပ်သား
၃။ အာလူး(ကြီး) ၃လုံး
၎။ ငုံးဥ ၆လုံး
၅။ ကြက်ဥ ၁လုံး
၈။ ကြက်ဥ ၁လုံး
၉။ ကြက်သွန်ဖြူ ၆မွှာ
၁၀။ ဂျင်း လက်၁ဆစ်
၁၁။ ဆား အနည်းငယ်
၁၂။ သကြား
၁၃။ ငရုတ်ကောင်း
၁၄။ နှမ်းဆီမွှေး
ပြုလုပ်နည်း
[ Unicode ]
ပူအိအိလေးနဲ့ နူးညံ့ပြီး အရမ်းကောင်းတဲ့ ကြက်သားအာလူးငုံးဥလုံး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား ၂၅ကျပ်သား
၂။ ငါးဖယ် ၅ကျပ်သား
၃။ အာလူး(ကြီး) ၃လုံး
၄။ ငုံးဥ ၆လုံး
၅။ ကြက်ဥ ၁လုံး
၆။ ကော်မှုန့် ၅ကျပ်သားခန့်
၇။ ပေါင်မှုန့်ခြောက် လိုသလောက် (အကြမ်းပန်းကန်၅လုံး)
၈။ ကြက်ဥ ၁လုံး
၉။ ကြက်သွန်ဖြူ ၆မွှာ
၁၀။ ဂျင်း လက်၁ဆစ်
၁၁။ ဆား အနည်းငယ်
၁၂။ သကြား
၁၃။ ငရုတ်ကောင်း
၁၄။ နှမ်းဆီမွှေး
ပြုလုပ်နည်း
၁။ အာလူး၊ ကြက်ဥ၊ ငုံးဥ ကို ပြုတ်ပြီး ခွာထားပါ။
၂။ အာလူးကိုခြေပြီး ဆား ငရုတ်ကောင်းနဲ့ နယ်ပြီး အလုံးလေးများ လုံးထားပါ။
၃။ ကြက်သားကို နုတ်နုတ်စင်းထားပါ။
၄။ ငါးဖယ်ကို အရိုး ပါမပါစစ်၍ အနည်းငယ် ထောင်း၍ ကြက်သားနှင့် ရောမွှေကာ ကြက်
သွန်ဖြူ ဂျင်းထောင်းရည် ဆား သကြား ငရုတ်ကောင်း နှမ်းဆီမွှေး ထည့်ကာ သမအောင်နယ်ထားပြီး နှပ်ထားပါ။
၅။ ကြက်သားကို လက်ဖဝါးပေါ်တင် ပြားပြီး အာလူး /ကြက်ဥ/ငုံးဥ တို့ကို အလယ်မှာထည့်၍ လုံးပါ။
၆။ ပြီးရင် ကော်မှုန့်လူးပါ။ ခလောက်ထားသော ကြက်ဥထဲနှစ်ပြီး ပေါင်မုန့်ခြောက်
ကပ်၍ ဆီပူပူ မှာ ထည့်ကြော်ပါ။
၇။ ရွှေဝါရောင် သန်းလာလျှင်ဆယ်ပြီး ဆီစစ်ကာ ကြိုက်နှစ်သက်ရာ ဆောစ့် တစ်မျိုးမျိုးနြဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
360 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.