ပါဝင်သောပစ္စည်းများ
၁။ ဆေးဘဲဥ
၃။ အရသာမှုန့်
၎။ ကြက်သွန်ဖြူ
၅။ ပဲငံပြာရည်
၆။ ခရုဆီ
၇။ ငရုတ်သီးစိမ်း
၈။ ပင်စိမ်း
ပြုလုပ်နည်း
[ Unicode ]
နူးနူးညံ့ညံ့ဆေးဘဲဥနဲ့ တောက်တောက်စင်းအသားကြော်လေးကို အပီဆွဲဖို့ ဝက်သားဆေးဘဲဥကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ဆေးဘဲဥ
၂။ ဝက်သား (သို့) နှစ်သက်ရာအသား
၃။ အရသာမှုန့်
၄။ ကြက်သွန်ဖြူ
၅။ ပဲငံပြာရည်
၆။ ခရုဆီ
၇။ ငရုတ်သီးစိမ်း
၈။ ပင်စိမ်း
ပြုလုပ်နည်း
၁။ ဆေးဘဲဥကိုအခွံ့ခွာပြီး အစိတ်လေးများစိတ်ထားပါ။
၂။ ဝက်သား ( နှစ်သက်ရာအသားအသုံးပြုနိုင် ) ကိုနုပ်နုပ်စင်းပြီး အရသာမှုန့် ထည့်နယ်ထားပေးပါ။
၃။ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပေးပါ။
၄။ ဆီသပ်ဖို့အတွက် ဆီထည့်ပါ။ ဆီဆူလာပြီဆိုမှ ထောင်းထားသောကြက်သွန်ဖြူကိုထည့် ဆီသပ်ပါ။ ပြီးနောက် ဝက်သားထည့်ပါ။ ပဲငံပြာရည်အကြည် ခရုဆီ ညှပ်ထားသောငရုတ်သီးစိမ်း ရေအနည်းငယ်ထည့်ပြီး ကြော်ပေးပါ။
၅။ ရေခမ်းပြီဆိုမှ ဆေးဘဲဥထည့် ပင်စိမ်းအုပ်ပြီး ၃မိနစ်ခန့် ဆက်လက်ပြီး မီးအပူပေးထားပါ။
၆။ ၃မိနစ်ပြည့်ပြီဆိုရင်တော့ ဝက်သားဆေးဘဲဥကြော်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
88 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.