ပါဝင်သောပစ္စည်းများ
၁။ ငါးဖယ်
၂။ ငရုတ်သီးစိမ်း
၎။ သံပုရာသီး
၅။ ငံပြာရည်
ပြုလုပ်နည်း
[ Unicode ]
နူးညံ့အိမွှေးတဲ့ ငါးဖယ်ပေါင်းထုပ်ထုပ်လေးကို အဝဆွဲဖို့ ငါးဖယ်ပေါင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ငါးဖယ်
၂။ ငရုတ်သီးစိမ်း
၃။ နနွင်း၊ ဆား၊ အချိုမှုန့် (သို့) ဟင်းခတ်မှုန့် (သို့) ကြက်သားမှုန့်
၄။ သံပုရာသီး
၅။ ငံပြာရည်
၆။ ပူဒီနာ (သို့) ပူတီနံ (သို့) ပူစီနံ
ပြုလုပ်နည်း
၁။ ငါးဖယ်ကို ဆနွင်း ဆား အချိုမှုန့် ငရုတ်ကောင်းထည့်ပြီး ထောင်းပေးပါ။
၂။ ပေါင်းရလွယ်အောင် အကုန်လုံးကို စုပြီး အတောင့်ရှည်သဏ္ဍာန် ဖော်ပြီး ပေါင်းအိုးအလယ်ကန့်အသုံးပြုကာ ၄၀မိနစ်ခန့်ပေါင်းပေးပါ။
၃။ ရလျှင် အဝိုင်းပုံစံ မထူမပါးပုံစံလှီးထားပေးပါ။
၄။ ငရုတ်သီးစိမ်းကိုပြုတ်ပြီးထောင်းထားပေးပါ။
၅။ အချဉ်ရည်ဖျော်ဖို့အတွက် ငါးဖယ်ပေါင်းတုန်းကထွက်လာတဲ့ အရည်ကိုယူပါ။ မီးဖိုပေါ်မှာ ဆူအောင်ပြန်တည်ပြီး အအေးခံထားပါ။
၆။ ရလျှင် ထောင်းထားတဲ့ ငရုတ်သီးရယ် သံပုရာရည် ငံပြာရည် ကြက်သားမှုန့် ထည့်ပြီးမွှေပါ။ ငါးဖယ်ပေါင်းအပေါ်မှ ဆမ်း ပူတီနံလေးအုပ်။
ဟော…ဒါဆို အရသာရှိတဲ့ ငါးဖယ်ပေါင်းလေးစားလို့ရပါပြီနော်။
Ref; asianfood
812 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.