ေထာပတ္သီးက ဘာေတြေကာင္းတာလဲ

(၁) ကင္ဆာေရာဂါကာကြယ္ေပးျခင္း
ေထာပတ္သီးထဲမွာ ပါဝင္ေသာ ဓာတုပစၥည္းမ်ားအခ်ိဳ႕က ကင္ဆာ ကလာပ္စည္းမ်ားကို ဖ်က္ဆီးပစ္ႏိုင္ ေၾကာင္း၊ က်န္းမာေနေသာ ကလာပ္ စည္းမ်ားကိုလည္းထိခိုက္မႈမရွိေၾကာင္း၊ ထို႔ေၾကာင့္ ဆီးက်ိတ္ကင္ဆာ၊ ခံတြင္း ကင္ဆာတို႔ကို ကာကြယ္ႏိုင္ျခင္းရွိ ေၾကာင္း သိရပါတယ္။

(၂) ႏွလံုးေသြးေၾကာေရာဂါ ျဖစ္နုိင္ေျခ ေလ်ာ့က်ေစျခင္း
ေထာပတ္သီးတစ္ခြက္စာထဲမွာ လူတစ္ေယာက္ တစ္ေန႔တာ လိုအပ္ ေသာ Folate ေဖာလိတ္အမည္ရွိ ဗီတာမင္ B တစ္မ်ိဳး ၂၃ ရာခိုင္ႏႈန္း ပါဝင္ေၾကာင္း သိရပါတယ္။ ေဖာလိတ္ က ႏွလံုးေသြးေၾကာေရာဂါမျဖစ္ ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၃) ေသြးတြင္းအဆီဓါတ္ က်ဆင္းေစသည္
ေထာပတ္သီး တစ္ပတ္ခန္႔စားၿပီးလွ်င္ ကိုလက္စထ ေရာလ္ပမာဏ ၁၇ ရာခိုင္ႏႈန္းထိ က်ဆင္းသြားေစႏိုင္ေၾကာင္း ေတြ႕ရွိ ထားရပါတယ္။ ကိုလက္စထေရာလ္ နည္းတာႏွင့္အမွ် ႏွလံုးေသြးေၾကာ ေရာဂါျဖစ္ႏိုင္ေျခအခြင့္အလမ္း နည္း သြားေစပါတယ္။

(၄) ေလျဖတ္ျခင္းကို ကာကြယ္ျခင္း
ေထာပတ္သီးထဲမွာပါတဲ့ ေဖာလိတ္က ေလမျဖတ္ေအာင္ ကာကြယ္ေပးပါတယ္။

(၅) အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစျခင္း
Glutathione လို႔ေခၚတဲ့ အင္တီ ေအာက္စီးဒင့္ ၾကြယ္ဝစြာ ပါဝင္တဲ့ အတြက္ အဲဒီပစၥည္းက အသက္အရြယ္ အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေအာင္ လုပ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသက္အရြယ္ခ်င္းအတူတူ ပိုၿပီးႏုပ်ိဳ ေစႏိုင္ပါတယ္။ ဒါ့အျပင္ ႏွလံုးေရာဂါ ႏွင့္ ကင္ဆာေရာဂါတို႔ကိုလည္း ကာကြယ္ႏိုင္ပါေသးတယ္။

(၆) ဗီတာမင္ C,E ႏွင့္ K ၾကြယ္၀စြာ ပါ၀င္ျခင္း
ဗီတာမင္ C ႏွင့္ E ၾကြယ္ဝ ေသာေၾကာင့္ ခႏၶာကိုယ္အတြင္း ဓာတ္ တိုးျခင္းျဖစ္စဥ္မ်ား မျဖစ္ေအာင္ တားဆီးေပးပါတယ္။ ဗီတာမင္ K က ေသြးခဲရာမွာ ကူညီေပးပါတယ္။

(၇) အာဟာရစုပ္ယူမွု ပိုေကာင္းေစျခင္း
ကာ႐ိုတင္ႏြိဳက္လို႔ေခၚတဲ့ ပစၥည္း ေတြ ပါဝင္တဲ့အတြက္ အဆီတြင္ ေပ်ာ္ဝင္လြယ္ေသာ အာဟာရဓာတ္ မ်ား စုပ္ယူမႈ ပိုေကာင္းေစပါတယ္။ ေထာပတ္သီးအခြံႏွင့္ ကပ္လ်က္ အစိမ္းရင့္ေရာင္ရွိေသာအပိုင္းမွာ အမ်ားဆံုးပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ေထာပတ္သီးအခြံသင္တဲ့အခါ အဲဒီ အစိမ္းရင့္ေရာင္အပိုင္းေတြ လႊင့္ပစ္တဲ့ အထဲပါမသြားေအာင္ ဂ႐ုစိုက္၍ လွီးပါ။

[ Unicode ]

(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း
ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများအချို့က ကင်ဆာ ကလာပ်စည်းများကို ဖျက်ဆီးပစ်နိုင် ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်းထိခိုက်မှုမရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။

(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
ထောပတ်သီးတစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ် သော Folate ဖောလိတ်အမည်ရှိ ဗီတာမင် B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ် က နှလုံးသွေးကြောရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်
ထောပတ်သီး တစ်ပတ်ခန့်စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါဖြစ်နိုင်ခြေအခွင့်အလမ်း နည်း သွားစေပါတယ်။

(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း
ထောပတ်သီးထဲမှာပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ်ပေးပါတယ်။

(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း
Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်းရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက်အရွယ်ချင်းအတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း
ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ် တိုးခြင်းဖြစ်စဉ်များ မဖြစ်အောင် တားဆီးပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီပေးပါတယ်။

(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း
ကာရိုတင်နွိုက်လို့ခေါ်တဲ့ ပစ္စည်း တွေ ပါဝင်တဲ့အတွက် အဆီတွင် ပျော်ဝင်လွယ်သော အာဟာရဓာတ် များ စုပ်ယူမှု ပိုကောင်းစေပါတယ်။ ထောပတ်သီးအခွံနှင့် ကပ်လျက် အစိမ်းရင့်ရောင်ရှိသောအပိုင်းမှာ အများဆုံးပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီးအခွံသင်တဲ့အခါ အဲဒီ အစိမ်းရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲပါမသွားအောင် ဂရုစိုက်၍ လှီးပါ။

Ref; goodhealth

 

333 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.