၁။ ကိုယ့္ခ်စ္သူကိုအၿမဲတမ္းေပးဆပ္ခ်င္တာ
သူ႔အတြက္ဆို အရာရာေထာက္ပံ့ေပးခ်င္တဲ့စိတ္၊ သူတိုးတက္ေအာင္ျမင္ဖို႔ဆိုရင္ ကိုယ့္ဘက္က ဘာပဲေပးရေပးရ စြန႔္လႊတ္အနစ္နာခံၿပီးခ်စ္တတ္တာကလည္း အခ်စ္စစ္တစ္မ်ိဳးပါပဲတဲ့။ ကိုယ့္အေပၚမွာေရာ အဲဒီလိုခ်စ္တတ္တဲ့ခ်စ္သူမ်ိဳးနဲ႔ ဆုံခဲ့ဖူးၿပီလား။
၂။ အၿမဲတမ္းဂ႐ုစိုက္တာ
ကိုယ့္မွာဘာအေၾကာင္းကိစၥရွိရွိ အေသးအဖြဲေလးကအစဂ႐ုစိုက္တတ္တဲ့ခ်စ္သူမ်ိဳး သင့္မွာရွိပါသလား။ ဒါဆိုရင္ေတာ့ သူ႔ကိုပိုၿပီးတန္ဖိုးထားခ်စ္တတ္ဖို႔လိုပါတယ္။ သူကသင့္ကိုတကယ္အခ်စ္စစ္နဲ႔ခ်စ္လို႔ပါ။
၃။ ကိုယ့္အတြက္ဆို မာနေတြခဝါခ်ထားတတ္တာ
ကိုယ့္အတြက္ဆိုရင္ သူ႔ရဲ႕မာနေတြကို ခဝါခ်ထားတတ္တဲ့ခ်စ္သူမ်ိဳးပါ။ သူ႔ဘက္ကမွန္ေနရင္ေတာင္မွ ကိုယ့္အတြက္ဆိုရင္ သူ႔မာနေတြကိုခဝါခ်ၿပီး ေတာင္းပန္တတ္တဲ့သူမ်ိဳးပါ။ စိတ္ေကာက္၊ စိတ္ဆိုးၾကတဲ့အခါ တိုင္း သူ႔ဘက္ကမမွားေပမဲ့ အရင္ေတာင္းပန္တတ္တဲ့ခ်စ္သူမ်ိဳးပိုင္ဆိုင္ထားရရင္ေတာ့ သူ႔ကိုတန္ဖိုးထားလိုက္ ပါေနာ္။
၄။ လက္ေတြ႕က်တဲ့အခ်စ္
သူကေတာ့ သူမ်ားေတြလိုအေပၚယံအေျပာနဲ႔ခ်စ္ျပေနမွာမဟုတ္ပါဘူး။ ကိုယ့္ကိုၾကင္နာမယ္၊ ဂ႐ုစိုက္မယ္၊ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးမယ္၊ ကိုယ့္ကိုစိတ္ခ်မ္းသာေအာင္ထားမယ္ဆိုတဲ့ လက္ေတြ႕က်တဲ့အခ်စ္ေတြနဲ႔ပဲ သက္ေသျပမွာပါ။
၅။ တစ္ကိုယ္ေကာင္းမဆန္တာ
အခ်စ္စစ္က တစ္ကိုယ္ေကာင္းမဆန္ပါဘူး။ အတၱေတြ၊ မာနေတြမရွိပါဘူး။ ဒီလိုပဲ သင့္ကိုတကယ္ခ်စ္တဲ့ သူက သင့္အတြက္ဆိုရင္ အၿမဲတမ္းအသင့္ရွိေနမယ့္သူမ်ိဳးပါ။
၆။ အေသးအဖြဲကိစၥေလးေတြကအစ မွတ္မိတယ္
ကိုယ္နဲ႔ပတ္သက္တဲ့ အေသးအဖြဲကိစၥေလးေတြကအစ ဂ႐ုတစိုက္မွတ္ထားတတ္တဲ့ခ်စ္သူရွိေနၿပီဆိုရင္ ေတာ့ သင္ကကံေကာင္းတဲ့ သူတစ္ေယာက္ပါ။
၇။ အေကာင္းဆုံးေတြကိုေပးခ်င္တယ္
အခ်စ္စစ္ဆိုတာမ်ိဳးက သူ႔အတြက္အေကာင္းဆုံးဆိုတာမ်ိဳးေတြပဲေပးဆပ္ခ်င္တဲ့ အခ်စ္မ်ိဳးပါ။ ကိုယ္ခ်စ္ တဲ့သူကိုအၿမဲတမ္းစိတ္ခ်မ္းသာေစခ်င္တဲ့စိတ္မ်ိဳးနဲ႔ ခ်စ္တတ္တဲ့ခ်စ္သူမ်ိဳးပါ။ ဒါကိုအခ်စ္စစ္လို႔မေခၚရင္ ဘယ္လိုအရာမ်ိဳးကို အခ်စ္စစ္လို႔သတ္မွတ္ပါမလဲ။
[ Unicode ]
၁။ ကိုယ့်ချစ်သူကိုအမြဲတမ်းပေးဆပ်ချင်တာ
သူ့အတွက်ဆို အရာရာထောက်ပံ့ပေးချင်တဲ့စိတ်၊ သူတိုးတက်အောင်မြင်ဖို့ဆိုရင် ကိုယ့်ဘက်က ဘာပဲပေးရပေးရ စွန့်လွှတ်အနစ်နာခံပြီးချစ်တတ်တာကလည်း အချစ်စစ်တစ်မျိုးပါပဲတဲ့။ ကိုယ့်အပေါ်မှာရော အဲဒီလိုချစ်တတ်တဲ့ချစ်သူမျိုးနဲ့ ဆုံခဲ့ဖူးပြီလား။
၂။ အမြဲတမ်းဂရုစိုက်တာ
ကိုယ့်မှာဘာအကြောင်းကိစ္စရှိရှိ အသေးအဖွဲလေးကအစဂရုစိုက်တတ်တဲ့ချစ်သူမျိုး သင့်မှာရှိပါသလား။ ဒါဆိုရင်တော့ သူ့ကိုပိုပြီးတန်ဖိုးထားချစ်တတ်ဖို့လိုပါတယ်။ သူကသင့်ကိုတကယ်အချစ်စစ်နဲ့ချစ်လို့ပါ။
၃။ ကိုယ့်အတွက်ဆို မာနတွေခဝါချထားတတ်တာ
ကိုယ့်အတွက်ဆိုရင် သူ့ရဲ့မာနတွေကို ခဝါချထားတတ်တဲ့ချစ်သူမျိုးပါ။ သူ့ဘက်ကမှန်နေရင်တောင်မှ ကိုယ့်အတွက်ဆိုရင် သူ့မာနတွေကိုခဝါချပြီး တောင်းပန်တတ်တဲ့သူမျိုးပါ။ စိတ်ကောက်၊ စိတ်ဆိုးကြတဲ့အခါ တိုင်း သူ့ဘက်ကမမှားပေမဲ့ အရင်တောင်းပန်တတ်တဲ့ချစ်သူမျိုးပိုင်ဆိုင်ထားရရင်တော့ သူ့ကိုတန်ဖိုးထားလိုက် ပါနော်။
၄။ လက်တွေ့ကျတဲ့အချစ်
သူကတော့ သူများတွေလိုအပေါ်ယံအပြောနဲ့ချစ်ပြနေမှာမဟုတ်ပါဘူး။ ကိုယ့်ကိုကြင်နာမယ်၊ ဂရုစိုက်မယ်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်၊ ကိုယ့်ကိုစိတ်ချမ်းသာအောင်ထားမယ်ဆိုတဲ့ လက်တွေ့ကျတဲ့အချစ်တွေနဲ့ပဲ သက်သေပြမှာပါ။
၅။ တစ်ကိုယ်ကောင်းမဆန်တာ
အချစ်စစ်က တစ်ကိုယ်ကောင်းမဆန်ပါဘူး။ အတ္တတွေ၊ မာနတွေမရှိပါဘူး။ ဒီလိုပဲ သင့်ကိုတကယ်ချစ်တဲ့ သူက သင့်အတွက်ဆိုရင် အမြဲတမ်းအသင့်ရှိနေမယ့်သူမျိုးပါ။
၆။ အသေးအဖွဲကိစ္စလေးတွေကအစ မှတ်မိတယ်
ကိုယ်နဲ့ပတ်သက်တဲ့ အသေးအဖွဲကိစ္စလေးတွေကအစ ဂရုတစိုက်မှတ်ထားတတ်တဲ့ချစ်သူရှိနေပြီဆိုရင် တော့ သင်ကကံကောင်းတဲ့ သူတစ်ယောက်ပါ။
၇။ အကောင်းဆုံးတွေကိုပေးချင်တယ်
အချစ်စစ်ဆိုတာမျိုးက သူ့အတွက်အကောင်းဆုံးဆိုတာမျိုးတွေပဲပေးဆပ်ချင်တဲ့ အချစ်မျိုးပါ။ ကိုယ်ချစ် တဲ့သူကိုအမြဲတမ်းစိတ်ချမ်းသာစေချင်တဲ့စိတ်မျိုးနဲ့ ချစ်တတ်တဲ့ချစ်သူမျိုးပါ။ ဒါကိုအချစ်စစ်လို့မခေါ်ရင် ဘယ်လိုအရာမျိုးကို အချစ်စစ်လို့သတ်မှတ်ပါမလဲ။
Ref; rsgoals