ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ ကိုယ့်ချစ်သူနဲ့ အပြင်သွားတဲ့အခါ ဘယ်လိုဝတ်စုံလေး ၀တ်ဆင်မယ်ဆိုပြီး တွေးနေကြပြီဆိုရင်တော့ မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းမယ့် ၀တ်စုံ၊ dress လေေးတွ ပြောပြပေးချင်ပါတယ်။ ကိုယ်က ယောင်္ကျားလေးပုံစံ တီရှပ်၊ ဂျင်းဘောင်းဘီ ၀တ်ဆင်နေကျဆိုရင်တောင် အဲ့ဒီနေ့မျိုးလေးမှာတော့ ထူးထူးခြားခြားဖြစ်သွားအောင် dress လေးတွေသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။
၁။ကိုယ့်ဖက်ရှင် အားလုံးကြားမှာ ထင်းကနဲဖြစ်နေအောင်၊ ကိုယ့်ချစ်သူရဲ့ အာရုံကိုဖမ်းစားထားနိုင်ဖို့ဆိုရင် အနီရောင်ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ အနီရောင် dress တွေထဲမှာ ကိုယ့်ကိုလုံခြုံမှုလည်း ပေးနိုင်မယ်၊ ချစ်စရာသွင်ပြင်လည်း ဖန်တီးပေးနိုင်မယ့် ဒီဇိုင်လေးပါ။
၂။မိန်းကလေးဆန်တဲ့ သွင်ပြင်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ floral ဒီဇိုင်းတွေကို ရွေးချယ်လိုက်ပါ။
၃။ကိုယ်က အတိုတွေ သိပ်မ၀တတ်တဲ့သူဆိုရင် ဂါဝန်အကားအတိုလေးတွေထက် ခုလို dress မျိုးလေးက အဆင်ပြေစေမှာပါ။ pencil စကတ်ဝတ်နေကျဆိုရင် ဒီလို ၀တ်စုံမျိုးလည်း ၀တ်ဖို့ သိပ်မခဲယဉ်းပါဘူးနော်။ လည်သာကို ရွေးချယ်ခြင်းဟာ တခြားနေ့တွေထက် ဒီနေ့ဟာ ထူးခြားတဲ့နေ့လေးဆိုတာ ပြသနေသလိုပါပဲ။
၎။Dress အရှည်တွေကို ဘုတ်ထ် (boot) တွေနဲ့ တွဲဝတ်ခြင်းဟာ ကိုယ့်ရဲ့ဖက်ရှင် တခြားလူတွေနဲ့ ကွဲပြားအောင် ကူညီပေးပါလိမ့်မယ်။ ဒီမှာ အတွေ့ရနည်းတဲ့ဖက်ရှင်ဆိုပေမယ့် မိန်းကလေးတွေနဲ့ လိုက်ဖက်လွန်းလှတာမို့ ၀တ်ဆင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
၅။ကာလာအတောက်တွေ၊ ကာလာအဆန်းတွေ ၀တ်ရတာ သဘောမကျရင် အနက်ရောင်ကိုသာ ရွေးချယ်လိုက်ပါ။ ဒီဇိုင်းကတော့ ကိုယ့်ကို ချစ်စရာကောင်းစေမယ့် ဒီဇိုင်းမျိုးလေးပေါ့။
၆။ကိုယ်ဝတ်နေကျတွေက ရော့ခ်အထာ ခပ်ကြမ်းကြမ်းလေးတွေ ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း dress နဲ့ ဂျက်ကတ်တစ်ခုခု တွဲဝတ်လိုက်ပါ။ ဒါဆို မိုက်လည်းမိုက် အထာလည်းကျပြီလေ။
၇။ချစ်သူများနေ့မှာ ရိုမန်တစ်ဆန်ဆန်၊ မိန်းကလေးပုံစံမျိုး ၀တ်ချင်တယ်ဆိုရင်တော့ ပန်းရောင်ကိုသာ ရွေးချယ်လိုက်ပါလို့။
Ref:luckymag.com