ခ်စ္သူေယာက်ၤားေလးကို စကားလုံးေတြနဲ႔ ဘယ္လိုခ်ဳပ္မလဲ

ဒီစကားေလးေတြကိုသာ သင့္ခ်စ္သူကို အၿမဲေျပာေနရင္ေတာ့ သင့္ခ်စ္သူဟာ သင့္ကို ခ်စ္သထက္ခ်စ္႐ုံသာမက သင့္တစ္ေယာက္တည္းဆီကိုပဲ စိတ္ေရာက္ေနမွာျဖစ္ပါတယ္။

(၁) သင့္ခ်စ္သူကို ခ်စ္တယ္ ဆိုတဲ့ စကားေျပာဖို႔ ဘယ္ေတာ့မွ မတြန႔္ဆုတ္သင့္ပါဘူး။ တြဲတာ ဘယ္ေလာက္ပဲ ၾကာၾကာ၊ အရင္က ဘယ္ေလာက္ပဲေျပာခဲ့ေျပာခဲ့ ေန႔တိုင္း အခ်ိန္တိုင္းမွာ ဆက္ၿပီး ေျပာေပးဖို႔လိုပါတယ္။

(၂) သင့္ခ်စ္သူကို ေက်းဇူးတင္ေၾကာင္း အၿမဲတမ္းေျပာပါ။ သူလုပ္ေပးတဲ့ အေသးအမႊားေလးေတြကအစ အၿမဲတမ္း ေက်းဇူးတင္တဲ့အေၾကာင္း လႈိက္လႈိက္လွဲလွဲ ေျပာေပးပါ။ ေယာက်္ားေလးေတြဟာ သူတို႔ရဲ႕ ေစတနာကို အသိအမွတ္ျပဳေပးရင္ အရမ္းေႂကြပါတယ္။

(၃) သင့္ခ်စ္သူကို ခ်ီးက်ဴးစကား အၿမဲေျပာေပးပါ။ လူတိုင္းဟာ ခ်ီးက်ဴးခံခ်င္တဲ့ သူေတြခ်ည္းပါပဲ။ ဒါေၾကာင့္ သင့္ခ်စ္သူရဲ႕ အရည္အခ်င္း၊ လုပ္ကိုင္ႏိုင္စြမ္းေတြကို အသိအမွတ္ျပဳပါ၊ ခ်ီးက်ဴးစကားေျပာေပးပါ။ ဒါဟာ သူ႔ကို ၾကည္ႏူးေစတဲ့အျပင္ ေနာက္လည္း သင့္ကို ဂုဏ္ယူေအာင္ လုပ္ျပခ်င္စိတ္ေတြ ျဖစ္ေပၚလာေစပါတယ္။

(၄) သင့္ခ်စ္သူကို ေလးစားပါ။ သင့္ရဲ႕ စကားအေျပာအဆို၊ အျပဳအမူ၊ အၾကည့္ေတြကအစ သင့္ခ်စ္သူကို အထင္ေသးသလို၊ ႏွိမ္သလို လုံးဝမလုပ္မိပါေစနဲ႔။ သင့္ခ်စ္သူရဲ႕ သိကၡာ၊ မာနကို အၿမဲတမ္းငဲ့ညာၿပီး အထူးသျဖင့္ လူေရွ႕သူေရွ႕မွာဆိုရင္ အေျပာအဆို၊ အျပဳအမူေတြကို ဆင္ျခင္ပါ။

(၅) သင့္ခ်စ္သူကို ၾကည့္ေကာင္းတယ္လို႔ အၿမဲတမ္းေျပာပါ။ ဘယ္ေလာက္ပဲ တြဲလာတာၾကာေနပါေစ၊ လူတိုင္းဟာ ကိုယ့္ခ်စ္သူရဲ႕ မ်က္လုံးထဲမွာ ဆြဲေဆာင္မႈရွိခ်င္တုန္း၊ ၾကည့္ေကာင္းခ်င္တုန္းပါပဲ။

(၆) သင့္ခ်စ္သူေျပာတဲ့စကားကို နားေထာင္ေပးပါ။ ဥပမာ ရန္ျဖစ္စကားမ်ားေနတဲ့အခ်ိန္မွာ သင့္ခ်စ္သူကို ေျဖရွင္းခြင့္၊ ရွင္းျပခြင့္ေပးလိုက္ပါ။ ဒီလိုမွမဟုတ္ဘဲ ေခ်ာင္ပိတ္လိုက္တဲ့အခါ မဟုတ္တဲ့ ထြက္ေပါက္ေတြ ရွာလာရင္ သင္ပဲ စိတ္ဆင္းရဲေနရမွာပါ။

[ Unicode ]

ဒီစကားလေးတွေကိုသာ သင့်ချစ်သူကို အမြဲပြောနေရင်တော့ သင့်ချစ်သူဟာ သင့်ကို ချစ်သထက်ချစ်ရုံသာမက သင့်တစ်ယောက်တည်းဆီကိုပဲ စိတ်ရောက်နေမှာဖြစ်ပါတယ်။

(၁) သင့်ချစ်သူကို ချစ်တယ် ဆိုတဲ့ စကားပြောဖို့ ဘယ်တော့မှ မတွန့်ဆုတ်သင့်ပါဘူး။ တွဲတာ ဘယ်လောက်ပဲ ကြာကြာ၊ အရင်က ဘယ်လောက်ပဲပြောခဲ့ပြောခဲ့ နေ့တိုင်း အချိန်တိုင်းမှာ ဆက်ပြီး ပြောပေးဖို့လိုပါတယ်။

(၂) သင့်ချစ်သူကို ကျေးဇူးတင်ကြောင်း အမြဲတမ်းပြောပါ။ သူလုပ်ပေးတဲ့ အသေးအမွှားလေးတွေကအစ အမြဲတမ်း ကျေးဇူးတင်တဲ့အကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပေးပါ။ ယောကျ်ားလေးတွေဟာ သူတို့ရဲ့ စေတနာကို အသိအမှတ်ပြုပေးရင် အရမ်းကြွေပါတယ်။

(၃) သင့်ချစ်သူကို ချီးကျူးစကား အမြဲပြောပေးပါ။ လူတိုင်းဟာ ချီးကျူးခံချင်တဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် သင့်ချစ်သူရဲ့ အရည်အချင်း၊ လုပ်ကိုင်နိုင်စွမ်းတွေကို အသိအမှတ်ပြုပါ၊ ချီးကျူးစကားပြောပေးပါ။ ဒါဟာ သူ့ကို ကြည်နူးစေတဲ့အပြင် နောက်လည်း သင့်ကို ဂုဏ်ယူအောင် လုပ်ပြချင်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

(၄) သင့်ချစ်သူကို လေးစားပါ။ သင့်ရဲ့ စကားအပြောအဆို၊ အပြုအမူ၊ အကြည့်တွေကအစ သင့်ချစ်သူကို အထင်သေးသလို၊ နှိမ်သလို လုံးဝမလုပ်မိပါစေနဲ့။ သင့်ချစ်သူရဲ့ သိက္ခာ၊ မာနကို အမြဲတမ်းငဲ့ညာပြီး အထူးသဖြင့် လူရှေ့သူရှေ့မှာဆိုရင် အပြောအဆို၊ အပြုအမူတွေကို ဆင်ခြင်ပါ။

(၅) သင့်ချစ်သူကို ကြည့်ကောင်းတယ်လို့ အမြဲတမ်းပြောပါ။ ဘယ်လောက်ပဲ တွဲလာတာကြာနေပါစေ၊ လူတိုင်းဟာ ကိုယ့်ချစ်သူရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိချင်တုန်း၊ ကြည့်ကောင်းချင်တုန်းပါပဲ။

(၆) သင့်ချစ်သူပြောတဲ့စကားကို နားထောင်ပေးပါ။ ဥပမာ ရန်ဖြစ်စကားများနေတဲ့အချိန်မှာ သင့်ချစ်သူကို ဖြေရှင်းခွင့်၊ ရှင်းပြခွင့်ပေးလိုက်ပါ။ ဒီလိုမှမဟုတ်ဘဲ ချောင်ပိတ်လိုက်တဲ့အခါ မဟုတ်တဲ့ ထွက်ပေါက်တွေ ရှာလာရင် သင်ပဲ စိတ်ဆင်းရဲနေရမှာပါ။

Ref; rsgoals

 

196 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.