ဂျပန်နိုင်ငံက fan တွေနဲ့ လှည့်လည်တွေ့ဆုံဖို့ စီစဉ်လိုက်တဲ့ လီဗြောင်ဟွန်း

actor-lee-byung-hun-to-hold-6-city-japan-fan-meeting-tour.jpg

          နယူးရီးယားအစီအစဉ်သစ်အနေနဲ့ သရုပ်ဆောင်လီဗြောင်ဟွန်းက ဂျပန်မှာရှိတဲ့ သူ့ရဲ့ fans တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ ဇန်န၀ါရီလ (၃၀)ရက်နေ့က သူ့ရဲ့ management ကုမ္ပဏီတစ်ခုဖြစ်တဲ့ BH Entertainment ကနေ ပြီး ကြေငြာခဲ့တာဖြစ်ပါတယ်။

          ဒီခရီးစဉ်ကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ မြို့ပေါင်း (၆)မြို့ကို လှည့်လည်တွေ့ဆုံမှာဖြစ်ပါတယ်။

          လီဗြောင်ဟွန်းဟာ သူ့ရဲ့ “Beautiful Days” နဲ့ “All In” စတဲ့ ဇတ်ကားတွေနဲ့ ဂျပန်ပရိသတ်ရဲ့ အားပေးမှု အတော်များများကို ပိုင်ဆိုင်ထားနိုင်ပါတယ်။ ဂျပန်ပရိသတ်တွေက သူ့ကို nickname အနေနဲ့ “Byunsama” လို့ခေါ်ပါတယ်။ သူ့ရဲ့ မင်္ဂလာဆောင်မှာတုန်းက ဂျပန်ပရိသတ် ၅၀၀ လောက် လာရောက် ကြည့်ရှုကြတာ တွေ့ရပြီး ဒါဟာသူ့ရဲ့ အတိုင်းမသိ ကျော်ကြားမှုရဲ့ ပြယုဂ်တစ်ခုပါပဲ။

          ဒီခရီးစဉ်မှာ ပါဝင်မယ့် မြို့တွေကတော့ Tokyo , Osaka , Yokohama, Fukuoka , Nagoya နဲ့ Sendai တို့ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီက (၃)ရက်နေ့ကနေ (၁၀)ရက်နေ့အတွင်း အပြီးလှည့်လည် တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

          ဒီခရီးစဉ်ဟာ သူနဲ့ သူရဲ့ဇနီး သရုပ်ဆောင် Lee Min Jung တို့ရဲ့ လက်ထပ်ပြီးနောက် ပထမဆုံး အတူလှည့်လည်တွေ့ဆုံတဲ့ ပထမဆုံး ခရီးလည်းဖြစ်ပါတယ်။ နောက်တစ်ချက်က Lee Byung Hun ဟာ ဒီနှစ် နှစ်လယ်လောက်မှာ ဇာတ်ကားတစ်ကား ထွက်ဖို့လည်းရှိပါတယ်။ ဇာတ်ကားကတော့ အက်ရှင်ဇာတ်ကား ဖြစ်ပြီး လက်စားချေတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ သူ့ရဲ့ဇာတ်ဝင်ခန်းတွေကိုတော့ Goryeo Dynasty အသွင် ရိုက်ကူးထားပါတယ်။

Ref:kpopstarz

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.