သင် သူ့ကို မချစ်တော့ဘူးဆိုတာ သိနိုင်တဲ့ အချက်များ



(၂) ရင်မခုန်တော့ဘူး




[ Unicode ]

ဒီအချက်တွေနဲ့တိုက်ဆိုင်နေရင် သင် သူ့ကိုမချစ်တော့ပါဘူး။ အဲ့လိုဆို ပြတ်ပြတ်သားသားစွန့်လွှတ်လိုက်ပြီး လမ်းအသစ်ကို ဆက်လျှောက်လိုက်ပါတော့နော်။

(၁) စိတ်အနှောင့်အယှက် ဖြစ်လာတယ်
သင့်ချစ်သူကတော့ ပုံမှန်ပဲ ၊ တီဗီကြည့်တယ် ၊ ဖုန်းသုံးတယ်။ အရင်ကတော့ အဲ့အရာတွေက အဆင်ပြေပေမယ့် နောက်ပိုင်းမှာ စိတ်အနှောင့်အယှက် တစ်ခုလိုမြင်လာတယ်။ ကိုယ့်ကိုကိုယ့်လည်းစိတ်တွေတိုလာတယ်။ ဘာအကြောင်းမှလည်းမရှိဘဲ သူ့ကို စိတ်အနှောင့်အယှက်တစ်ခုလိုမြင်လာတယ်။

(၂) ရင်မခုန်တော့ဘူး
သူ့နဲ့ တွေ့ရင် ပျင်းလာတယ်၊ အရင်လို ရင်မခုန်တော့ဘူး ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ချင်လာတယ် ဆိုရင်တော့ သင့်သူကို မချစ်တော့ပါဘူး။ သင်ရင်ခုန်သံတွေ မမြန်တော့ရင် သင့်သူကို မချစ်တော့လို့ပါပဲ။

(၃) တစ်ကိုယ့်ကောင်းဆန်လာတယ်
တစ်ယောက်နဲ့တစ်ယောက် အချစ်တွေကုန်ခမ်းလာကြပြီးဆိုရင် တစ်ကိုယ်ကောင်းဆန်လာတတ်ကြတယ်။ ကိုယ့်အတွက်ကိုပဲ စဉ်းစားတတ်လာတယ်။ သူအတွက်ကို မတွေးပေးတော့ဘဲ ကိုယ့်အတွက် ကိုတွေးနေရင် သင့်သူကို မချစ်တော့လို့ပါ။ ချစ်နေသေးရင် အနည်းဆုံးတော့ တစ်ကိုယ်ကောင်းမဆန်ကြပါဘူး။

(၄) သင်က သာတဲ့လူနဲ့ပို ထိုက်တန်တယ်လို့ တွေးမိလာတယ်
သူ့ကို မချစ်တော့ဘူးဆိုရင် “ငါက သူ့ထက်သာတဲ့လူနဲ့ ပိုထိုက်တန်တာပါ” ဆိုပြီး တွေးလာမယ်။ တစ်ချိန်ချိန်မှာ သူ့ထက်သာတဲ့လူနဲ့ တွေ့ခဲ့ရင် သူ့ကိုထားခဲ့မယ်ဆိုတဲ့ စိတ်က အချစ်စစ် ဟုတ်လို့လား။

(၅) လေးစားမှုတွေမရှိတော့ဘူး
Relationship မှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုမရှိကြတော့ရင် ၉၀%က ပြတ်ဖို့သေချာနေပါပြီး။ တစ်ယောက် အလုပ်အကိုင်၊ အယူအဆ၊ အတွေးအခေါ်၊ အကြံဉာဏ်တွေကို လေးစားမှုမရှိတော့ရင် သင် သူ့ကိုမချစ်တော့လို့ပါ။

Ref; rsgoals

 

9K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.