JYP Entertainment ရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းဆိုခဲ့ကြတဲ့အနုပညာရှင်များ

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ တောင်ကိုရီးယား အနုပညာလောကရဲ့ JYP Entertainment ဟာ K-pop လောကရဲ့ အောင်မြင်ဆုံး အေဂျင်စီတစ်ခုလို့ပြောရင်လဲ မမှားပါဘူးနော်။
ဒီအေဂျင်စီနဲ့ အလုပ်အတူတွဲလုပ်ဖို့က အတော်လေးကို သတ်မှတ်ချက်တွေရှိပါတယ်နော်။ ဒီနေ့မှာတော့ JYP Entertainment နဲ့ လက်တွဲဖို့ကိုတောင် ငြင်းဆိုခဲ့တဲ့ အနုပညာရှင်တစ်ချို့ကို ပြောပြလိုက်ပါတယ်။

1. Jungkook (BTS)


BTS အဖွဲ့ဝင် Jungkook ကတော့ အေဂျင်စီ ၇ ခုရဲ့ ကမ်းလှမ်းခြင်းကို ခံရသူပါ။ အဲ့ဒီထဲမှာတော့ JYP Entertainment လဲ ပါဝင်ပါတယ်။

ဒါပေမယ့် Jungkook ဟာ အနေအေးလွန်းတဲ့ RM ကြောင့် Big Hit Entertainment ကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။

2. Clara


မော်ဒယ်နှင့် သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီး Clara ကတော့ JYP Eentertainment နှင့် SM Entertainment နှစ်ခုလုံးရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဆိုတော်မဖြစ်ချင်ခဲ့တဲ့ သူမရဲ့ ရည်ရွယ်ချက်ကြောင့် ထိုကမ်းလှမ်းနှစ်ခုလုံးကို ငြင်းဆန်ခဲ့ပါတယ်။

3. Park Bo Gum


ယုံကြည်ဖို့ခက်လောက်ပေမယ့်မယ့်လဲ Park Bo Gum ရဲ့မူလ ရည်မှန်းချက်က သရုပ်ဆောင်မဟုတ်ပဲ အဆိုတော်ပါတဲ့နော်။ ဒါကြောင့် သူ့ရဲ့ audition clip ကို JYP Entertainment, SM Entertainment နဲ့ YG Entertainment အထိရောက်အောင် ပို့ခဲ့တာပါ။ အဲ့ဒီလိုမျိုးပို့ခဲ့တာကို ကုမ္ပဏီတွေအနေနဲ့ လက်ခံရရှိခဲ့ပြီး အဲ့ဒီထဲကမှ ပထမဆုံးဆက်သွယ်လာတဲ့ သရုပ်ဆောင်ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

4. Vivian Cha


မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Vivian Cha တစ်ယောက်ကတော့ ကိုရီးယားရဲ့ အကျော်အမော် အေဂျင်စီတွေဖြစ်ကြတဲ့ JYP Entertainment နှင့် SM Entertainment နှစ်ခုလုံးရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတာပါ။ ဒါပေမယ့်လဲ အဆိုတော် မဖြစ်ချင်ခဲ့တဲ့ သူမရည်ရွယ်ချက်ကြောင့် ထိုကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပြီး မော်ဒယ်တစ်ယောက်အဖြစ်ပဲ ဆက်လက်ရပ်တည်လာခဲ့ပါတယ်။
Ref;Koreaboo

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.