ေကာ္ျပန္႔ငရုတ္လိပ္ေၾကာ္ ျပဳလုပ္နည္း

ကိုက္လိုက္ရင္ ႏူးည့ံေနတဲ့အသားေတြ၊ ခ်ိစ္အႏွစ္ေလးေတြနဲ႔ အရမ္းေကာင္းတဲ့ ေကာ္ျပန္႔ငရုတ္လိပ္ေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာ ပစၥည္းမ်ား
၁။ ႏွစ္သက္ရာ အသားစင္းေကာ အနည္းငယ္
၂။ ေကာ္ျပန္႔လိပ္ အဖတ္
၃။ င႐ုတ္႐ွည္ေတာင့္
၄။ ခ်ိစ့္
၅။ ဆား
၆။ င႐ုတ္ေကာင္း
၇။ ဆီ
၈။ ၾကက္သြန္ျဖဴ
၉။ ၾကက္သြန္နီ
၁၀။ ၾကက္ဥ တလံုး

ျပဳလုပ္နည္း
၁။ ႏွစ္သက္ရာ အသားတမ်ိဳးမ်ိဳးကို ဆား ၊ င႐ုတ္ေကာင္းတို႔နဲ႔ နယ္ၿပီး ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ ဆီသတ္၍ က်က္ေအာင္ခ်က္ပါ။ ၾကက္ ၊ ဝက္ ၊ အမဲ ႀကိဳက္ရာသံုးႏိုင္ပါတယ္ ။ ပိုေကာင္းေအာင္ နံနံပင္ ၊ သစ္ၾကံပိုးေခါက္ေတြ ထည့္ႏိုင္ပါတယ္ ။

၂။ ေရေျခာက္ေအာင္ စစ္ထားတဲ့ င႐ုတ္႐ွည္ေတာင့္မ်ားကို အလယ္ေကာင္ ခြဲၿပီး အေစ့မ်ားထုတ္ပါ ။ အေစ့ေတြ ထုတ္လိုက္ရင္ မစပ္ေတာ့ ပါဘူး ။ လက္မပူေအာင္ လက္အိတ္ စြပ္ပါ ။ ခ်ိစ့္ကို အေတာင့္႐ွည္ေလးေတြ လွီးပါ။

၃။ အေစ့ထုတ္ထားေသာ င႐ုတ္ေတာင့္ထဲ ခ်က္ထားတဲ့ အသားစင္းေကာ အစာသြပ္ပါ ။ အဝကို ခ်ိစ့္အေတာင့္ေလးနဲ႔ ပိတ္ပါ။ ေကာ္ျပန္႔ဖတ္နဲ႔ ထိပ္ႏွစ္ဖက္ကို ဖြင့္ၿပီး လိပ္ပါ ။ င႐ုတ္သီး အရင္းတံေလးကို အျပင္ထုတ္ထားပါ ။ အနားကို ၾကက္ဥႏွစ္ရည္ သုတ္ၿပီး ပိတ္ပါ။

၄။ ၿပီးရင္ ဆီပူမွာ ေရႊအိုေရာင္ ရသည္အထိ ထည့္ေၾကာ္ပါ ။ က်က္ရင္ ဆီစစ္ၿပီး ေဆာ့စ္တမ်ိဳးမ်ိဳးနဲ႔ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။

[ Unicode ]

ကိုက်လိုက်ရင် နူးညံ့နေတဲ့အသားတွေ၊ ချိစ်အနှစ်လေးတွေနဲ့ အရမ်းကောင်းတဲ့ ကော်ပြန့်ငရုတ်လိပ်ကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သော ပစ္စည်းများ
၁။ နှစ်သက်ရာ အသားစင်းကော အနည်းငယ်
၂။ ကော်ပြန့်လိပ် အဖတ်
၃။ ငရုတ်ရှည်တောင့်
၄။ ချိစ့်
၅။ ဆား
၆။ ငရုတ်ကောင်း
၇။ ဆီ
၈။ ကြက်သွန်ဖြူ
၉။ ကြက်သွန်နီ
၁၀။ ကြက်ဥ တလုံး

ပြုလုပ်နည်း
၁။ နှစ်သက်ရာ အသားတမျိုးမျိုးကို ဆား ၊ ငရုတ်ကောင်းတို့နဲ့ နယ်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ဆီသတ်၍ ကျက်အောင်ချက်ပါ။ ကြက် ၊ ဝက် ၊ အမဲ ကြိုက်ရာသုံးနိုင်ပါတယ် ။ ပိုကောင်းအောင် နံနံပင် ၊ သစ်ကြံပိုးခေါက်တွေ ထည့်နိုင်ပါတယ် ။

၂။ ရေခြောက်အောင် စစ်ထားတဲ့ ငရုတ်ရှည်တောင့်များကို အလယ်ကောင် ခွဲပြီး အစေ့များထုတ်ပါ ။ အစေ့တွေ ထုတ်လိုက်ရင် မစပ်တော့ ပါဘူး ။ လက်မပူအောင် လက်အိတ် စွပ်ပါ ။ ချိစ့်ကို အတောင့်ရှည်လေးတွေ လှီးပါ။

၃။ အစေ့ထုတ်ထားသော ငရုတ်တောင့်ထဲ ချက်ထားတဲ့ အသားစင်းကော အစာသွပ်ပါ ။ အဝကို ချိစ့်အတောင့်လေးနဲ့ ပိတ်ပါ။ ကော်ပြန့်ဖတ်နဲ့ ထိပ်နှစ်ဖက်ကို ဖွင့်ပြီး လိပ်ပါ ။ ငရုတ်သီး အရင်းတံလေးကို အပြင်ထုတ်ထားပါ ။ အနားကို ကြက်ဥနှစ်ရည် သုတ်ပြီး ပိတ်ပါ။

၄။ ပြီးရင် ဆီပူမှာ ရွှေအိုရောင် ရသည်အထိ ထည့်ကြော်ပါ ။ ကျက်ရင် ဆီစစ်ပြီး ဆော့စ်တမျိုးမျိုးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Ref; asianfood

 

252 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.