သွေးသားအရင်းချာလို့တောင်ထင်ရတဲ့ ဆယ်လီများ

ဒီနေ့မှာတော့ K-Drama ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တဲ့အခါ တကယ့် မောင်နှမအရင်း၊ညီအစ်မအရင်းတွေလိုမျိုး နွေးထွေးကြင်နာပြီး ၊သူတို့ရဲ့ မျက်နှာ၊အပြုံးတွေကလဲ တကယ်ကို သွေးသားရင်းချာလားလို့တောင် ထင်ပြီး မှားရက်စရာပါနော်။

1. Jisoo (BLACKPINK) & Son Ye Jin


BLACKPINK အဖွဲ့ဝင် Jisoo ကတော့ မင်းသမီး Son Ye Jin အတွက် အဖက်ဖက်က ပြီးပြည့်စုံတဲ့ ညီမလေးလို့ ပြောပါတယ်။
ဒီကြယ်နှစ်ပွင့်ကတော့ သူတို့ရဲ့ တူညီတဲ့အပြုံး၊ ရင့်ကျက်တည်ငြိမ်မှုတွေကြောင့် လူသိပိုများပါတယ်။

ဒါ့အပြင် Jisoo ကတော့ သူမငယ်စဉ်က သူမအဖေနှင့်အတူ ဂန္တဝင်တေးဂီတ တွေကို ကြည့်လေ့ရှိပြီး Son Ye Jin ကို အနှစ်သက်ဆုံးလို့လဲ အင်တာဗျူးတစ်ခုမှာဖြေဖူးပါတယ်။

2. D.O. (EXO) & Kim Tae Ri


EXO အဖွဲ့ဝင် မျက်နှာတည်လေးနဲ့ အနေအေးတဲ့ D.O ကတော့ မင်းသမီး Kim Tae Ri ရဲ့ ပြီးပြည့်စုံတဲ့မောင်လေးလို့ ဆိုလာပါတယ်။

Netizens တွေက သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းပုံစံ၊ ချစ်စရာကောင်းတဲ့ အပြုံးတို့က အမြဲတမ်းဆင်တူနေတယ်လို့ မှတ်ချက်ပေးလေ့ရှိကြပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ သူတို့နှစ်ယောက်စလုံး 18th Director Cut မှာ ထူးချွန်ဆုအသီးသီး ရရှိခဲ့ပါတယ်။

3. Irene (Red Velvet) & Song Hye Kyo


Red Velvet အဖွဲ့ဝင် Irene ကတော့ မင်းသမီး Song Hye Kyo ရဲ့ ပြီးပြည့်စုံတဲ့ ညီမလေးတစ်ယောက်လို့ ဆိုထားပါတယ်။

သူတို့နှစ်ယောက်ကတော့ inline eyelids နှင့် အပြုအမူလေးတွေကအစ တူတယ်လို့ မှတ်ချက်ပေးခြင်းကို ခံရပါတယ်။

Daegu မြို့မှာကတည်းက Irene နဲ့ Song Hye-Kyo တို့ကို သူတို့ရဲ့ native satoori ကို အတူတူလုပ်ဖို့ fan တွေက ဆန္ဒရှိခဲ့ကြပါတယ်။

4. Cha Eunwoo (ASTRO) & Seohyun (Girls’ Generation)


ASTRO ရဲ့ Cha Eunwoo ကတော့ Girls’s Generation အဖွဲ့ဝင် Seohyun ရဲ့ မောင်လေးလို့ ပြောလို့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ မျက်လုံး၊ sloped noses နှင့် smooth jawlines တွေကြောင့် လူသိပိုများပြီး မောင်နှမများလားလို့တောင် ထင်ရက်စရာပါ။

5. Winwin (WayV) & Im Si Wan


တရုတ်လူမျိုးလေး Winwin ကတော့ Im Si Wan ရဲ့ ညီအရင်းလားလို့တောင် ထင်စရာပါ။

သူတို့ရဲ့ chiselled jaws နှင့် full lips တို့ကြောင့် ပိုပြီးတော့တောင် ဆွေမျိုးတော်စပ်ကြလားလို့တောင် ထင်ကြေးပေးခံခဲ့ရတာပါ။


Ref;Koreaboo,by Alicia Valley

856 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.