စုံတြဲတိုင္း လိုက္နာရမယ့္ အခ်စ္စည္းမ်ဥ္းမ်ား

အခ်စ္စည္းမ်ဥ္းေလးေတြ မလိုက္နာရင္ ႏွလုံးသားတရားခံေလးေတြကို ကံၾကမၼာတရားသူႀကီးက တစ္သက္လုံးေဝးေစ အမိန႔္ခ်လိုက္မွာမို႔ လိုက္နာေပးပါ။

၁။ တစ္ေယာက္နဲ႔ တစ္ေယာက္ (၅)ရက္ (၆)ရက္ထက္ ပိုၿပီးခြဲမေနပါနဲ႔
ေရျခားေျမျခား ျဖစ္ေနတာ မဟုတ္ရင္ လူခ်င္းကိုယ္တိုင္ေတြ႕ေပးႏိုင္ဖို႔ ႀကိဳးစားပါေနာ္။ ေရျခားေျမျခား ေဝးေနရင္ေတာ့ Video Call ေခၚဖို႔ မေမ့နဲ႔ေနာ္။

၂။ စကားမေျပာဘဲ အိပ္ယာမဝင္ပါနဲ႔
တစ္ေန႔တာရဲ႕ အေတြ႕အႀကဳံေတြ၊ တီတီတာတာ စကားေလးေတြကို ညအိပ္ရာမဝင္ခင္ ေသခ်ာေပါက္ ေျပာေပးပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အရမ္းအိပ္ခ်င္ေနရင္ေတာင္ ခ်စ္တယ္ဆိုတဲ့ စကားတစ္ခြန္း ေျပာၿပီးမွ အိပ္ပါေနာ္။

၃။ တစ္ႏွစ္မွာ သုံးေခါက္ ခရီးတို ထြက္ေပးပါ
ႏွစ္ေယာက္အတူတူ ခရီးတိုေလးေတြကို ေလးလ တစ္ႀကိမ္ေတာ့ ပုံမွန္ထြက္ေပးဖို႔ လိုပါတယ္။ ခရီးတို ဆိုတဲ့ေနရာမႏွာ အပန္းေျဖခရီးေတြေရာ၊ ေလ့လာေရး ခရီးေတြေရာ၊ ေန႔ခ်င္းျပန္ ခရီးေတြပါ အက်ဳံးဝင္ပါတယ္။

၄။ အၿမဲဖုန္းေျပာေပးပါ
အေနေဝးေနတဲ့ ခ်စ္သူေတြ အတြက္ကေတာ့ ဖုန္းေလးကိုပဲ အားကိုးရမွာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မေတြ႕ျဖစ္တဲ့ ကာလေတြမွာ ဖုန္းေျပာေပးဖို႔ မေမ့နဲ႔ေနာ္။၏
စာပုံမွန္ပို႔ပါ။ ခ်စ္စရာေကာင္းတဲ့ SMS ေလးေတြေပါ့။ ခ်စ္သူေတြၾကားမွာ မရွိမျဖစ္တဲ့ အရာေတြေလ။

၅။ ပုံမွန္ ခ်ိန္းေတြ႕ေပးပါ
ခ်စ္သူ သက္တမ္း ၾကာသြားၿပီ၊ လင္မယား ျဖစ္သြားၿပီ ဆိုၿပီး ႀကိဳက္စတုန္းကလို အထူးတလည္ ခ်ိန္းေတြ႕စရာမလိုဘူးလို႔ မေတြးပါနဲ႔ေနာ္။ ဆယ္ရက္ တစ္ခါေလာက္ေတာ့ လွလွေလးျပင္ၿပီ ခ်ိန္းေတြ႕ေပးပါ။

[ Unicode ]

အချစ်စည်းမျဉ်းလေးတွေ မလိုက်နာရင် နှလုံးသားတရားခံလေးတွေကို ကံကြမ္မာတရားသူကြီးက တစ်သက်လုံးဝေးစေ အမိန့်ချလိုက်မှာမို့ လိုက်နာပေးပါ။

၁။ တစ်ယောက်နဲ့ တစ်ယောက် (၅)ရက် (၆)ရက်ထက် ပိုပြီးခွဲမနေပါနဲ့
ရေခြားမြေခြား ဖြစ်နေတာ မဟုတ်ရင် လူချင်းကိုယ်တိုင်တွေ့ပေးနိုင်ဖို့ ကြိုးစားပါနော်။ ရေခြားမြေခြား ဝေးနေရင်တော့ Video Call ခေါ်ဖို့ မမေ့နဲ့နော်။

၂။ စကားမပြောဘဲ အိပ်ယာမဝင်ပါနဲ့
တစ်နေ့တာရဲ့ အတွေ့အကြုံတွေ၊ တီတီတာတာ စကားလေးတွေကို ညအိပ်ရာမဝင်ခင် သေချာပေါက် ပြောပေးပါ။ အကြောင်းအမျိုးမျိုးကြောင့် အရမ်းအိပ်ချင်နေရင်တောင် ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း ပြောပြီးမှ အိပ်ပါနော်။

၃။ တစ်နှစ်မှာ သုံးခေါက် ခရီးတို ထွက်ပေးပါ
နှစ်ယောက်အတူတူ ခရီးတိုလေးတွေကို လေးလ တစ်ကြိမ်တော့ ပုံမှန်ထွက်ပေးဖို့ လိုပါတယ်။ ခရီးတို ဆိုတဲ့နေရာမနှာ အပန်းဖြေခရီးတွေရော၊ လေ့လာရေး ခရီးတွေရော၊ နေ့ချင်းပြန် ခရီးတွေပါ အကျုံးဝင်ပါတယ်။

၄။ အမြဲဖုန်းပြောပေးပါ
အနေဝေးနေတဲ့ ချစ်သူတွေ အတွက်ကတော့ ဖုန်းလေးကိုပဲ အားကိုးရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်တဲ့ ကာလတွေမှာ ဖုန်းပြောပေးဖို့ မမေ့နဲ့နော်။၏
စာပုံမှန်ပို့ပါ။ ချစ်စရာကောင်းတဲ့ SMS လေးတွေပေါ့။ ချစ်သူတွေကြားမှာ မရှိမဖြစ်တဲ့ အရာတွေလေ။

၅။ ပုံမှန် ချိန်းတွေ့ပေးပါ
ချစ်သူ သက်တမ်း ကြာသွားပြီ၊ လင်မယား ဖြစ်သွားပြီ ဆိုပြီး ကြိုက်စတုန်းကလို အထူးတလည် ချိန်းတွေ့စရာမလိုဘူးလို့ မတွေးပါနဲ့နော်။ ဆယ်ရက် တစ်ခါလောက်တော့ လှလှလေးပြင်ပြီ ချိန်းတွေ့ပေးပါ။

Ref; rsgoals

 

209 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.