ကျန်းမာရေးကို အကြောင်းပြပြီး အဖွဲ့မှ ထွက်သွားခဲ့ကြတဲ့အနုပညာရှင်များ

တကယ်တော့ K-pop Idol တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ပါဘူး။ အဲ့ဒီမှာမှ တချို့ အနုပညာရှင်တွေကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် သူတို့ရဲ့ အဖွဲ့ထဲကနေ ထွက်ခွာခဲ့ကြပါတယ်။

1. Hwall (Former member of THE BOYZ)


THE BOYZ ရဲ့အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Hwall တစ်ယောက်ကတော့ ခြေချင်းဝတ်ဒဏ်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ချို့ကြောင့် ၂၀၁၉ ခုနှစ်မှာ အဖွဲ့ကနေအနားယူမယ်လို့ ကြေငြာခဲ့ပါတယ်။

2. Eunjin (Former member of DIA)


Eunjin ကတော့ စိုးရိမ်မှုလွန်ကဲခြင်းနှင့် ကြောက်ရွံ့ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် DIA အဖွဲ့ကနေ ထွက်ခဲ့ပါတယ်။

3. Aini (Former member of PinkFantasy)


PinkFanstasy အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Aini တစ်ယောက်ကတော့ Idol တစ်ယောက်ဖြစ်ဖို့အတွက် လေ့ကျင့်မှုတွေက သူမအတွက် ခက်ခဲသလို၊ တချို့သော ကျန်းမာရေးအကြောင်းပြချက်တွေနဲ့ ၂၀၂၀ ခုနှစ်မှာ သူမရဲ့ အဖွဲ့ကနေထွက်ခဲ့ပါတယ်။ Idol တစ်ယောက်အနေနဲ့ မရပ်တည်တော့ပေမယ့်လဲ မော်ဒယ်တစ်ယောက်အနေဖြင့် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

4. Jenny (Former member of DIA)


၂၀၁၉ ခုနှစ်မှာ MBK Entertainment ကနေ Jenny တစ်ယောက် သူမရဲ့ ဒူးဒဏ်ရာ (ကျန်းမာရေး)ကြောင့် DIA အဖွဲ့ကနေ ထွက်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။

5. Jinsub (Former member of IN2IT)


Jinsub ကတော့ သူ့ရဲ့ အကြားအာရုံမှာ ပြဿနာအနည်းငယ်ရှိတာကြောင့် ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့အဖွဲ့ဖြစ်တဲ့ IN2IT အဖွဲ့ကနေ အနားယူတော့မယ်လို့ ကြေငြာခဲ့ပါတယ်။

6. Jaeseok (Former member of Golden Child)


Golden Child အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jaeseok ကတော့ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ကျန်းမာရေးကို ဂရုစိုက်ချင်တာကြောင့် အဖွဲ့ကနေ ထွက်ခဲ့တာပါလို့သိရပါတယ်။ ဒါပေမယ့် ပွဲဦးထွက်ပြီး တစ်နှစ်မပြည့်ခင်မှာ အခုလိုကျန်းမာရေးအကြောင်းပြချက်နဲ့ အဖွဲ့ကနေထွက်သွားတာကတော့ အံ့အားသင့်စရာပါ။

7. Taehyun (Former member of WINNER)


၂၀၁၆ ခုနှစ်မှာ YG Entertainment ကနေ Taehyun တစ်ယောက် စိတ်ကျန်းမာရေး ပြဿနာတစ်ချို့ကြောင့် WINNER အဖွဲ့ကနေ ထွက်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။
Ref;KOREABOO

75 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.