ဆောင်းတွင်းမှာ အရောင်ရင့်တွေနဲ့ အတော်လေးငြီးငွေ့သွားကြပီလို့ ထင်ပါတယ်။ နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ နေရောင်ထဲမှာ လိုက်ဖက်တဲ့ အရောင်အသွေးလေးတွေ စတင်ရွေးချယ်သင့်ပါပြီ။ မြို့ပြဘ၀ဆိုတာ အနည်းငယ် အရောင်ကင်းမဲ့နေတယ်လို့ ခံစားနေရရင် အခုဖော်ပြပေးမယ့် ရာသီစာ အရောင်လေးတွေကို ရွေးချယ်ဖို့ စဉ်းစားကြည့်ကြပါစို့။
(၁) အပြာနုရောင်ဦးထုပ်က ဖက်ရှင်ကျပြီး ငြိမ်တဲ့အရောင်ပါ။ အညိုရောင်ဦးထုပ်တွေအစား ဒါကို ပြောင်းသုံးကြည့်ပါ။ ပေါ့ပါးပြီး သစ်လွင်တဲ့အရသာကို ပေးပါတယ်။
(၂) sweatshirt တွေကတော့ စတစ်ကာဆန်းလေ ချစ်ဖို့ကောင်းလေပါပဲ။
(၃) ဒူးဖုံးရုံဒီစကတ်လေးကို အဖြူရောင်ရှပ်အင်္ကျံနဲ့ တွဲဝတ်မယ်ဆို နွေရာသီမှာ အတော် သက်သောင့်သက်သာ ဖြစ်မှာပါ။
(၄) ဂျင်းန်ပြာရောင်နဲ့ တွဲဝတ်ဖို့ အကောင်းဆုံး ချည်သားအင်္ကျံရောင်လေးပေါ့။
(၅) ရိုးရှင်းတဲ့ နွေရာသီအသွင်အပြင်လေးရဖို့ ကြိုးသိုင်းဖိနပ်ပါးလေးတစ်ရံနဲ့သာ တွဲဝတ်လိုက်ပါ။ ကျန်တာ ဘာမှ မလိုပါဘူး။
(၆) denim တွေနဲ့ အလိုက်ဖက်ဆုံး အိတ်ပေါ့ ။
(၇) ရှပ်တွေ ၊ dress တွေနဲ့အလိုက်ဖက်ဆုံး နွေရာသီဖိနပ်လေးပါ။ သင့်အသွင်အပြင်ကို အတော်လေးပေါ့ပါး စေမှာပါ။
(၈) နွေရာသီမှာ ကျင်းပမယ့် မင်္ဂလာဆောင်တွေကို ချွေးထွက်ခံပြီး အထူအထဲတွေ ၀တ်မသွားနဲ့နော် ။ ဒီလို ဂါဝန်မျိုးနဲ့ဆိုလည်း ပွဲတိုးပါတယ်။
(၉) ဒီဂါဝန်မျိုးနဲ့လည်း လူကြားထဲမှာ ပေါ်လွင်နေစေနိုင်ပါတယ်။ နွေရာသီဟာ သင့်ကို ဒုက္ခမပေးနိုင်ကြောင်း ပြသနိုင်တာပေါ့။
Ref:elleuk.com