အရှုပ်တော်ပုံတွေကြောင့် ပရိသတ်ရဲ့ ရှုတ်ချခြင်းကို ခံခဲ့ရတဲ့ အနုပညာရှင်များ

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ တောင်ကိုရီးယားရဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ချို့ကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရတဲ့ အနုပညာရှင်တစ်ချို့ကို ပြောပြလိုက်ပါတယ်။

1. Lee Kyung Young


The World of the Married ဇာတ်လမ်းတွဲကို ထုတ်လွှင့်နေတဲ့အချိန်မှာ အဲ့ဒီဇာတ်လမ်းတွဲ မင်းသားကြီး Lee Kyung Young ပါဝင်သရုပ်ဆောင်ခဲ့လို့ လူတစ်ချို့ရဲ့ ကန့်ကွက်(သပိတ်မှောက်)ခြင်းကို ခံခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတာကတော့ ၂၀၀၂ခုနှစ်မှာ သူဟာ အသက်မပြည့်သေးတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုဖြင့် အဖမ်းခံခဲ့ရလို့ပါ။ဒီလိုမျိုးဇာတ်လမ်းတွေမှာ Lee Kyung Young ပြန်လည်ပါဝင်လာခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ လုံခြုံမှုရှိရဲ့လားလို့ထင်ကြေးပေးခံခဲ့ရတာပါ။
လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုကြောင့် Lee Kyung Young ဟာ ထောင် ၁၀ လကျခဲ့ပြီး၊ စောင့်ကြည့်ကာလ ၂ နှစ်နှင့်၊ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ နာရီပေါင်း ၁၆၀ လုပ်ကိုင်ပေးရမှာပါ။

ဒီအမှုဖြစ်ပြီးနောက်မှာတော့ Lee Kyung Young ကို ကိုရီးယားပြည်သူတွေက ရှုတ်ချကြပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းကိုလဲ ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။

2. Han Ji Sun


သူမကတော့ ၂၀၁၉ ခုနှစ်မှာ အရက်မူးပြီး တက္ကစီသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုပြုမူပြီးနောက် ရဲစခန်းကိုရောက်တဲ့အခါမှာလဲ ရဲဝန်ထမ်းတစ်ဦးအား ခြေထောက်ဖြင့်ကန်ခြင်း၊ ပါးရိုက်ခြင်း စတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ We Make Price ရဲ့ Brand Model တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒီရွေးချယ်မှုနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ များစွာသော ဝေဖန်မှုတွေအပေါ် သူမအေဂျင်စီဘက်ကတော့ ဘာမှထွေထွေထူးထူး ထုတ်ပြန်တာမရှိခဲ့ပါဘူး။

3. Ahn Jae Hyun


၂၀၁၉ ခှုစ်မှာတော့ Ahn Jae Hyun နဲ့ Goo Hye Sun တို့ရဲ့ ကွာရှင်းတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလိုပြဿနာတွေပြီးတဲ့နောက်မှာတော့ မင်းသား Ahn Jae Hyun အပေါ် ပရိသတ်တွေရဲ့ အမြင်တွေပြောင်းလဲလာခဲ့ပါတယ်။

4. Park Han Byul


မင်းသမီး Park Han Byul ကတော့ သူမပြဿနာကြောင့်မဟုတ်ပဲ သူမရဲ့ အမျိုးသားဖြစ်သူ Yoo In Suk ကြာင့် ဝေဖန်မှုကို ခံခဲ့ရသူပါ။ အမျိုးသားဖြစ်သူက Jung Joon Young တို့ရဲ့ chatroom မှာ အမျိုးသမီးတွေရဲ့ တရားမဝင်ဗီဒီယိုများ၊ ဓာတ်ပုံ စတာတွေကို ပြန်လည် မျှဝေခဲ့လို့ပဲဖြစ်ပါတယ်။


Ref;Koreaboo

468 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.