ပြင်ဆင်ပြုလုပ်နည်း
၆။ အပေါ်က မိမိကြိုက်နှစ်သက်ရာ အလှဆင်နိုင်ပါတယ်။
[ Unicode ]
ဆိုင်ကြော်ကြက်တောင်ပံလေးကို အိမ်မှာပဲ ပူပူနွေးနွေးအဝဆွဲဖို့ ကြက်တောင်ပံ ဆိုင်ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပြင်ဆင်ပြုလုပ်နည်း
၁။ ကြက်အတောင်ပံကို နှစ်ပိုင်းခုတ် ရေပြောင်အောင်ဆေးထားပါ။
၂။ ပဲငံပြာရည် အပျစ်၊ chili sauce ( အစပ်ပိုကောင်းတယ် )၊ ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ အရသာမှုန့် အနည်းငယ်၊ ပျားရည်၊ ခရုဆီ၊ ချင်း/ကြက်သွန်ဖြူ/ နနွင်းတတ်နဲနဲထည့်ထောင်းထားပါ။
၃။ အားလုံးကို ကြက်တောင်ပံနှင့်ရောနယ်ပီး အနည်းဆုံး၁နာရီလောက် ထားပါ။
၄။ အထဲကို အနှစ်တွေဝင်သွားပီဆို အိုးကိုအပူပေး၊ ဆီကိုအနည်းဆုံး အိုးကပ်ထည့်ပါ။ မီးခပ်အေးအေးဖြင့် အိုးအပြည့်ထည့်ပီးကင်ပါ။
၅။ တစ်ဖက်ကို ၇မိနစ်လောက်ကင်ပီး တစ်ဖက်ပြန်လှန်။ ၅မိနစ်လောက်ကင်။ မကျက်သေးရင် နည်းနည်းထပ်ကင်ပေးပြီးရင် ရပါပြီ။
၆။ အပေါ်က မိမိကြိုက်နှစ်သက်ရာ အလှဆင်နိူင်ပါတယ်။
ခုဆိုရင်တော့ ပျားရည်ကြက်တောင်ပံပူပူလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
247 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.