ေ႐ႊဖ႐ုံသီးက ဘယ္လိုေကာင္းတာလဲ

၁။ မ်က္ေစ့အေဝးမႈန္ျခင္း/အနီးမႈန္ျခင္း ႏွင့္ ၾကက္မ်က္သင့္ေရာဂါေဝဒနာရွင္မ်ားသည္ ဗီတာမင္ေအ အျပည့္အဝပါရွိေသာ ေ႐ႊဖ႐ုံသီးကို မျဖစ္မေနစားသုံးေပးသင့္ပါတယ္။

၂။ အ႐ြယ္တင္ႏုပ်ိဳေစလို႔ အလွအပျမတ္ႏိုးတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးတိုင္း အားထားေလာက္ပါတယ္။

၃။ အမ်ိဳးသားမ်ားတြင္ျဖစ္တတ္ေသာ ဆီးက်ိတ္ႀကီးထြားလာျခင္းကို သက္သာေစ႐ုံမွ်မက၊ ဆီးက်ိတ္ကင္ဆာေရာဂါကိုလဲ ထိထိေရာက္ေရာက္ တားဆီးကာကြယ္ေပးႏိုင္ပါတယ္။

၄။ အမွ်င္ ဓာတ္ႂကြယ္ဝစြာပါရွိလို႔ ကိုယ္ဝန္သည္မ်ားအတြက္ အေကာင္းဆုံး သဘာ၀၀မ္းေပ်ာ့ေဆးတစ္ခြက္ပါဘဲ။

၅။ ေ႐ႊဖ႐ုံသီး ႏွင့္ ေ႐ႊဖ႐ုံေစ့တို႔သည္ အ႐ိုးႀကီးထြားမႈကို အေထာက္အပံ့ျဖစ္ေစတဲ့အျပင္၊ အဆစ္အျမစ္ေရာင္ရမ္းနာတို႔ကိုလဲ သက္ သာလာေစပါတယ္။

၆။ ေ႐ႊဖ႐ုံသီးထဲတြင္ ဗီတာမင္စီ အလုံအေလာက္ပါရွိတာေၾကာင့္ ကိုယ္ခံစြမ္းအားကို တိုးျမႇင့္ေပးႏိုင္ပါတယ္။

၇။ ဗီတာမင္ဒီ ႂကြယ္ဝစြာပါရွိေသာေၾကာင့္၊ အာ႐ုံေၾကာအဖြဲ႕အစည္းမ်ားကို တိုးတက္ေကာင္းမြန္လာေစပါတယ္။

သတိျပဳရန္။

(၁) ေ႐ႊဖ႐ုံေစ့ ဟာ က်န္းမာေရးကိုေကာင္းက်ိဳးျပဳတာမွန္ေသာ္လဲ၊ တစ္ႀကိမ္တည္းတြင္ လက္တစ္ဆုပ္ စာပမာဏ ထက္ ပိုမိုစားမိပါက၊ ဗိုက္ေအာင့္ေစၿပီး၊ အခန႔္မသင့္ရင္ ဝမ္းသြားတတ္ပါတယ္။

(၂) ေ႐ႊဖ႐ုံသီးကို ႀကိဳက္တိုင္းလဲ အလြန္အကြၽံ မစားပါနဲ႔။ ေသြးတိုးေစပါတယ္။

ေဘးထြက္ဆိုးက်ိဳး မရွိ ေသာ ေ႐ႊဖ႐ုံသီးႏွင့္ အေစ့တို႔ကို ‘အစာလည္းေဆး၊ ေဆးလည္းအစာ” အျဖစ္ စားေသာက္ေပးၾကပါရန္ အႀကံျပဳလိုက္ရပါတယ္။

[ Unicode ]

၁။ မျက်စေ့အဝေးမှုန်ခြင်း/အနီးမှုန်ခြင်း နှင့် ကြက်မျက်သင့်ရောဂါဝေဒနာရှင်များသည် ဗီတာမင်အေ အပြည့်အဝပါရှိသော ရွှေဖရုံသီးကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

၂။ အရွယ်တင်နုပျိုစေလို့ အလှအပမြတ်နိုးတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း အားထားလောက်ပါတယ်။

၃။ အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက၊ ဆီးကျိတ်ကင်ဆာရောဂါကိုလဲ ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

၄။ အမျှင် ဓာတ်ကြွယ်ဝစွာပါရှိလို့ ကိုယ်ဝန်သည်များအတွက် အကောင်းဆုံး သဘာ၀၀မ်းပျော့ဆေးတစ်ခွက်ပါဘဲ။

၅။ ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့တို့သည် အရိုးကြီးထွားမှုကို အထောက်အပံ့ဖြစ်စေတဲ့အပြင်၊ အဆစ်အမြစ်ရောင်ရမ်းနာတို့ကိုလဲ သက် သာလာစေပါတယ်။

၆။ ရွှေဖရုံသီးထဲတွင် ဗီတာမင်စီ အလုံအလောက်ပါရှိတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ပါတယ်။

၇။ ဗီတာမင်ဒီ ကြွယ်ဝစွာပါရှိသောကြောင့်၊ အာရုံကြောအဖွဲ့အစည်းများကို တိုးတက်ကောင်းမွန်လာစေပါတယ်။

သတိပြုရန်။

(၁) ရွှေဖရုံစေ့ ဟာ ကျန်းမာရေးကိုကောင်းကျိုးပြုတာမှန်သော်လဲ၊ တစ်ကြိမ်တည်းတွင် လက်တစ်ဆုပ် စာပမာဏ ထက် ပိုမိုစားမိပါက၊ ဗိုက်အောင့်စေပြီး၊ အခန့်မသင့်ရင် ဝမ်းသွားတတ်ပါတယ်။

(၂) ရွှေဖရုံသီးကို ကြိုက်တိုင်းလဲ အလွန်အကျွံ မစားပါနဲ့။ သွေးတိုးစေပါတယ်။

ဘေးထွက်ဆိုးကျိုး မရှိ သော ရွှေဖရုံသီးနှင့် အစေ့တို့ကို ‘အစာလည်းဆေး၊ ဆေးလည်းအစာ” အဖြစ် စားသောက်ပေးကြပါရန် အကြံပြုလိုက်ရပါတယ်။

Ref; goodhealth

 

604 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.