ခ်စ္သူအခ်င္းခ်င္းၾကားမွာ ေစာင့္စည္းရမယ့္အရာမ်ား

ဒီအခ်က္ေလးေတြကို သိထားေပးၿပီး ေရွာင္ရွားေပးႏိုင္မွ ၾကည္ႏူးစရာေကာင္းတဲ့ခ်စ္ျခင္းျပည့္ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္မွာပဲ ျဖစ္ပါတယ္။

၁။ ကိုယ့္မွာ သိပ္ခ်စ္ရတဲ့ခ်စ္သူ ရွိေၾကာင္း သိသာေနပါေစ
ဒီေခတ္မွာက ပိုင္ရွင္ရွိတယ္ ဆိုရင္ေတာင္ အတင္း လိုက္ကပ္ေနတဲ့သူေတြ ရွိတတ္တာေၾကာင့္ ႀကိဳၿပီး ကာကြယ္ထားတဲ့သေဘာပါ။ အမ်ားႀကီးေတာ့ ခ်စ္မျပပါနဲ႔။ အမ်ားႀကီး ခ်စ္ျပတာကလည္း သိပ္ခ်စ္တတ္တဲ့သူဆိုတာကို သိသာေစၿပီး အခ်စ္ခံခ်င္တဲ့သူေတြ အႀကိဳက္ျဖစ္သြားႏိုင္တဲ့အတြက္မို႔လို႔ပါ။ ကိုယ့္မွာ ခ်စ္ရတဲ့သူ ရွိတယ္ ။ သူ႔ကို ခ်စ္တယ္ ဆိုတာေလာက္ပဲ သိသာေနပါေစ။

၂။ အရာတိုင္းကို လိုက္ၿပီး စစ္ေဆးတာမ်ိဳးကို ေရွာင္ပါ
ခ်စ္သူဆိုတာနဲ႔ပဲ အရာတိုင္းကို လိုက္ၿပီး ပိုင္ဆိုင္ခ်င္တာမ်ိဳး၊ အတိအက် လိုက္ စစ္ေဆးတာမ်ိဳးကို မလုပ္ရပါဘူးေနာ္။ အခ်င္းခ်င္းၾကားမွာ ယုံၾကည္စိတ္ခ်တယ္ ဆိုတဲ့အခ်က္ေလးကို မေမ့လိုက္ပါနဲ႔။ ကိုယ့္ခ်စ္သူကို တကယ္ခ်စ္တယ္ဆိုရင္ ယုံၾကည္ေပးျခင္းနဲ႔ သက္ေသျပတတ္ပါေစ။ အရာတိုင္းကို လိုက္ၿပီး မယုံသလို စစ္ၿပီး ေမးတာမ်ိဳးကို ေရွာင္ပါေနာ္။ ေမးသင့္သေလာက္ပဲ ေမးပါ။ ကိုယ့္ခ်စ္သူေလးက လိုတာဆိုရင္ ေျပာျပမွာပါ။ မေျပာျပဘူး ဆိုတာကလည္း အေၾကာင္းရွိမွာ ျဖစ္တဲ့အတြက္ အတင္းလိုက္ၿပီး စစ္ေဆးသလိုမ်ိဳး မလုပ္ရပါဘူးေနာ္။

ခ်စ္သူဆိုတာနဲ႔ပဲ သူ႔ကို အလုံးစုံ လိုက္ၿပီး ခ်ဳပ္ခ်ယ္ခြင့္ရလိုက္တာမ်ိဳး၊ စိုးရိမ္လို႔ပါ ခ်စ္လို႔ပါ ဆိုၿပီး အရာတိုင္းကို လိုက္ၿပီး စိတ္ပူေပးတာမ်ိဳးကေတာ့ တစ္ဖက္သူကို မလြတ္မလပ္ ျဖစ္ေစႏိုင္လို႔ အခ်င္းခ်င္းၾကားမွာ ေစာင့္စည္းရမယ့္အရာေလးမ်ားကို ေဝမွ်လိုက္ပါတယ္ေနာ္။

[ Unicode ]

ဒီအချက်လေးတွေကို သိထားပေးပြီး ရှောင်ရှားပေးနိုင်မှ ကြည်နူးစရာကောင်းတဲ့ချစ်ခြင်းပြည့်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

၁။ ကိုယ့်မှာ သိပ်ချစ်ရတဲ့ချစ်သူ ရှိကြောင်း သိသာနေပါစေ
ဒီခေတ်မှာက ပိုင်ရှင်ရှိတယ် ဆိုရင်တောင် အတင်း လိုက်ကပ်နေတဲ့သူတွေ ရှိတတ်တာကြောင့် ကြိုပြီး ကာကွယ်ထားတဲ့သဘောပါ။ အများကြီးတော့ ချစ်မပြပါနဲ့။ အများကြီး ချစ်ပြတာကလည်း သိပ်ချစ်တတ်တဲ့သူဆိုတာကို သိသာစေပြီး အချစ်ခံချင်တဲ့သူတွေ အကြိုက်ဖြစ်သွားနိုင်တဲ့အတွက်မို့လို့ပါ။ ကိုယ့်မှာ ချစ်ရတဲ့သူ ရှိတယ် ။ သူ့ကို ချစ်တယ် ဆိုတာလောက်ပဲ သိသာနေပါစေ။

၂။ အရာတိုင်းကို လိုက်ပြီး စစ်ဆေးတာမျိုးကို ရှောင်ပါ
ချစ်သူဆိုတာနဲ့ပဲ အရာတိုင်းကို လိုက်ပြီး ပိုင်ဆိုင်ချင်တာမျိုး၊ အတိအကျ လိုက် စစ်ဆေးတာမျိုးကို မလုပ်ရပါဘူးနော်။ အချင်းချင်းကြားမှာ ယုံကြည်စိတ်ချတယ် ဆိုတဲ့အချက်လေးကို မမေ့လိုက်ပါနဲ့။ ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ယုံကြည်ပေးခြင်းနဲ့ သက်သေပြတတ်ပါစေ။ အရာတိုင်းကို လိုက်ပြီး မယုံသလို စစ်ပြီး မေးတာမျိုးကို ရှောင်ပါနော်။ မေးသင့်သလောက်ပဲ မေးပါ။ ကိုယ့်ချစ်သူလေးက လိုတာဆိုရင် ပြောပြမှာပါ။ မပြောပြဘူး ဆိုတာကလည်း အကြောင်းရှိမှာ ဖြစ်တဲ့အတွက် အတင်းလိုက်ပြီး စစ်ဆေးသလိုမျိုး မလုပ်ရပါဘူးနော်။

ချစ်သူဆိုတာနဲ့ပဲ သူ့ကို အလုံးစုံ လိုက်ပြီး ချုပ်ချယ်ခွင့်ရလိုက်တာမျိုး၊ စိုးရိမ်လို့ပါ ချစ်လို့ပါ ဆိုပြီး အရာတိုင်းကို လိုက်ပြီး စိတ်ပူပေးတာမျိုးကတော့ တစ်ဖက်သူကို မလွတ်မလပ် ဖြစ်စေနိုင်လို့ အချင်းချင်းကြားမှာ စောင့်စည်းရမယ့်အရာလေးများကို ဝေမျှလိုက်ပါတယ်နော်။

Ref; rsgoals

 

7K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.