အချစ်စစ်နဲ့ ချစ်တဲ့ချစ်သူ ဆိုတာ

ယောက်ျားလေးတွေရဲ့ အားသာချက်ကတော့ သူတို့ တကယ် ချစ်တဲ့မိန်းကလေးဆိုရင် စိတ်ကောက်တာ မပြေမချင်း မရရအောင် နည်းလမ်းရှာ ချော့တာပဲ ဖြစ်ပါတယ်။

မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ် ကိုယ့်ကို အချစ်စစ်နဲ့ ချစ်တာလား။ ဘယ်လောက်ချစ်တာလဲ ဆိုတာကို သိချင်တာက ထုံးစံတစ်ခုပါ။ ဒီအချက်လေးတွေကို သိနိုင်ဖို့ အတွက် အချစ်စစ်နဲ့ ချစ်သူတွေရဲ့ အပြုအမူလေးတွေကို ပြောပြပေးပါမယ်နော်။

၁။ စိတ်ချင်းဆက်နေတယ်
တစ်ယောက်နဲ့ တစ်ယောက် ဝေးနေတဲ့ ချစ်သူတွေကြားမှာ ဒီအချက်ကတော့ ခဏတိုင်း ဖြစ်ပေါ်တတ်တဲ့အရာပါပဲ။ တကယ်လို့ ချစ်သူချင်းက အချစ်စစ်နဲ့ ချစ်တယ် ဆိုရင်တော့ စိတ်ချင်းဆက်ပြီး တစ်ယောက် နေမကောင်းတဲ့အချိန် ကျန်တစ်ယောက်က အလိုလို ဖျားတာမျိုး ခံစားရတတ်ပါတယ်။

၂။ အလိုက်သိတယ်
အလိုက်သိဖို့ ဆိုတာကတော့ တကယ် အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတွေကြား အထူး တလည် ပြောစရာ မလိုတဲ့အရာ တစ်ခုပဲ ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ကိုယ်ချစ်တဲ့ချစ်သူကို အရာတိုင်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်တဲ့စိတ်ကတော့ တကယ်ချစ်တဲ့ချစ်သူတွေကြားက ချစ်ခြင်းတွေပဲ ဖြစ်တဲ့အတွက်ပါ။ ပူဆာမှ လုပ်ပေးတတ်တဲ့ ချစ်သူမျိုးထက် အလိုက်သိပါနော်လို့ မှာစရာ မလိုလောက်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

၃။ ချော့တယ်
မိန်းကလေးဆိုတာရဲ့ ဗီဇက စိတ်ကောက်မယ်။ ဘာနေနေ ကောက်မှာပဲ ဆိုတာမျိုးပါ။ တကယ် ချစ်တဲ့ ချစ်သူတွေဆိုရင် မိန်းကလေးရေ စိတ်ကောက်လိုက်စမ်းပါ။ ဘယ်လောက် ကောက်ကောက် ချော့မယ် ဆိုပြီး ပြောတတ်ပါတယ်။ ကိုယ်က မချော့တတ်လို့ မချော့တာပါ ဆိုရင်တော့ ကိုယ့်ကို တကယ် မချစ်လို့ လို့သာ သိလိုက်ပါတော့။ မိန်းကလေးတွေရဲ့ မွေးရာပါ အားသာချက်ကတော့ အကြောင်းရှာ စိတ်ကောက်တာ ဆိုရင် ယောက်ျားလေးတွေရဲ့ အားသာချက်ကတော့ သူတို့ တကယ် ချစ်တဲ့မိန်းကလေးဆိုရင် စိတ်ကောက်တာ မပြေမချင်း မရရအောင် နည်းလမ်းရှာ ချော့တာပဲ ဖြစ်ပါတယ်။

887 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.