ပါးစပ္က ခ်စ္ေၾကာင္းထုတ္ေျပာမျပတတ္တဲ့မိန္းကေလးရဲ႕အခ်စ္ကို သိႏိုင္တဲ့အခ်က္မ်ား

မိန္းကေလးတစ္ေယာက္က “ခ်စ္တယ္” ဆိုတဲ့စကားလုံးကို ပါးစပ္က ဖြင့္မေျပာေပမဲ့ သင့္ကို ခ်စ္တယ္ဆိုတာ ေအာက္မွာေဖာ္ျပေပးမယ့္ အခ်က္ေတြအရ သိႏိုင္ပါတယ္။

၁။ သင့္လိုအပ္တာေတြကို ေရွ႕တန္းတင္ၿပီး စဥ္းစားေပးတယ္
သင့္ေကာင္မေလးက ႐ိုဆန္တဲ့စာေတြေရးတတ္တဲ့၊ ခ်စ္တယ္ဆိုတဲ့စကားေတြကို တတြတ္တြတ္ထုတ္ေျပာတတ္တဲ့သူဟုတ္ခ်င္မွဟုတ္မွာပါ။ ဒါေပမဲ့ သင္ လိုအပ္တာေတြ၊ သင္ျဖစ္ခ်င္တာေတြ ဦးစားေပးတဲ့သူ၊ သင္အလုပ္ရႈပ္ေနရင္ေတာင္ အခ်ိန္ညႇိေပးတဲ့သူဆိုရင္ ဒါက သူ႔ရဲ႕အခ်စ္ေတြကို ထုတ္ျပတဲ့နည္းလမ္းတစ္ခုပါပဲ။

၂။ အနာဂတ္အေၾကာင္း မၾကာခဏေျပာတယ္
ကိုယ့္ခ်စ္တဲ့သူနဲ႔ ေရွ႕ဆက္ဘယ္လိုေတြလုပ္မယ္ဆိုၿပီး အနာဂတ္ကို ႀကိဳေတြးျဖစ္ၾကတယ္မလား။ သင့္ေကာင္မေလးက သင့္နဲ႔အတူရွိမယ့္အနာဂတ္အေၾကာင္းကို မၾကာခဏေျပာတယ္ဆိုရင္ ဒါက သင့္ကို သူ႔ရဲ႕အခ်စ္ေတြ ထုတ္ျပေနတာပါ။ ခ်စ္တယ္လို႔ မၾကာခဏမေျပာေပမယ့္လည္း သင့္နဲ႔အတူအိပ္မက္ေတြ၊ အနာဂတ္ေတြ မွ်ေဝရင္းနဲ႔ အခ်စ္ေတြကို ထုတ္ျပေနတာျဖစ္ပါတယ္။

၃။ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးတယ္
တစ္စုံတစ္ေယာက္က မိမိအေပၚအရမ္းခ်စ္လို႔၊သံေယာဇဥ္ရွိလို႔သာ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးၾကတာပါ။ သင့္ေကာင္မေလးက သင့္ကို သူ႔သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ မၾကာခဏေတြ႕ဆုံေပးတယ္ဆိုရင္ ဒါကို ေကာင္းတဲ့အခ်က္လို႔သာ ယူဆထားလိုက္ပါ။

၄။ သူ႔အေၾကာက္ဆုံးအရာ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို သင့္ကို ထုတ္ေျပာျပတယ္
သင္က သင့္ေကာင္မေလးရဲ႕လွ်ိဳ႕ဝွက္ခ်က္နဲ႔ အေၾကာက္တရားေတြကို သိတယ္ဆိုရင္ သင္ဟာ သူ႔အတြက္အေရးပါတဲ့သူပါ။ သင့္ကို သူဘယ္ေလာက္ခ်စ္တယ္လို႔ ေျပာျပစရာေတာင္မလိုေတာ့ပါဘူး။

၅။ သင့္အားနည္းခ်က္ကို ေထာက္ျပတယ္
တစ္ခါတေလ သင့္ေကာင္မေလးရဲ႕ေဝဖန္တဲ့စကားေတြကို နားေထာင္ရတာ စိတ္ညစ္တယ္မလား။ သင့္ေကာင္မေလးက သင့္အားနည္းခ်က္ကို ေထာက္ျပတတ္တဲ့သူ၊ သင့္ကို ေကာင္းတဲ့လူတစ္ေယာက္ျဖစ္ေအာင္ တြန္းပို႔ေနတတ္သူလား။ သင္ၾကားခ်င္တဲ့စကားကို ေျပာေပးမယ့္လူတစ္ေယာက္ရွာရတာလြယ္ပါတယ္။ ဒါေပမဲ့ သင့္အားနည္းခ်က္၊ ခြၽတ္ယြင္းခ်က္ေတြကို ေထာက္ျပေပးေနတဲ့သူက သင့္ကိုခ်စ္တဲ့သူပါပဲ။

[ Unicode ]

မိန်းကလေးတစ်ယောက်က “ချစ်တယ်” ဆိုတဲ့စကားလုံးကို ပါးစပ်က ဖွင့်မပြောပေမဲ့ သင့်ကို ချစ်တယ်ဆိုတာ အောက်မှာဖော်ပြပေးမယ့် အချက်တွေအရ သိနိုင်ပါတယ်။

၁။ သင့်လိုအပ်တာတွေကို ရှေ့တန်းတင်ပြီး စဉ်းစားပေးတယ်
သင့်ကောင်မလေးက ရိုဆန်တဲ့စာတွေရေးတတ်တဲ့၊ ချစ်တယ်ဆိုတဲ့စကားတွေကို တတွတ်တွတ်ထုတ်ပြောတတ်တဲ့သူဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမဲ့ သင် လိုအပ်တာတွေ၊ သင်ဖြစ်ချင်တာတွေ ဦးစားပေးတဲ့သူ၊ သင်အလုပ်ရှုပ်နေရင်တောင် အချိန်ညှိပေးတဲ့သူဆိုရင် ဒါက သူ့ရဲ့အချစ်တွေကို ထုတ်ပြတဲ့နည်းလမ်းတစ်ခုပါပဲ။

၂။ အနာဂတ်အကြောင်း မကြာခဏပြောတယ်
ကိုယ့်ချစ်တဲ့သူနဲ့ ရှေ့ဆက်ဘယ်လိုတွေလုပ်မယ်ဆိုပြီး အနာဂတ်ကို ကြိုတွေးဖြစ်ကြတယ်မလား။ သင့်ကောင်မလေးက သင့်နဲ့အတူရှိမယ့်အနာဂတ်အကြောင်းကို မကြာခဏပြောတယ်ဆိုရင် ဒါက သင့်ကို သူ့ရဲ့အချစ်တွေ ထုတ်ပြနေတာပါ။ ချစ်တယ်လို့ မကြာခဏမပြောပေမယ့်လည်း သင့်နဲ့အတူအိပ်မက်တွေ၊ အနာဂတ်တွေ မျှဝေရင်းနဲ့ အချစ်တွေကို ထုတ်ပြနေတာဖြစ်ပါတယ်။

၃။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်
တစ်စုံတစ်ယောက်က မိမိအပေါ်အရမ်းချစ်လို့၊သံယောဇဉ်ရှိလို့သာ မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးကြတာပါ။ သင့်ကောင်မလေးက သင့်ကို သူ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မကြာခဏတွေ့ဆုံပေးတယ်ဆိုရင် ဒါကို ကောင်းတဲ့အချက်လို့သာ ယူဆထားလိုက်ပါ။

၄။ သူ့အကြောက်ဆုံးအရာ၊ လျှို့ဝှက်ချက်တွေကို သင့်ကို ထုတ်ပြောပြတယ်
သင်က သင့်ကောင်မလေးရဲ့လျှို့ဝှက်ချက်နဲ့ အကြောက်တရားတွေကို သိတယ်ဆိုရင် သင်ဟာ သူ့အတွက်အရေးပါတဲ့သူပါ။ သင့်ကို သူဘယ်လောက်ချစ်တယ်လို့ ပြောပြစရာတောင်မလိုတော့ပါဘူး။

၅။ သင့်အားနည်းချက်ကို ထောက်ပြတယ်
တစ်ခါတလေ သင့်ကောင်မလေးရဲ့ဝေဖန်တဲ့စကားတွေကို နားထောင်ရတာ စိတ်ညစ်တယ်မလား။ သင့်ကောင်မလေးက သင့်အားနည်းချက်ကို ထောက်ပြတတ်တဲ့သူ၊ သင့်ကို ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် တွန်းပို့နေတတ်သူလား။ သင်ကြားချင်တဲ့စကားကို ပြောပေးမယ့်လူတစ်ယောက်ရှာရတာလွယ်ပါတယ်။ ဒါပေမဲ့ သင့်အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို ထောက်ပြပေးနေတဲ့သူက သင့်ကိုချစ်တဲ့သူပါပဲ။

Ref; rsgoals

 

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.