အသားဖြူအောင် အာလူးပြုတ်ကိုဆောင်
[ Unicode ]
ဈေးကြီးပြီး နာမည်ကြီးတဲ့ အလှကုန်တွေ ခဏခဏ သုံးနေစရာမလိုဘဲ မျက်နှာအသားအရေကို သိသိသာသာ ဖြူဝင်းစေနိုင်မယ့် အာလူးပြုတ် အကြောင်းလေး တင်ဆက်ပေးလိုက်တယ်နော်။ မျက်နှာကို ခဏတာပဲ ဖြူဝင်းစေတာ မဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ ရတနာနည်းလမ်းလေးလို့တောင် ပြောလို့ရပါတယ်။
၁။ အာလူးကို သေချာ ဆေးကြောပြီးတော့ ပြုတ်လိုက်ပါ ။ နူးသွားပြီဆိုရင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။ ပြီးနောက် အရောအနှောမပါတဲ့ ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေလိုက်ပါ ။ ဒိန်ချဉ် မရှိလျှင် နွားနို့ကိုလည်း ထည့်လို့ရပါတယ်။
၂။ နောက်ထပ် ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ ။ အားလုံး နှံ့စပ်အောင် မွှေပြီးရင်တော့ မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း သုတ်လိမ်းထားလိုက်ပါ ။ နာရီဝက်လောက် ကြာပီးရင် မျက်နှာသစ်လိုက်ရုံပါပဲနော်။
၃။ တစ်ပါတ်ကို ၂ကြိမ်ခန့် လုပ်ပေးရုံနဲ့ မျက်နှာ အသားအရေကို ကြည်ကြည်လင်လင်နဲ့သိသိသာသာဖြူဝင်းစေခြင်း ၊တင်းရင်းစေခြင်း ၊ အမဲစက်များ ကင်းဝေးစေခြင်း ၊ ဝက်ခြံနှင့် အရေးအကြောင်း များဖြစ်ခြင်းတို့မှလည်း အပြည့်အဝ ကာကွယ်ပေးနိင်ပါကြောင်း Trend ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Ref; beautytips
397 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.