ၾကက္သြန္နီ ေန႔တိုင္းစားမယ္ဆိုရင္…

(၁) ခံတြင္းက်န္းမာေရး ေကာင္းေစျခင္း
ၾကက္သြန္နီက ခံတြင္းနံ႔ကို နံေစတဲ့ဆိုးက်ဳိး ရွိတယ္ဆိုေပမယ့္ ၾကက္သြန္နီ အစိမ္းလိုက္ စားေပးတာေၾကာင့္ သြားေတြကို သန္စြမ္းေစၿပီး သြားပိုးစားေစတဲ့ ဘက္တီးရီးယားပိုးေတြကို တြန္းလွန္ေပးႏိုင္ပါတယ္။

(၂) အူမႀကီးကင္ဆာ မျဖစ္ေအာင္ ကာကြယ္ေပးျခင္း
ၾကက္သြန္နီထဲမွာ ကြာစီတင္လို႔ေခၚတဲ့ အပင္ထြက္ဖေလဗိုးႏြိဳက္ ပါဝင္တာေၾကာင့္ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစၿပီး ကင္ဆာအက်ိတ္ ျဖစ္ေပၚမႈမရွိေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၃) ဘက္တီးရီးယားႏွင့္ အျခားပိုးမ်ား ေသေစႏိုင္ေသာ ပါဝင္ပစၥည္းရွိျခင္း
ၾကက္သြန္နီကို အခြံႏႊာတာနဲ႔ လွီးျဖတ္တာေၾကာင့္ မ်က္ရည္ က်ေစႏိုင္ေပမယ့္ ဒီလိုျဖစ္ရတာက Sulphides နဲ႔ Thiosulfinates တို႔ေၾကာင့္ ျဖစ္ရတာပါ။ ဒီပါဝင္ပစၥည္း ႏွစ္မ်ဳိးဟာ အီးကိုလိုင္ပိုး၊ ဆာမိုနဲလားပိုးနဲ႔ bacillus subtilis ဆိုတဲ့ ပိုးေတြေၾကာင့္ နာမက်န္းမႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၄) ႏွလံုးေသြးေၾကာကို က်န္းမာေစျခင္း
ၾကက္သြန္နီဟာ ေသြးခဲျဖစ္ေပၚမႈ မျဖစ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ အေၾကာင္းကေတာ့ ေသြးလွည့္ပတ္မႈကို ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္ေစလို႔ပါ။ ေသြးလႊတ္ေၾကာေတြထဲမွာ ေသြးခဲျဖစ္တာနဲ႔ ပိတ္ဆို႔တာေတြ မျဖစ္ေအာင္ ကာကြယ္ေပးတာေၾကာင့္ ႏွလံုးေရာဂါ ထႏိုင္ေျခကို ေလ်ာ့က်ေစတာ ျဖစ္ပါတယ္။

(၅) ေသြးတြင္း သၾကားဓာတ္ကို ထိန္းခ်ဳပ္ေပးႏိုင္ျခင္း
ၾကက္သြန္နီမွာ ပါဝင္တဲ့ ခ႐ိုမီယမ္ သတၱဳဓာတ္ဟာ ဆဲလ္ေတြရဲ႕ အင္ဆူလင္ တုံ႔ျပန္ႏိုင္စြမ္းကို ေကာင္းမြန္ေစတာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ေပးႏိုင္တာ ျဖစ္ပါတယ္။

(၆) ႏွာေခါင္းပိတ္ျခင္းကို သက္သာေစျခင္း
ႏွာေခါင္းပိတ္တာနဲ႔ ႏွာေခါင္းေျမႇး ေရာင္ရမ္းနာတို႔ကို သက္သာေစဖို႔အတြက္ ၾကက္သြန္နီက အသံုးဝင္ပါတယ္။ ၾကက္သြန္နီကို စားရင္ အသက္႐ွဴလမ္းေၾကာင္းရွိ အခၽြဲေျမႇးေတြကို ေပ်ာ္ဝင္ေစတာေၾကာင့္ အသက္ဝဝ ႐ွဴႏိုင္ေစပါတယ္။

(၇) နားကိုက္ သက္သာေစျခင္း
နားကိုက္တာနဲ႔ မူးေဝတာတို႔ သက္သာေစဖို႔ ေရထဲ ၾကက္သြန္နီကို ထည့္ၿပီး ေပ်ာ့သြားေအာင္ ျပဳတ္ကာ ေအးေအာင္ထားၿပီး အဝတ္စတစ္စထဲ ထည့္လိုက္ပါ။ ၿပီးရင္ အဲဒီအဝတ္စကို နားေပၚမွာ ကပ္ေပးပါ။ နားကိုက္တာကို သက္သာေစႏိုင္ပါတယ္။

(၈) ခ်စ္စိတ္တိုးေစျခင္း
ၾကက္သြန္နီက ခ်စ္စိတ္ကို တိုးေစၿပီး မ်ဳိးဆက္ပြားအဂၤါကို သန္စြမ္းေစပါတယ္။ ၾကက္သြန္နီကို ပါးပါးလွီးၿပီး ပ်ားရည္ ထမင္းစားဇြန္း တစ္ဇြန္းထဲမွာစိမ္ကာ ပံုမွန္ေသာက္ေပးရင္ အိမ္ေထာင္သည္ေတြအတြက္ ခ်စ္စိတ္ကို တိုးေစပါတယ္။

(၉) သြားကိုက္ေဝဒနာ သက္သာေစျခင္း
ၾကက္သြန္နီအစိမ္းကို ခံတြင္းထဲမွာ သံုးမိနစ္ခန္႔ ဝါးစားေပးတာေၾကာင့္ ခံတြင္းထဲက ပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။ ၾကက္သြန္နီ ပါးပါးလွီးၿပီး ေရာင္ရမ္းေနတဲ့ သြားဖံုးနဲ႔ ကိုက္ခဲေနတဲ့ သြားေတြေပၚ ကပ္ေပးတာေၾကာင့္ သြားကိုက္တာကို သက္သာေစပါတယ္။

(၁၀) ဆီးလမ္းေၾကာင္း ေဝဒနာကို ကုသေပးျခင္း
ၾကက္သြန္နီဟာ ဆီးလမ္းေၾကာင္းစနစ္ဆိုင္ရာ ေဝဒနာေတြကို ကုသရာမွာ အလြန္ အသံုးဝင္ပါတယ္။ ဆီးသြားစဥ္ ပူစပ္ပူေလာင္ျဖစ္တဲ့ ေဝဒနာနဲ႔ ဝမ္းကိုက္တဲ့ ေဝဒနာတို႔အတြက္ ၾကက္သြန္နီကို အစိမ္းလိုက္ စားေပးရင္ သက္သာေစပါတယ္။

[ Unicode ]

(၁) ခံတွင်းကျန်းမာရေး ကောင်းစေခြင်း
ကြက်သွန်နီက ခံတွင်းနံ့ကို နံစေတဲ့ဆိုးကျိုး ရှိတယ်ဆိုပေမယ့် ကြက်သွန်နီ အစိမ်းလိုက် စားပေးတာကြောင့် သွားတွေကို သန်စွမ်းစေပြီး သွားပိုးစားစေတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၂) အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးခြင်း
ကြက်သွန်နီထဲမှာ ကွာစီတင်လို့ခေါ်တဲ့ အပင်ထွက်ဖလေဗိုးနွိုက် ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ကင်ဆာအကျိတ် ဖြစ်ပေါ်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) ဘက်တီးရီးယားနှင့် အခြားပိုးများ သေစေနိုင်သော ပါဝင်ပစ္စည်းရှိခြင်း
ကြက်သွန်နီကို အခွံနွှာတာနဲ့ လှီးဖြတ်တာကြောင့် မျက်ရည် ကျစေနိုင်ပေမယ့် ဒီလိုဖြစ်ရတာက Sulphides နဲ့ Thiosulfinates တို့ကြောင့် ဖြစ်ရတာပါ။ ဒီပါဝင်ပစ္စည်း နှစ်မျိုးဟာ အီးကိုလိုင်ပိုး၊ ဆာမိုနဲလားပိုးနဲ့ bacillus subtilis ဆိုတဲ့ ပိုးတွေကြောင့် နာမကျန်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) နှလုံးသွေးကြောကို ကျန်းမာစေခြင်း
ကြက်သွန်နီဟာ သွေးခဲဖြစ်ပေါ်မှု မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အကြောင်းကတော့ သွေးလှည့်ပတ်မှုကို ချောချောမွေ့မွေ့ ဖြစ်စေလို့ပါ။ သွေးလွှတ်ကြောတွေထဲမှာ သွေးခဲဖြစ်တာနဲ့ ပိတ်ဆို့တာတွေ မဖြစ်အောင် ကာကွယ်ပေးတာကြောင့် နှလုံးရောဂါ ထနိုင်ခြေကို လျော့ကျစေတာ ဖြစ်ပါတယ်။

(၅) သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း
ကြက်သွန်နီမှာ ပါဝင်တဲ့ ခရိုမီယမ် သတ္တုဓာတ်ဟာ ဆဲလ်တွေရဲ့ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တာ ဖြစ်ပါတယ်။

(၆) နှာခေါင်းပိတ်ခြင်းကို သက်သာစေခြင်း
နှာခေါင်းပိတ်တာနဲ့ နှာခေါင်းမြှေး ရောင်ရမ်းနာတို့ကို သက်သာစေဖို့အတွက် ကြက်သွန်နီက အသုံးဝင်ပါတယ်။ ကြက်သွန်နီကို စားရင် အသက်ရှူလမ်းကြောင်းရှိ အချွဲမြှေးတွေကို ပျော်ဝင်စေတာကြောင့် အသက်ဝဝ ရှူနိုင်စေပါတယ်။

(၇) နားကိုက် သက်သာစေခြင်း
နားကိုက်တာနဲ့ မူးဝေတာတို့ သက်သာစေဖို့ ရေထဲ ကြက်သွန်နီကို ထည့်ပြီး ပျော့သွားအောင် ပြုတ်ကာ အေးအောင်ထားပြီး အဝတ်စတစ်စထဲ ထည့်လိုက်ပါ။ ပြီးရင် အဲဒီအဝတ်စကို နားပေါ်မှာ ကပ်ပေးပါ။ နားကိုက်တာကို သက်သာစေနိုင်ပါတယ်။

(၈) ချစ်စိတ်တိုးစေခြင်း
ကြက်သွန်နီက ချစ်စိတ်ကို တိုးစေပြီး မျိုးဆက်ပွားအင်္ဂါကို သန်စွမ်းစေပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းထဲမှာစိမ်ကာ ပုံမှန်သောက်ပေးရင် အိမ်ထောင်သည်တွေအတွက် ချစ်စိတ်ကို တိုးစေပါတယ်။

(၉) သွားကိုက်ဝေဒနာ သက်သာစေခြင်း
ကြက်သွန်နီအစိမ်းကို ခံတွင်းထဲမှာ သုံးမိနစ်ခန့် ဝါးစားပေးတာကြောင့် ခံတွင်းထဲက ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ရောင်ရမ်းနေတဲ့ သွားဖုံးနဲ့ ကိုက်ခဲနေတဲ့ သွားတွေပေါ် ကပ်ပေးတာကြောင့် သွားကိုက်တာကို သက်သာစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ဝေဒနာကို ကုသပေးခြင်း
ကြက်သွန်နီဟာ ဆီးလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေကို ကုသရာမှာ အလွန် အသုံးဝင်ပါတယ်။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာနဲ့ ဝမ်းကိုက်တဲ့ ဝေဒနာတို့အတွက် ကြက်သွန်နီကို အစိမ်းလိုက် စားပေးရင် သက်သာစေပါတယ်။

Ref; goodhealth

 

119 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.