ကဲ…ဒီနေ့မှာတော့ မကြာခဏခေါင်းလျှော်တတ်တဲ့သူတွေအတွက် တစ်ပတ်မှာဘယ်နှကြိမ်လောက်ခေါင်းလျှော်ရင် ကျန်းမာရေးအတွက် အဆင်ပြေနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်။
တစ်ပတ်မှာ ဘယ်နှစ်ကြိမ်ခေါင်းလျှော်သင့်လဲဆိုတာ သင့်ဆံပင်က ဘယ်လိုအမျိုးအစားလဲ ဆိုတဲ့ပေါ် မူတည်ပါတယ်..
ခြောက်သွေ.တဲ့ဆံပင်၊ အဆီပြန်တဲ့ဆံပင်နဲ့ အဆီပြန်ခြင်း ခြောက်သွေ.ခြင်းကင်းတဲ့ သာမာန်ဆံပင်ဆိုပြီး (၃)မျိုးရှိပါတယ်။
တကယ်လို့ သင်ဟာ ခြောက်သွေ.တဲ့ ဆံပင်ကို ပိုင်ဆိုင်ထားရင် တစ်ပတ်မှာ အများဆုံး (၂)ကြိမ်လျှော်ပေးနိုင်ပါတယ်။
အဆီပြန်တဲ့ဆံပင်မျိုး ပိုင်ဆိုင်ထားရင်တော့ နေ့စဉ် (သို့) ၂ရက်တစ်ခါ လျှော်ပေးသင့်ပါတယ်။
သာမာန်ဆံပင်အမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့ အခွင့်ထူးခံတွေပါပဲနော်..ဆံပင် အတို၊ အရှည်ပေါ်မူတည်ပြီးတော့ ကိုယ်လျှော်ချင်တဲ့ရက်မှ အဆင်ပြေသလို လျှော်နိုင်ပါတယ်နော်။
Ref;BEAUTY BLOGS
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။