စိမ္းစားဥနဲ႔ ေရွာင္ရန္၊ ေဆာင္ရန္မ်ား

ေရွာင္ရန္မ်ား
(၁) စိမ္းစားဥ ႏွင့္ႏို႔/ေခ်ာကလက္/ခ်ိဳခ်ဥ္/သပြတ္သီး/ေရွာက္သီး တို႔ျဖင့္တြဲ၍မစားသင့္ပါ၊ ေအာ့အန္တတ္ပါသည္။

(၂) စိမ္းစားဥသည္ ေရခဲေခ်ာင္းႏွင့္မတည့္ပါ။ ရင္ၾကပ္ေစပါသည္။

(၃) စိမ္းစားဥကို လိုအပ္သည္ထက္ ပိုစားမိပါက၊ ေလပြေစႏိုင္ေသာေၾကာင့္ ဝမ္းမီးညံ့သူမ်ားႏွင့္ သက္ႀကီး႐ြယ္အိုတို႔ မွ်တ႐ုံသာစားေပးသင့္ပါသည္။

(၄) ေျမႀကီးထဲတြင္ဥဥေသာ အသီးျဖစ္သျဖင့္၊ ကပ္ပါးပိုးမႊားမ်ားအႏၲရာယ္မွ ကင္းေဝးေစေအာင္ အခြံႏႊာ႐ုံသာမက၊ ေရစင္စင္ ေဆးၿပီးမွသာ စားသုံးသင့္ပါသည္။

ေဆာင္ရန္မ်ား။
( ၁ ) စိမ္းစားဥကို သင့္တင့္မွ်တေသာပမာဏ စားသုံးေပးျခင္းျဖင့္ ဆီးခ်ိဳ/ ေသြးခ်ိဳေရာဂါသည္မ်ားကို ေဘးဥပါသ္မျဖစ္ေစႏိုင္ဘဲ အာသာေျပႏႈတ္ၿမိန္ေစပါသည္။

( ၂ )ဗီတာမင္စီလုံေလာက္စြာပါရွိသျဖင့္ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုးစေသာ ကူးစက္နာရာသီဖ်ားမ်ားအျပင္၊ အထူးသျဖင့္ ကေလး ငယ္မ်ား ပန္းနာရင္ၾကပ္ေရာဂါကို ေလ်ာ့ပါးသက္သာလာေစႏိုင္ပါသည္။

( ၃ )စိမ္းစားဥထဲတြင္ပါရွိေသာ ဗီတာမင္စီက ဓာတ္တိုးဆန႔္က်င္ပစၥည္းအျဖစ္အစြမ္းထက္ေစကာ၊ ခႏၶာကိုယ္ထဲရွိ အႏၲရာယ္ျဖစ္ေစ ေသာ ဖရီးရယ္ဒီကယ္လ္မ်ားကို တိုက္ထုတ္ေပးႏိုင္ေသာေၾကာင့္ ကင္ဆာေရာဂါမွ ကာကြယ္ေပးပါသည္။

( ၄ )ကယ္လိုရီလုံးဝမပါရွိေသာေၾကာင့္ စိမ္းစားဥကိုစားေပးျခင္းျဖင့္၊ ကိုလက္စထေရာပမာဏကိုမွ်တေစကာ၊ ႏွလုံးေရာဂါမ်ားအျပင္၊ ႏွလုံးေရာဂါႏွင့္စပ္လ်ဥ္းသည့္ ေသြးတိုးေရာဂါတို႔ကိုလဲ မျဖစ္ေစပါ။

( ၅ )ဗီတာမင္ႏွင့္သတၱဳဓာတ္မ်ားပါရွိသည့္ျပင္၊ ျပင္ပေရာဂါကူစက္ျခင္းမွ ကာကြယ္ေပးေသာ စိမ္းစားဥကိုစားေပးျခင္းျဖင့္ ကိုယ္ခံစြမ္း အားကို တိုးတက္ျမင့္မားေစသည္။

( ၆ ) စိမ္းစားဥထဲတြင္ ေရဓာတ္ ၈၆% မွ ၉၀% ထိ ႂကြယ္ဝစြာပါရွိေသာေၾကာင့္၊ ေရငတ္ေျပေစကာ၊ ခႏၶာကိုယ္တြင္း အပူရွိန္ကို ေလ်ာ့ပါးသက္သာေစႏိုင္ပါသည္။ ဆီးလဲ ႐ႊင္ေစပါသည္။

( ၇ ) စိမ္းစားဥ၏ အလြန္ႂကြပ္ဆပ္ေသာအသားမ်ားက သြားမ်ားတြင္ အစြန္းအထင္းျဖစ္ေစေသာေမာ္လီက်ဴးမ်ားကိုေကာင္းစြာ ေခ်ဖ်က္ေပးသျဖင့္၊ သြားမ်ားျဖဴေဖြးသန႔္စင္ေစ႐ုံသာမက၊ သြားက်န္းမာေရးကို အေထာက္အကူျဖစ္ေစႏိုင္ပါသည္။

( ၈ ) ကိုယ္တြင္းက်န္းမာေရးအတြက္သာမက၊ ခႏၶာကိုယ္အသားအေရကိုပါေကာင္းက်ိဳးျပဳေစႏိုင္၏။ စိမ္းစာဥကိုပါးပါးလွီးၿပီး မ်က္ႏွာ အႏွံ႔ကပ္ပါ။ စိမ္းစားဥ၏ အေအးဓာတ္ေပ်ာက္သြားေသာအခါ မ်က္ႏွာမွခြာၿပီး၊ ေရင္စင္ေဆးေပး႐ုံမွ်ျဖင့္ မ်က္ႏွာေပၚရွိဆဲလ္ အေသမ်ားကို ဖယ္ရွားေပးၿပီး၊ ေခြၽးေပါက္မ်ားကိုပြင့္ေစကာ၊ အသားအေရ ၾကည္လင္သန႔္စင္လာပါလိမ့္မည္။

[ Unicode ]

ရှောင်ရန်များ
(၁) စိမ်းစားဥ နှင့်နို့/ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ဖြင့်တွဲ၍မစားသင့်ပါ၊ အော့အန်တတ်ပါသည်။

(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။

(၃) စိမ်းစားဥကို လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့်ပါသည်။

(၄) မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့်ပါသည်။

ဆောင်ရန်များ။
( ၁ ) စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။

( ၂ )ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေး ငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။

( ၃ )စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေ သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။

( ၄ )ကယ်လိုရီလုံးဝမပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါများအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလဲ မဖြစ်စေပါ။

( ၅ )ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကိုစားပေးခြင်းဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေသည်။

( ၆ ) စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်ဝစွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။

( ၇ ) စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသောမော်လီကျူးများကိုကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။

( ၈ ) ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါကောင်းကျိုးပြုစေနိုင်၏။ စိမ်းစာဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင်သန့်စင်လာပါလိမ့်မည်။

Ref; goodhealth

 

403 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.