Debut လုပ်ပြီးမှ လုံးဝ ချောမောလာကြတဲ့ K-Oppa များ

တစ်ချို့ဆိုရင် သူတို့ရဲ့ အသက်ကိုတောင် ခန့်မှန်းမိဖို့အတော်ခက်ပါတယ်နော်။

1. Won Bin

၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Won Bin တစ်ယောက်ကတော့ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ဖြစ်တဲ့ KBS ရုပ်သံလိုင်းကနေထုတ်လွှင့်ခဲ့တဲ့ Autumn In Heart ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကို အတော်လေးရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူရဲ့ ပထမဆုံးသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဟာ KBS ဒရမ်မာ Propose တွင်ပါဝင်ခဲ့ပြီး ၁၉၉၇ ခုနှစ် တွင် ထုတ်လွှင့်ခဲ့ပါတယ်

1997

present

2. Cho Seung Woo
Cho Seung Woo ကို ၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး The Classic and Marathon ဇာတ်လမ်းမှာပါဝင်ခဲ့ပြီးနောက် လူသိများလာခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးပွဲဦးထွက် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကတော့ The film Chunhyung ပဲဖြစ်ပါတယ်။

2000

present

3. Lee Joon Gi

Lee Joon Gi ကိုတော့ ၁၉၈၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး Moon Lover:Scarlet Heart Ryeo ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက် နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားမှုတွေ ရရှိခဲ့ပါတယ်။ MBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Star’s Echo ဇာတ်လမ်းတွဲမှာလဲ အဓိကဇာတ်ဆောင်နေရာနေ ပါဝင်ခဲ့ပါတယ်။

2004

present

4. Hyun Bin
Hyun Bin ကို ၁၉၈၂ ခုနှစ် မှာ မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ My Name is Kim Sam-soon ဇာတ်လမ်းတွဲဖြင့် ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပြီး၊ Bodygard ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပွဲဦးထွက်ခဲ့တာပါ။

2003

present

5. Im Siwan
Im Siwan တစ်ယောက်ကိုတော့ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ZE:A ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ MBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ The Moon Embracing The Sun ဇာတ်လမ်းတွဲပါဝင်ခဲ့ပြီး ပွဲဦးထွက်ခဲ့တာပါ။

2012

present

6. Seo Kang Joon
၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Seo Kang Joon ကတော့ အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး The Drama Cheese In The Trap ဇာတ်လမ်းတွဲဖြင့် အောင်မြင်ကျော်ကြားခဲ့သူပါ။ သူ့ရဲ့ပထမဆုံးသော ဒရမ်ကားလေးကတော့ To The Beautiful You ဆိုတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

2012

present

7. Park Bo Gum
Park Bo Gum ကိုတော့ ၁၉၉၃ မှာမွေးဖွားခဲ့တာပါ။ သူကတော့ The Moonlight and Reply 1988 စတဲ့ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ကားလေးကတော့ Blind ဇာတ်ကားလေးပဲဖြစ်ပါတယ်။

2011

present


Ref;Koreaboo,Christine Fernandez

329 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.