အချစ်အကြောင်း သင် ဘယ်လောက်သိပါသလဲ
[ Unicode ]
လူသားအားလုံးအချစ်နဲ့ မကင်းနိုင် ကြပါဘူး။ အခုလောလောဆယ်အချစ်ရှိ မနေဘူးဆိုရင်တောင် တစ်ချိန်ချိန်မှာ တော့ ချစ်ခဲ့ဖူးကြမှာပါ။ အချစ်ကို သိပ္ပံ ပညာနဲ့ ဆန်းစစ်ကြည့်ကြတဲ့အခါ ဒီလိုအချက်တွေ ထွက်ပေါ်လာပါတယ်။
၁။ မြင်မြင်ချင်းအချစ်ဆိုတာရှိတယ်။
– အချစ်စစ်မစစ် မသေချာပေမယ့် မြင်မြင်ချင်း ချစ်ခင်စွဲလမ်းမိတာမျိုးက တော့ ရှိပါတယ်။ ကိုယ်ချစ်မိတဲ့လူတစ် ယောက်ကို မြင်တာနဲ့တစ်ပြိုက်နက် စက္ကန့်ပိုင်းအတွင်း အချစ်နဲ့ဆက်စပ်နေတဲ့ ဓာတုပစ္စည်းတွေ ဦးနှောက်ထဲထွက်လာ တတ်ပါတယ်။ နောက်ပိုင်း လေ့လာချက် တွေအရ အချစ်သစ်က ဆေးသုံးသလိုပါ ပဲတဲ့။ ဦးနှောက်အစိတ်အပိုင်းတချို့မှာ ကိုကင်းဆေးသုံးတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။
၂။ စချစ်ချစ်ချင်းမှာ ဖြစ်တတ်တဲ့အပြု အမူတွေ စိတ်ခံစားချက်တွေက စိတ်စွဲ လမ်းမှုကြောင့် အပြုအမူတစ်ခုကို ထပ်ခါ ထပ်ခါပြုလုပ်တဲ့ စိတ်ဖောက်ပြန်တာမျိုး နဲ့တူနေတာ ဘာကြောင့်ပါလဲ။
– လေ့လာချက်တွေအရ စိတ်ခံစား ချက်တွေက စိတ်စွဲလမ်းမှုကြောင့် အပြု အမူတစ်ခုကို ထပ်ခါထပ်ခါပြုလုပ်တဲ့ စိတ်ဖောက်ပြန်တာမျိုးဖြစ်တတ်သူတွေ နဲ့ စချစ်မိတဲ့အချိန်ကနေ ၆ လအတွင်း သာရှိနေသေးသူတွေမှာ တူညီနေတဲ့အ ချက် တစ်ချက်ရှိနေပါတယ်။ အဲဒီလိုလူ နှစ်မျိုးလုံးရဲ့ သွေးထဲမှာ ဆီရိုတိုနင်ပမာ ဏ လျော့နည်းနေတာပါတဲ့။
၃။ ချစ်မိသွားတဲ့အခါ ဘယ်လိုဓာတ်တွေ ပေါ်လာတတ်ပါသလဲ။
– ချစ်မိနေတဲ့အချိန်မှာ ဦးနှောက်ထဲ ဒိုပါမင်းနဲ့ နော်အပီနဖရင်းဓာတ်တွေများ နေပြီး တက်ကြွပျော်ရွှင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ရည်းစားဖြစ်ဖြစ်ချင်းမှာပဲဖြစ်ဖြစ် အီစီကလီအဆင့်မှာပဲဖြစ်ဖြစ် တစ်ညလုံးမအိပ်ဘဲ စကားပြောနိုင်တာ တို့၊ အသေးစိတ်လေးကအစ မှတ်မိနေ တတ်တာတို့၊ တစ်မြို့တစ်နိုင်ငံစီမှာ နေ နေကြရင်လည်း ပိတ်ရက်တွေမှာ မဖြစ် ဖြစ်အောင်တွေ့ချင်နေကြတာမျိုး၊ ချိန်း တွေ့ပြီးရင်လည်း အိမ်မပြန်ချင်လောက် အောင် မခွဲနိုင်မခွာရက်ဖြစ်ကြတာမျိုး ဖြစ်လေ့ရှိကြပါတယ်။ ချစ်မိသွားချိန်မှာ အဒရီနလင်ဟော်မုန်းတွေလည်း ထွက်ရှိ တာကြောင့် ကိုယ်ချစ်တဲ့သူနားရောက်တဲ့ အခါ ရင်ခုန်တာတွေ၊ ဒူးတုန်တာတွေ၊ ခြေဖျားလက်ဖျားအေးစက်တာတွေ ဖြစ် တတ်ကြပါတယ်။
၄။ ယောက်ျားတစ်ယောက်ရဲ့ ချွေးနံ့ကို နှစ်ခြိုက်သဘောကျမိတယ်ဆိုရင် သင်တို့နှစ်ယောက်ဘယ်နေရာမှာ လိုက်ဖက် ညီပါသလဲ။
– ယောက်ျားလေးချွေးနံ့ကို ရှူကြည့် ပြီး လိုက်မလိုက်စဉ်းစားရမှာကို တွေး တောင် မတွေးမိဘူးမလား။ လေ့လာ ချက်တွေအရ အမျိုးသမီးတွေဟာ သူတို့ နဲ့ ကိုယ်ခံအားစနစ်ကွဲပြားနေတဲ့ အမျိုး သားတွေရဲ့ ချွေးနံ့ကို ပိုပြီးသဘောကျ ကြတာကို တွေ့ရပါတယ်။ နှစ်ယောက် သား ကိုယ်ခံအားစနစ်ကွဲပြားနေတာ ဘယ်နေရာမှာကောင်းလဲဆိုတော့ မွေး လာမယ့်ကလေးတွေ အတွက်ကောင်းပါ တယ်။ ကလေးတွေမှာ မိဘနှစ်ယောက် လုံးဆီက ရောဂါတိုက်ဖျက်နိုင်တဲ့ ကိုယ် ခံအားဗီဇမတူညီတာတွေပါလာတဲ့အခါ တော်ရုံနဲ့ နေထိုင်မကောင်းမဖြစ်ကြတော့ ပါဘူး။ အချစ်ပေါ်မှာလည်း သက်ရောက် မှုရှိသေးသတဲ့လေ။ ကိုယ့်ချစ်သူနဲ့ ကိုယ် ခံအားစနစ်ဗီဇတူညီတဲ့ အမျိုးသမီး တွေက ပိုပြီး သစ္စာဖောက်တတ်ပါသတဲ့။
၅။ အမျိုးသမီးတွေ သားဥကြွေနေချိန်မှာ အမျိုးသားတွေ ပိုစွဲလမ်းတတ်ကြတာ မှန်သလား။
– သားဥကြွေချိန်မှာ အမျိုးသမီးကိုယ် ကနေ အနံ့တစ်မျိုးထွက်တတ်လို့ အမျိုး သားတွေရဲ့ မသိစိတ်က နှစ်သက်သဘော ကျတတ်ကြတယ်လို့ လေ့လာချက်တွေ အရ တွေ့ရှိရတတ်ပါတယ်။ ဓမ္မတာလာ ချိန်နဲ့ယှဉ်ရင် သားဥကြွေနေချိန်မှာ ဆွဲ ဆောင်မှု ပိုရှိနေတတ်တာပဲဖြစ်ပါတယ်။
၆။ အမျိုးသားအမျိုးသမီးတွေအတွက် လိင်စိတ်ကြွစေနိုင်တဲ့အရာက ဘာလဲ။
အမျိုးသားတွေရော အမျိုးသမီး တွေမှာပါ လိင်စိတ်နိုးကြွစေနိုင်တဲ့ တစ်ခု တည်းသောအရာက တက်စတိုစတီရုန်း ဟော်မုန်းပါ။ ကမာကောင်၊ မုတ်ကောင် တွေမှာ ဒိုပါမင်းဓာတ်များများ ပါရှိပေမယ့် လိင်စိတ်တက်ကြွစေနိုင်တယ်ဆိုတာကို တော့ သက်သေမပြနိုင်သေးပါဘူး။ ချော ကလက်မှာလည်း အချစ်မောလီကျူး ဖြစ်တဲ့ Phenylethylamine (PEA) ဓာတ်များများပါရှိပေမယ့် ချောကလက် စားတာက လိင်စိတ်ကိုတော့ မကြွစေနိုင် ပါဘူး။
၇။ ချစ်မိသွားရင် စွဲလမ်းတတ်တယ်တဲ့ လေ။
အရူးအမူးချစ်မိနေကြသူတွေနဲ့ ကို ကင်း၊ ဘိန်းအသုံးပြုသူတွေမှာ ဦးနှောက် ရှိ အစိတ်အပိုင်း ဝင်းလက်တဲ့နေရာတွေ တူညီနေပါတယ်။ အရူးအမူးချစ်နေသူ တွေမှာ တစ်ယောက်နဲ့တစ်ယောက်စွဲ လမ်းနေတဲ့ လက္ခဏာရပ်တွေလည်း တွေ့နေရတတ်ပါတယ်။ ပိုပိုချစ်လာကြ တဲ့အခါ မတွေ့ရမမြင်ရရင် မနေနိုင် လောက်အောင်ကို စွဲလမ်းလာတတ်ကြ ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ် ယောက်ယောက်က လမ်းခွဲတော့မယ်ဆို ရင် ကျန်ခဲ့တဲ့တစ်ယောက်က အသည်းကွဲ တဲ့အပြင် ဆေးဖြတ်တဲ့အခါမှာဖြစ်တတ် တဲ့ လက္ခဏာရပ်တွေဖြစ်တဲ့ စိတ်ဓာတ်ကျ ဆင်းတာ၊ အိပ်မပျော်တာတွေဖြစ်တတ် ကြပါတယ်။
Ref; goodhealth
104 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.