လူတေယာက္ကို ခ်စ္မိသြားေစတဲ့ အဆင့္ငါးဆင့္

၁။ ဘုရားပြဲလွည့္သလိုခံစားခ်က္
သူ႔ဆီက အၾကည့္ေလးတခ်က္၊အၿပဳံးေလးတပြင့္ ဒါမွမဟုတ္ ႏႈတ္ဆက္လိုက္သံေလးတခုက သင့္ရင္ထဲ ကုလားဘုရားပြဲ လွည့္သလို ဒိန္းတပ္တပ္ ျဖစ္ေစမွာပါ။ ဒါမ်ိဳးကိုအခ်စ္နာက်တယ္လို႔ ေခၚၿပီး သင့္အေနနဲ႔ တျခားဘာကိုမွ အာ႐ုံမစိုက္ႏိုင္ဘဲ အေတြးထဲ သူ႔အေၾကာင္းေတြသာ တဝဲလည္လည္ ျဖစ္ေနမွာပါ။ သူအထင္ႀကီးသေဘာက်လာဖို႔အတြက္ ဘာမဆိုသင္ ခက္ခက္ခဲခဲ ႀကိဳးစားမွာျဖစ္ၿပီး တခုေလာက္ေလး ေပါက္ကရလုပ္လိုက္မိရင္လည္း သူမ်ား စိတ္ဆိုးသြားမလားလို႔ သင့္အေနနဲ႔ စိုးရိမ္ပူပန္လို႔ ၿပီးမွာ မဟုတ္ပါဘူး။ သူ႔မ်က္စိထဲမွာ သင္ဟာၿပီးျပည့္စုံေနတဲ့သူအျဖစ္ ယူဆျမင္ေယာင္လာေအာင္ သင္ႀကိဳးစားျပသပါလိမ့္မယ္။ သင့္အေနနဲ႔ သူ႔အခ်စ္ကို ရရွိဖို႔ ႀကိဳးစားမွာျဖစ္ပါတယ္။

၂။ ခ်စ္သူဘဝေရာက္ေအာင္ လုပ္မယ္
သူငယ္ခ်င္းဆိုတဲ့ အဆင့္ကလြန္ၿပီး ခ်စ္သူေတြဘဝေရာက္ေအာင္ သြားပါမယ္။ သင့္ႏွလုံးခုန္သံေတြ အရမ္းျမန္၊မ်က္ႏွာေတြ နီရဲေနၿပီး တစ္ကိုယ္လုံးအေပ်ာ္ေတြနဲ႔ ျပည့္ေနတဲ့ အခ်ိန္ေတြ ရွိလာပါမယ္။dopamin နဲ႔ adrenaline တို႔ဟာ သင့္ရဲ႕ ႏွလုံးခုန္ႏႈန္းကို ျမန္ေစၿပီး ေနာက္ပိုင္းမွာ ထြက္ရွိလာတဲ့ serotonin ဓါတ္(ေပ်ာ္႐ႊင္တဲ့ခံစားခ်က္ကို ျဖစ္ေစတဲ့ ဓါတ္ပစၥည္း)ဟာလည္း “ သူ႔ကိုခ်စ္ေနရတာဟာ ကမာၻေပၚမွာ အေကာင္းဆုံးပဲ” လို႔ သင့္ကို ထင္ျမင္လာေစပါလိမ့္မယ္။

၃။ စဥ္းစားသုံးသပ္မယ္
ခ်စ္တာအခ်ိန္တစ္ခုၾကာလာခ်ိန္မွာ သင္ဟာ သူ/သူမနဲ႔ဆိုင္တဲ့ သတင္းအခ်က္အလက္၊ ေနာက္ခံသမိုင္း၊ အေျခအေန၊ စိတ္ေနသေဘာထားေတြကို ပိုမိုသိရွိလာမွာျဖစ္တယ္။
သင့္အေနနဲ႔ စုေဆာင္းရရွိထားတဲ့ သတင္းအခ်က္အလက္ အပိုင္းအစေလးေတြကို စုၿပီး ႐ုပ္လုံးေပၚလာေအာင္ ပုံေဖာ္ပါမယ္။ သင္တို႔ ႏွစ္ေယာက္ၾကား မတူကြဲျပားတာေတြဟာ သင္တို႔အတြက္စိန္ေခၚမႈေတြ အျဖစ္ရွိေနမွာ ျဖစ္ေပမယ့္ သင္တို႔ဟာ ရင္ဘတ္ခ်င္း နီးေနမွာျဖစ္ၿပီး ဒီခ်စ္သူဘဝကို ဆက္လက္ထိန္းသိမ္းသြားဖို႔လည္း စိတ္အားထက္သန္ေနပါလိမ့္မယ္။ ဒီအေျခအေနမွာဆိုရင္ သင့္အေနနဲ႔ အခ်စ္မႈိင္းမိတာ ျပယ္စျပဳၿပီး က်ိဳးေၾကာင္းဆီေလ်ာ္စြာ စတင္ေတြးေခၚတတ္လာပါၿပီ။

၄။ ႐ိုးသားမႈ
႐ိုးသားပြင့္လင္းမႈဟာ အေရးပါလာမွာ ျဖစ္ပါတယ္။ သင့္ခ်စ္သူကို သင့္မွာရွိတဲ့ အေကာင္းဆုံးအခ်က္ေတြ၊အရည္အခ်င္းေတြကိုပဲ ထုတ္ျပလိုတဲ့ ဆႏၵဟာ တျဖည္းျဖည္းနဲ႔ နည္းပါးလာပါၿပီ။ အေသးစိတ္အခ်က္အလက္ေလးေတြကိုလည္း ႏွစ္ေယာက္လုံးက သိပ္စိတ္မဝင္စား၊အာ႐ုံမလာေတာ့ပါဘူး။ ဒီအခ်ိန္ကာလဟာ သင့္ရဲ႕ မေကာင္းတဲ့ဖက္၊သင့္ရဲ႕ ပကတိအမွန္တရားကို ျပရေတာ့မယ့္အခ်ိန္ တနည္းေျပာရရင္ မိတ္ကပ္ေတြ၊မ်က္ႏွာဖုံးေတြ ခြာခ်၊ကြာက်ရေတာ့မယ့္ အခ်ိန္ပါပဲ။ ဒီအခ်ိန္ဟာ အခ်ိဳးအေကြ႕ျဖစ္ၿပီး ခါးသီးတဲ့ အမွန္တရားေတြကို ျမင္ေတြ႕ရခ်ိန္ျဖစ္တဲ့အတြက္ စုံတြဲအမ်ားအျပားဟာ ဒီအဆင့္ကိုျဖတ္သန္းႏိုင္ေလ့မရွိပါဘူး။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္ဟာ လက္ေတြခိုင္ခိုင္တြဲၿပီး အဆင့္ငါးဆီ တက္လွမ္းႏိုင္ၿပီဆိုရင္ေတာ့ သင့္ကိုအရွိအတိုင္း ခ်စ္ႏိုင္မယ့္ ခ်စ္သူနဲ႔ တကယ္ပဲ ဆုံဆည္းေနရတာလို႔ ေျပာႏိုင္ပါၿပီ။

၅။ ႏွစ္ကိုယ့္တစ္စိတ္ျဖစ္သြားတဲ့အခ်ိန္
တည္ၿငိမ္အသားက်ခ်ိန္အခ်ိန္အတိုင္းအတာတခု ၾကာၿပီးေနာက္မွာေတာ့ သင္တို႔ႏွစ္ေယာက္ဟာ ႐ုပ္ပိုင္းအားျဖင့္သာမက စိတ္ဝိညာဥ္ခ်င္းပါ ဆက္သြယ္မိလာပါမယ္။ စိတ္ခံစားခ်က္ေတြလည္း ဟန္ခ်က္ညီလာပါမယ္။ ဒီအဆင့္ကို ေရာက္ေနၿပီျဖစ္တဲ့ ခ်စ္သူစုံတြဲေတြဟာ ရွက္စႏိုးျဖစ္ေနတာ၊အိုးတိုးအန္းတန္းျဖစ္ေနတာမ်ိဳး မရွိေတာ့သေလာက္ပါပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ အတူတူရွိေနခ်ိန္မွာ အင္မတန္မွကို သက္ေတာင့္သက္သာ ရွိေနၾကလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သင္သိထားဖို႔က သင့္ခ်စ္သူနဲ႔ သင္ဟာ ဆယ္ႏွစ္ေက်ာ္တြဲလာတာပဲ ျဖစ္ပါေစဦး၊ အ႐ူးအမူးျဖစ္မႈ၊ဟန္မေဆာင္မႈ၊႐ိုမန္တစ္ဆန္ဆန္ ၾကည္ႏူးမႈေတြ ကို အခ်ိဳးညီညီေပါင္းစပ္ၿပီး အခ်စ္ဆိုတဲ့ ေကာ့ေတးကို ပိုမိုခ်ိဳၿမိန္ျပင္းရွအရသာရွိေအာင္ ေဖ်ာ္လို႔ရႏိုင္ပါေသးတယ္။

[ Unicode ]

၁။ ဘုရားပွဲလှည့်သလိုခံစားချက်
သူ့ဆီက အကြည့်လေးတချက်၊အပြုံးလေးတပွင့် ဒါမှမဟုတ် နှုတ်ဆက်လိုက်သံလေးတခုက သင့်ရင်ထဲ ကုလားဘုရားပွဲ လှည့်သလို ဒိန်းတပ်တပ် ဖြစ်စေမှာပါ။ ဒါမျိုးကိုအချစ်နာကျတယ်လို့ ခေါ်ပြီး သင့်အနေနဲ့ တခြားဘာကိုမှ အာရုံမစိုက်နိုင်ဘဲ အတွေးထဲ သူ့အကြောင်းတွေသာ တဝဲလည်လည် ဖြစ်နေမှာပါ။ သူအထင်ကြီးသဘောကျလာဖို့အတွက် ဘာမဆိုသင် ခက်ခက်ခဲခဲ ကြိုးစားမှာဖြစ်ပြီး တခုလောက်လေး ပေါက်ကရလုပ်လိုက်မိရင်လည်း သူများ စိတ်ဆိုးသွားမလားလို့ သင့်အနေနဲ့ စိုးရိမ်ပူပန်လို့ ပြီးမှာ မဟုတ်ပါဘူး။ သူ့မျက်စိထဲမှာ သင်ဟာပြီးပြည့်စုံနေတဲ့သူအဖြစ် ယူဆမြင်ယောင်လာအောင် သင်ကြိုးစားပြသပါလိမ့်မယ်။ သင့်အနေနဲ့ သူ့အချစ်ကို ရရှိဖို့ ကြိုးစားမှာဖြစ်ပါတယ်။

၂။ ချစ်သူဘဝရောက်အောင် လုပ်မယ်
သူငယ်ချင်းဆိုတဲ့ အဆင့်ကလွန်ပြီး ချစ်သူတွေဘဝရောက်အောင် သွားပါမယ်။ သင့်နှလုံးခုန်သံတွေ အရမ်းမြန်၊မျက်နှာတွေ နီရဲနေပြီး တစ်ကိုယ်လုံးအပျော်တွေနဲ့ ပြည့်နေတဲ့ အချိန်တွေ ရှိလာပါမယ်။dopamin နဲ့ adrenaline တို့ဟာ သင့်ရဲ့ နှလုံးခုန်နှုန်းကို မြန်စေပြီး နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ serotonin ဓါတ်(ပျော်ရွှင်တဲ့ခံစားချက်ကို ဖြစ်စေတဲ့ ဓါတ်ပစ္စည်း)ဟာလည်း “ သူ့ကိုချစ်နေရတာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ” လို့ သင့်ကို ထင်မြင်လာစေပါလိမ့်မယ်။

၃။ စဉ်းစားသုံးသပ်မယ်
ချစ်တာအချိန်တစ်ခုကြာလာချိန်မှာ သင်ဟာ သူ/သူမနဲ့ဆိုင်တဲ့ သတင်းအချက်အလက်၊ နောက်ခံသမိုင်း၊ အခြေအနေ၊ စိတ်နေသဘောထားတွေကို ပိုမိုသိရှိလာမှာဖြစ်တယ်။
သင့်အနေနဲ့ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက် အပိုင်းအစလေးတွေကို စုပြီး ရုပ်လုံးပေါ်လာအောင် ပုံဖော်ပါမယ်။ သင်တို့ နှစ်ယောက်ကြား မတူကွဲပြားတာတွေဟာ သင်တို့အတွက်စိန်ခေါ်မှုတွေ အဖြစ်ရှိနေမှာ ဖြစ်ပေမယ့် သင်တို့ဟာ ရင်ဘတ်ချင်း နီးနေမှာဖြစ်ပြီး ဒီချစ်သူဘဝကို ဆက်လက်ထိန်းသိမ်းသွားဖို့လည်း စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒီအခြေအနေမှာဆိုရင် သင့်အနေနဲ့ အချစ်မှိုင်းမိတာ ပြယ်စပြုပြီး ကျိုးကြောင်းဆီလျော်စွာ စတင်တွေးခေါ်တတ်လာပါပြီ။

၄။ ရိုးသားမှု
ရိုးသားပွင့်လင်းမှုဟာ အရေးပါလာမှာ ဖြစ်ပါတယ်။ သင့်ချစ်သူကို သင့်မှာရှိတဲ့ အကောင်းဆုံးအချက်တွေ၊အရည်အချင်းတွေကိုပဲ ထုတ်ပြလိုတဲ့ ဆန္ဒဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာပါပြီ။ အသေးစိတ်အချက်အလက်လေးတွေကိုလည်း နှစ်ယောက်လုံးက သိပ်စိတ်မဝင်စား၊အာရုံမလာတော့ပါဘူး။ ဒီအချိန်ကာလဟာ သင့်ရဲ့ မကောင်းတဲ့ဖက်၊သင့်ရဲ့ ပကတိအမှန်တရားကို ပြရတော့မယ့်အချိန် တနည်းပြောရရင် မိတ်ကပ်တွေ၊မျက်နှာဖုံးတွေ ခွာချ၊ကွာကျရတော့မယ့် အချိန်ပါပဲ။ ဒီအချိန်ဟာ အချိုးအကွေ့ဖြစ်ပြီး ခါးသီးတဲ့ အမှန်တရားတွေကို မြင်တွေ့ရချိန်ဖြစ်တဲ့အတွက် စုံတွဲအများအပြားဟာ ဒီအဆင့်ကိုဖြတ်သန်းနိုင်လေ့မရှိပါဘူး။ ဒါပေမယ့် သင်တို့နှစ်ယောက်ဟာ လက်တွေခိုင်ခိုင်တွဲပြီး အဆင့်ငါးဆီ တက်လှမ်းနိုင်ပြီဆိုရင်တော့ သင့်ကိုအရှိအတိုင်း ချစ်နိုင်မယ့် ချစ်သူနဲ့ တကယ်ပဲ ဆုံဆည်းနေရတာလို့ ပြောနိုင်ပါပြီ။

၅။ နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားတဲ့အချိန်
တည်ငြိမ်အသားကျချိန်အချိန်အတိုင်းအတာတခု ကြာပြီးနောက်မှာတော့ သင်တို့နှစ်ယောက်ဟာ ရုပ်ပိုင်းအားဖြင့်သာမက စိတ်ဝိညာဉ်ချင်းပါ ဆက်သွယ်မိလာပါမယ်။ စိတ်ခံစားချက်တွေလည်း ဟန်ချက်ညီလာပါမယ်။ ဒီအဆင့်ကို ရောက်နေပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေဟာ ရှက်စနိုးဖြစ်နေတာ၊အိုးတိုးအန်းတန်းဖြစ်နေတာမျိုး မရှိတော့သလောက်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အတူတူရှိနေချိန်မှာ အင်မတန်မှကို သက်တောင့်သက်သာ ရှိနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်သိထားဖို့က သင့်ချစ်သူနဲ့ သင်ဟာ ဆယ်နှစ်ကျော်တွဲလာတာပဲ ဖြစ်ပါစေဦး၊ အရူးအမူးဖြစ်မှု၊ဟန်မဆောင်မှု၊ရိုမန်တစ်ဆန်ဆန် ကြည်နူးမှုတွေ ကို အချိုးညီညီပေါင်းစပ်ပြီး အချစ်ဆိုတဲ့ ကော့တေးကို ပိုမိုချိုမြိန်ပြင်းရှအရသာရှိအောင် ဖျော်လို့ရနိုင်ပါသေးတယ်။

Ref; goodhealth

 

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.