အခ်စ္ႀကီးသူေတြ လုပ္မိတဲ့အခ်က္မ်ား

၁။ စိုးရိမ္ႀကီးလြန္းျခင္း
သူ႔ကိုမခ်စ္ေတာ့မွာ၊ ေမ့သြားမွာကို စိုးရိမ္လြန္းတဲ့စိတ္နဲ႔ သင့္အေပၚ ခ်ဳပ္ခ်ယ္မိတာမ်ိဳး ၊ေစာင့္ၾကည့္တာမ်ိဳးေတြကို ျပဳလုပ္တတ္ပါတယ္။ ႏွစ္ေယာက္စလုံးအတြက္ မေကာင္းေပမယ့္ သူ႔စိတ္ကို သူေတာင္မသိလိုက္ဘဲ ဒီလိုအျပဳအမူေတြကို ျပဳမိတတ္ပါတယ္။

 

၂။ သဝန္တိုလြန္းျခင္း
ခ်စ္သူက သဝန္တိုတာကို သေဘာမက်တဲ့သူ မရွိၾကပါဘူးေနာ္။ ဒါေပမယ့္ ပုံမွန္ထက္ပိုၿပီး အလြန္အၾကဴ း သဝန္တိုတာကေတာ့ ကိုယ္တိုင္အတြက္ေရာ တဘက္လူအတြက္ပါ ဝန္ထုတ္ဝန္ပိုးျဖစ္ေစပါတယ္။ အခ်စ္ႀကီးလြန္းသူေတြဟာ သူ႔ခ်စ္သူကို ဆုံးရႈံးရမွာေၾကာက္တဲ့စိတ္နဲ႔ ဒီလိုသဝန္တိုတာမ်ိဳးေတြကို ခဏခဏျပဳမိၾကပါတယ္။ ဒါေၾကာင့္မို႔ ေရရွည္ လက္တြဲၾကမယ္ဆိုရင္ေတာ့အမ်ားႀကီး နားလည္မႈေတြေပးႏိုင္ဖို႔ လိုအပ္မယ္လို႔ထင္ပါတယ္။

၃။ အရမ္း ဂ႐ုစိုက္ျခင္း
ခ်စ္သူက ဂ႐ုစိုက္တာကို မႀကိဳက္တဲ့သူေတာ့ ဘယ္ရွိပါ့မလဲေနာ္ ။ အခ်စ္ႀကီးတဲ့သူေတြကေတာ့ ပုံမွန္ထက္ပိုၿပီး ဂ႐ုစိုက္ ခံခ်င္ၾကပါတယ္။ တစ္ခါတစ္ေလ ကိုယ္ကအေသးအဖြဲလို႔ ထင္မိတဲ့အရာေလးေတြက သူ႔အတြက္ခံစားေစတဲ့အရာေတြ ျဖစ္ေနတတ္ပါတယ္။ ဥပမာ မနက္တိုင္းsmsပို႔တာ၊ ျပန္ေရာက္တာနဲ႔ဖုန္းဆက္တာလိုမ်ိဳးေတြကို တစ္ခါတစ္ရံမလုပ္မိတဲ့အခါ သူ႔ဘက္က အမ်ားႀကီးခံစားေနတတ္ပါတယ္။

၄။ အေတြး မ်ားတတ္ျခင္း
သင္နဲ႔ပတ္သက္ရင္ သူ႔အေတြးေတြက အၿမဲတမ္းစိုးရိမ္ေနတတ္တယ္။ ခ်စ္သူကထားခဲ့မွာ၊ ခ်စ္သူက စိတ္ပ်က္သြားမွာကို စိုးရိမ္လြန္းတတ္သူေတြမို႔ သင့္ရဲ႕အျပဳအမူတိုင္းကို သတိထားတတ္ပါတယ္။ သင့္ဘက္က နည္းနည္း လစ္ဟာသြားတာနဲ႔ အားငယ္စိတ္ဝင္ၿပီး အေတြးေပါင္းစုံနဲ႔ စိတ္ညစ္တတ္သူပါ။ ဒါေၾကာင့္မို႔ ဒီလိုလူကိုခ်စ္မိၿပီဆိုရင္ေတာ့ အမ်ားႀကီး ဂ႐ုစိုက္ခ်စ္ေပးဖို႔ လိုအပ္ပါလိမ့္မယ္ေနာ္။

[ Unicode ]

၁။ စိုးရိမ်ကြီးလွန်းခြင်း
သူ့ကိုမချစ်တော့မှာ၊ မေ့သွားမှာကို စိုးရိမ်လွန်းတဲ့စိတ်နဲ့ သင့်အပေါ် ချုပ်ချယ်မိတာမျိုး ၊စောင့်ကြည့်တာမျိုးတွေကို ပြုလုပ်တတ်ပါတယ်။ နှစ်ယောက်စလုံးအတွက် မကောင်းပေမယ့် သူ့စိတ်ကို သူတောင်မသိလိုက်ဘဲ ဒီလိုအပြုအမူတွေကို ပြုမိတတ်ပါတယ်။

၂။ သဝန်တိုလွန်းခြင်း
ချစ်သူက သဝန်တိုတာကို သဘောမကျတဲ့သူ မရှိကြပါဘူးနော်။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး အလွန်အကြူ း သဝန်တိုတာကတော့ ကိုယ်တိုင်အတွက်ရော တဘက်လူအတွက်ပါ ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။ အချစ်ကြီးလွန်းသူတွေဟာ သူ့ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ဒီလိုသဝန်တိုတာမျိုးတွေကို ခဏခဏပြုမိကြပါတယ်။ ဒါကြောင့်မို့ ရေရှည် လက်တွဲကြမယ်ဆိုရင်တော့အများကြီး နားလည်မှုတွေပေးနိုင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။

၃။ အရမ်း ဂရုစိုက်ခြင်း
ချစ်သူက ဂရုစိုက်တာကို မကြိုက်တဲ့သူတော့ ဘယ်ရှိပါ့မလဲနော် ။ အချစ်ကြီးတဲ့သူတွေကတော့ ပုံမှန်ထက်ပိုပြီး ဂရုစိုက် ခံချင်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်ကအသေးအဖွဲလို့ ထင်မိတဲ့အရာလေးတွေက သူ့အတွက်ခံစားစေတဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ မနက်တိုင်းsmsပို့တာ၊ ပြန်ရောက်တာနဲ့ဖုန်းဆက်တာလိုမျိုးတွေကို တစ်ခါတစ်ရံမလုပ်မိတဲ့အခါ သူ့ဘက်က အများကြီးခံစားနေတတ်ပါတယ်။

၄။ အတွေး များတတ်ခြင်း
သင်နဲ့ပတ်သက်ရင် သူ့အတွေးတွေက အမြဲတမ်းစိုးရိမ်နေတတ်တယ်။ ချစ်သူကထားခဲ့မှာ၊ ချစ်သူက စိတ်ပျက်သွားမှာကို စိုးရိမ်လွန်းတတ်သူတွေမို့ သင့်ရဲ့အပြုအမူတိုင်းကို သတိထားတတ်ပါတယ်။ သင့်ဘက်က နည်းနည်း လစ်ဟာသွားတာနဲ့ အားငယ်စိတ်ဝင်ပြီး အတွေးပေါင်းစုံနဲ့ စိတ်ညစ်တတ်သူပါ။ ဒါကြောင့်မို့ ဒီလိုလူကိုချစ်မိပြီဆိုရင်တော့ အများကြီး ဂရုစိုက်ချစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်နော်။

Ref; rsgoals

 

20K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.