အခ်စ္ဆုံးကို နားလည္ပါ…

၁။ ခင္ပြန္း
တစ္ခါတေလမွာ သူဟာ ကေလးဆိုးႀကီးတစ္ေယာက္နဲ႔တူတတ္တယ္။ သြယ္ဝိုက္ၿပီး အႀကိမ္ႀကိမ္သတိေပးမွ ကိုယ့္ေမြးေန႔ကို မွတ္မိတတ္တဲ့သူ႔ကို ခြင့္လႊတ္နားလည္ေပးပါ။ တကယ္ေတာ့… တစ္ခါတေလမွာ သန္မာထြားႀကိဳင္းတဲ့ သူ႔ခႏၶာကိုယ္ေအာက္ကအသဲႏွလုံးတစ္စုံဟာ ကိုယ့္ဆီက ခြင့္လႊတ္နားလည္မႈနည္းနည္းနဲ႔ ခ်စ္ျခင္းေမတၱာေတြကို လိုအပ္ေနပါတယ္။

၂။ ဇနီး
သူ႔ဆီမွာ ကိုယ္ေတာင္းဆိုတဲ့အရာေတြက ကိုယ့္မိခင္ဆီ ကိုယ္ေတာင္းဆိုတဲ့အရာလို သဘာဝက်ပါသလား။ တျခားက႑ကေန ပါဝင္ၾကည့္ပါ။ တစ္ခါတေလ ကေလးႏို႔ပုလင္းကို ကိုင္ၾကည့္ပါ။ တစ္ခါတေလ မီးဖိုေခ်ာင္ဝင္ၾကည့္ပါ။ လိုအပ္တဲ့ ဆန္၊ ဆီ၊ ဆားအျပင္ ဂ႐ုစိုက္မႈ၊ နားလည္မႈနဲ႔ ခ်ိဳၿမိန္တဲ့စကားေတြ သူ႔ကိုနည္းနည္း ပိုေပးလိုက္ပါ။

၃။ သားသမီး
ေသးငယ္တဲ့ သူ႔ရဲ႕လက္ေတြက ေနာင္တစ္ခ်ိန္မွာ ဘယ္လိုလက္ဖဝါးႀကီးမ်ိဳး ျဖစ္လာႏိုင္မလဲ။ ပတ္ဝန္းက်င္၊ သဘာဝတရားေတြကို သူခံစားတတ္ေအာင္ သင္ေပးပါ။ စိတ္ဓာတ္သန္မာႀကံ့ခိုင္ေအာင္ သင္ေပးသလို ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ႏွသားသားတစ္စုံရွိသင့္ေၾကာင္းလည္းေျပာျပပါ။ သူႀကီးျပင္းရာ လမ္းတစ္ေလွ်ာက္မွာ လမ္းၫႊန္ဆုံးမသူအျဖစ္ အေဖာ္ျပဳေပးပါ။

၄။ မိဘ
အခ်ိန္မီေသးတဲ့အခ်ိန္မွာ တန္ဖိုးထားပါ။ ကိုယ့္သားသမီးေတြရဲ႕ငိုသံက ကိုယ့္မိဘေတြရဲ႕သက္ျပင္းခ်သံထက္ ၾကင္နာမႈပိုရခဲ့ပါတယ္။ သားသမီးေတြ ေက်ာင္းလြတ္တဲ့အခ်ိန္ကို ကိုယ္မေမ့ေပမယ့္ ကိုယ္အိမ္ျပန္ခ်ိန္ကို ေမွ်ာ္ေနတတ္တဲ့ မိဘေတြရဲ႕ ဂ႐ုစိုက္မႈကိုေတာ့ ကိုယ္လ်စ္လ်ဴရႈမိတတ္တယ္။ ေလာဘရမၼက္ရဲ႕ ေတာင္းဆိုမႈကို ဥစၥာပစၥည္းေတြက မျဖည့္တင္းေပးႏိုင္ပါဘူး။ အေရးႀကီးတာက မိဘေတြကို ကိုယ့္ရဲ႕အခ်ိန္ေတြ နည္းနည္းပိုေပးဖို႔ပါပဲ။

၅။ ေမာင္ႏွမ
stand by me ကိုယ့္ဖက္မွာပဲ သူရွိေနခဲ့တယ္။ အေဖက အစ္ကို႔ကို ပိုအလိုလိုက္တယ္လို႔ ထင္ခဲ့တယ္။ အေမက ညီမေလးကို ပိုခ်စ္တယ္လို႔ ထင္ခဲ့တယ္။ တကယ္ေတာ့… လက္ဖဝါးခ်င္းပါပဲ၊ ေသြးရင္းေတြပါပဲ။ ကိုယ္လိုအပ္ခ်ိန္မွာ သူတို႔က ကိုယ္ဖက္မွာရွိေနခဲ့ပါတယ္။

၆။ ခ်စ္သူ
အခ်စ္က တစ္လမ္းသြားမဟုတ္ပါဘူး။ ေရာင္ျပန္ဟပ္တတ္ပါတယ္။
ကိုယ္ေပးဆပ္သေလာက္ ျပန္ရတာပါပဲ။ စိတ္ဆိုးခ်ိန္မွာ သူ(သူမ)ရဲ႕ ေကာင္းကြက္ကို ရွာၾကည့္ပါ။ မေက်နပ္ခ်ိန္မွာ သူ(သူမ)ရဲ႕ အနစ္နာခံခဲ့တာကို သတိရပါ။ ေအးစက္ခ်ိန္မွာ သူ(သူမ)ရဲ႕ ေႏြးေထြးမႈကို အမွတ္ရပါ။ ေပးဆပ္ျခင္းကို ႏွစ္ေယာက္စလုံးနားလည္ခဲ့ရင္ အခ်စ္က ထာဝရတည္တံ့ပါတယ္။ ႏွလုံးသားခ်င္းထပ္ၿပီး ႏွစ္ေယာက္အတူခ်စ္ဖို႔ရာ မလြယ္ကူပါဘူး။ လမ္းခြဲတဲ့စကားကို လြယ္လြယ္ကူကူ မေျပာလိုက္ပါနဲ႔။

[ Unicode ]

၁။ ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးတစ်ယောက်နဲ့တူတတ်တယ်။ သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွှတ်နားလည်ပေးပါ။ တကယ်တော့… တစ်ခါတလေမှာ သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာကိုယ်အောက်ကအသဲနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

၂။ ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား။ တခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။ တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။ တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့ ချိုမြိန်တဲ့စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

၃။ သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေက နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်လာနိုင်မလဲ။ ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။ စိတ်ဓာတ်သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံရှိသင့်ကြောင်းလည်းပြောပြပါ။ သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

၄။ မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။ ကိုယ့်သားသမီးတွေရဲ့ငိုသံက ကိုယ့်မိဘတွေရဲ့သက်ပြင်းချသံထက် ကြင်နာမှုပိုရခဲ့ပါတယ်။ သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့် ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျစ်လျူရှုမိတတ်တယ်။ လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။ အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

၅။ မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။ အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။ အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။ တကယ်တော့… လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ။ ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာရှိနေခဲ့ပါတယ်။

၆။ ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။ စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။ မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။ အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။ ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။ နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူချစ်ဖို့ရာ မလွယ်ကူပါဘူး။ လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့။

Ref; relationships

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.