တုတ္ထိုးစုံျပဳလုပ္နည္း

လတ္ဆတ္သန႔္ရွင္းတဲ့ တုတ္ထိုးစုံေလးကို အိမ္မွာအဝဆြဲဖို႔ တုတ္ထိုးစုံျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား
၁။ ငါးဖယ္ ၁၅က်ပ္သား
၂။ အာလူးေသး ၂၀က်ပ္သား
၃။ သခြားသီး ၂လုံး
၄။ ပဲျပား ၂တုံး
၅။ ပဲေသြး ၅ခု
၆။ ငုံးဥ ၁၅လုံး
၇။ အသားတု ၁ထုပ္

ျပဳလုပ္နည္း
၁။ ငါးဖယ္မ်ားကိုအရသာမႈန႔္ နႏြင္းမႈန႔္ႏွင့္ဆားတို႔ကိုထည့္၍ေစးေနေအာင္နယ္ကာအလုံးခြၽန္ေလးမ်ားျပဳလုပ္၍ဆီပူပူတြင္ေၾကာ္ထားပါ။

၂။ အားလူးေလးမ်ားကိုျပဳတ္၍အခြံခြာကာအရသာမႈန႔္ ဆား င႐ုတ္အေရာင္တင္မႈန႔္အနည္းငယ္နဲ႔ေရာနယ္ပါ။ဒယ္အိုးထဲတြင္ဆီအနည္းငယ္ထည့္၍ဆီပူလာလွ်င္အာလူးမ်ားကိုထည့္လွိမ့္ကာအေရာင္ရလွ်င္ဆယ္ထားပါ။

၃။ သခြားသီးကိုအရွည္ေလးမ်ားလွီးထားပါ။
၄။ ပဲျပားကိုႀတိဂံပုံအတုံးေလးမ်ားတုံး၍နႏြင္းမႈန႔္ ဆားႏွင့္နယ္ကာေ႐ႊဝါေရာင္သမ္းသည္အထိေၾကာ္ထားပါ။
၅။ ပဲေသြးကိုတစ္ခုလွ်င္(၃)တုံးလွီး၍အရသာမႈန႔္ ဆားႏွင့္ေရခမ္းျပဳတ္ထားပါ။
၆။ ငုံးဥကိုျပဳတ္ပီးအခြံခြာ၍ပဲငံျပာရည္အပ်စ္အနည္းငယ္ႏွင့္ဒယ္အိုးထဲတြင္လွိမ့္ေပးထားပါ။
၇။ အသားတုမ်ားကိုေရစိမ္၍ေပ်ာ့လာလွ်င္ေရညႇစ္ထုတ္ကာဆီပူပူတြင္ေၾကာ္ကာဆယ္ထားပါ။

***မန္က်ည္းမွည့္အခ်ဥ္ရည္အတြက္
မန္က်ည္းသီးမွည့္ စားပြဲတင္ဇြန္းဝက္
ထန္းလ်က္ခဲ ၂လုံး
င႐ုတ္ဆီ စားပြဲတင္ဇြန္း၁ဇြန္း
ၾကက္သြန္ျဖဴ အနည္းငယ္
ခ်င္း အနည္းငယ္
နံနံပင္ အနည္းငယ္
င႐ုတ္သီးစိမ္း အနည္းငယ္

~မန္က်ည္းသီးမွည့္ႏွင့္ထန္းလ်က္ခဲကိုေရ(ႏို႔ဆီဗူးဝက္)ခန႔္ႏွင့္ေရာ၍က်ိဳေပးပါ။အႏွစ္ရလာလွ်င္ဆန္ကာျဖင့္စစ္၍ပန္းကန္လုံးထဲသို႔ထည့္ပါ။
ထိုပန္းကန္လုံးထဲသို႔င႐ုတ္ဆီ ဆားအနည္းငယ္ ခ်င္း င႐ုတ္သီးစိမ္းႏွင့္ၾကက္သြန္ျဖဴေထာင္းကိုထည့္၍ေမႊေပးပါ။ထို႔ေနာက္အနည္းငယ္ေအးလွ်င္နံနံပင္ကိုပါးပါးလွီးထည့္၍ေမႊေပးပါ။

ထို႔ေနာက္ငါးဖယ္ အာလူး သခြားသီး ပဲျပား ပဲေသြး ငုံးဥ အသားတုတို႔ကိုတုတ္ထိုး၍အခ်ဥ္ရည္ ၾကာဆံေၾကာ္တို႔ျဖင့္ အရသာရွိရွိသုံးေဆာင္ႏိုင္ပါၿပီ။

[ Unicode ]

လတ်ဆတ်သန့်ရှင်းတဲ့ တုတ်ထိုးစုံလေးကို အိမ်မှာအဝဆွဲဖို့ တုတ်ထိုးစုံပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁။ ငါးဖယ် ၁၅ကျပ်သား
၂။ အာလူးသေး ၂၀ကျပ်သား
၃။ သခွားသီး ၂လုံး
၄။ ပဲပြား ၂တုံး
၅။ ပဲသွေး ၅ခု
၆။ ငုံးဥ ၁၅လုံး
၇။ အသားတု ၁ထုပ်

ပြုလုပ်နည်း
၁။ ငါးဖယ်များကိုအရသာမှုန့် နနွင်းမှုန့်နှင့်ဆားတို့ကိုထည့်၍စေးနေအောင်နယ်ကာအလုံးချွန်လေးများပြုလုပ်၍ဆီပူပူတွင်ကြော်ထားပါ။

၂။ အားလူးလေးများကိုပြုတ်၍အခွံခွာကာအရသာမှုန့် ဆား ငရုတ်အရောင်တင်မှုန့်အနည်းငယ်နဲ့ရောနယ်ပါ။ဒယ်အိုးထဲတွင်ဆီအနည်းငယ်ထည့်၍ဆီပူလာလျှင်အာလူးများကိုထည့်လှိမ့်ကာအရောင်ရလျှင်ဆယ်ထားပါ။

၃။ သခွားသီးကိုအရှည်လေးများလှီးထားပါ။
၄။ ပဲပြားကိုတြိဂံပုံအတုံးလေးများတုံး၍နနွင်းမှုန့် ဆားနှင့်နယ်ကာရွှေဝါရောင်သမ်းသည်အထိကြော်ထားပါ။
၅။ ပဲသွေးကိုတစ်ခုလျှင်(၃)တုံးလှီး၍အရသာမှုန့် ဆားနှင့်ရေခမ်းပြုတ်ထားပါ။
၆။ ငုံးဥကိုပြုတ်ပီးအခွံခွာ၍ပဲငံပြာရည်အပျစ်အနည်းငယ်နှင့်ဒယ်အိုးထဲတွင်လှိမ့်ပေးထားပါ။
၇။ အသားတုများကိုရေစိမ်၍ပျော့လာလျှင်ရေညှစ်ထုတ်ကာဆီပူပူတွင်ကြော်ကာဆယ်ထားပါ။

***မန်ကျည်းမှည့်အချဉ်ရည်အတွက်
မန်ကျည်းသီးမှည့် စားပွဲတင်ဇွန်းဝက်
ထန်းလျက်ခဲ ၂လုံး
ငရုတ်ဆီ စားပွဲတင်ဇွန်း၁ဇွန်း
ကြက်သွန်ဖြူ အနည်းငယ်
ချင်း အနည်းငယ်
နံနံပင် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်

~မန်ကျည်းသီးမှည့်နှင့်ထန်းလျက်ခဲကိုရေ(နို့ဆီဗူးဝက်)ခန့်နှင့်ရော၍ကျိုပေးပါ။အနှစ်ရလာလျှင်ဆန်ကာဖြင့်စစ်၍ပန်းကန်လုံးထဲသို့ထည့်ပါ။
ထိုပန်းကန်လုံးထဲသို့ငရုတ်ဆီ ဆားအနည်းငယ် ချင်း ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူထောင်းကိုထည့်၍မွှေပေးပါ။ထို့နောက်အနည်းငယ်အေးလျှင်နံနံပင်ကိုပါးပါးလှီးထည့်၍မွှေပေးပါ။

ထို့နောက်ငါးဖယ် အာလူး သခွားသီး ပဲပြား ပဲသွေး ငုံးဥ အသားတုတို့ကိုတုတ်ထိုး၍အချဉ်ရည် ကြာဆံကြော်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Ref; asianfood

 

322 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.