ႏူးည့ံအိေမႊးတဲ့ ဝက္စြပ္ျပဳတ္ပူပူေလးကို အိမ္မွာအဝစားဖုိ႔ ဝက္လက္စြပ္ျပဳတ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလုိက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။
ပါဝင္ပစၥည္းမ်ား
• ဝက္လက္ (ဝက္၏အေရွ႕ဘက္မွလက္) ဒါမွအသားေပါၿပီး ပိုစားေကာင္း ပါတယ္။
• ၾကက္သြန္ျဖဴဗမာဥ – ၃ လုံး
• ခ်င္း – လက္၂ဆစ္ခန႔္
• နံနံပင္အျမစ္ – ၅ ပင္
• ကရေဝးရြက္ – ၁ ရြက္
• သစ္ႀကံပိုးေခါက္ – လက္သည္းခြံေလာက္သာ
• ေလးညႇင္း – ၂ ပြင့္
• သၾကား – စားပြဲဇြန္း ၂ ဇြန္း
• ဆား – စားပြဲဇြန္းတစ္ဝက္
• ပဲငံျပာရည္အၾကည္ – စားပြဲဇြန္း ၂ ဇြန္း
ျပဳတ္နည္း
၁။ အရင္ဆုံး ဝက္လက္ေတြကို ဘာမွမလုပ္ေသးခင္ မီးဖိုေပၚတင္ မီးျမႇိုက္ပါ။ အေပၚ အေရခြံေတြ အနည္းငယ္ကၽြမ္းၿပီး မည္းပါေစ။ ဒါမွခ်က္ၿပီးတဲ့အခါ ပိုလို့မွေမႊးပါတယ္။
၂။ မီးျမႇိုက္ထားတဲ့ ဝက္လက္ကို ေရေအးထဲ တန္းစိမ္ပါ။ ေရေအးထဲ တန္းမစိမ္ရင္ အမည္းေတြ ခြာရခက္သြားပါတယ္။ အဲ့ေတာ့မွ အသာယာပြတ္ေဆးပါ။
၃။ စိတ္ႀကိဳက္ တုံးထားပါ။ ဆား၊ ပဲငံျပာရည္အၾကည္တို့နဲ႔ နယ္ထားပါ။ ခ်င္းကို ဓားျပားရိုက္ထားပါ။ ဆီအနည္းငယ္ထဲ ခ်င္း၊ သစ္ႀကံပိုးေခါက္၊ ကရေဝးနဲ႔ ေလးညႇင္းကိုေမႊးလာ႐ုံမၽွ ဆီသတ္ ပါ။ ေရေႏြးအိုးဆူေအာင္ တည္ ထားပါ။ ေမႊးလာရင္ သၾကားထည့္ေၾကာ္ပါ။ သၾကားေတြ ရဲၿပီး တူးလာရင္ ဝက္လက္ေတြထည့္ၿပီး သၾကားအေရာင္ေတြ ဝက္လက္ထဲ ရဲေနေအာင္ ကပ္သည္အထိ စိတ္ရွည္စြာ လုံးပါ။ သၾကားေတြ အရမ္းတူးလာရင္ ေရအနည္းငယ္ ထည့္နိုင္ပါတယ္။
၄။ ဝက္လက္ သားေတြအားလုံး အေရာင္လွလာၿပီဆိုရင္ ဆူလာၿပီျဖစ္တဲ့ ေရေႏြးအိုးထဲ အကုန္ထည့္ပါ။ ၾကက္သြန္ျဖဴကို အေပၚခြံခြာ ေရေဆးၿပီး အလုံးလိုက္ ထည့္ပါ။ နံနံပင္အျမစ္ ထည့္ပါ။ အစပိုင္းမွာ ၁၅ မိနစ္ခန႔္ မီးရွိန္ျပင္းႏွင့္ ျပဳတ္ပါ။ ၁၅ မိနစ္ ေနာက္ပိုင္း မီးရွိန္ လုံးဝေလၽွာ့ခ်ၿပီး မီးေအးေအးႏွင့္ အိစက္လာသည္အထိ ျပဳတ္ပါ။ အေပၚဆီေတြ ခပ္ထုတ္ပါ။ ႏူးသြားၿပီဆိုရင္ အရသာရွိရွီသုံးေဆာင္လို့ရပါၿပီေနာ္။
[ Unicode ]
နူးညံ့အိမွှေးတဲ့ ဝက်စွပ်ပြုတ်ပူပူလေးကို အိမ်မှာအဝစားဖို့ ဝက်လက်စွပ်ပြုတ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
• ဝက်လက် (ဝက်၏အရှေ့ဘက်မှလက်) ဒါမှအသားပေါပြီး ပိုစားကောင်း ပါတယ်။
• ကြက်သွန်ဖြူဗမာဥ – ၃ လုံး
• ချင်း – လက်၂ဆစ်ခန့်
• နံနံပင်အမြစ် – ၅ ပင်
• ကရဝေးရွက် – ၁ ရွက်
• သစ်ကြံပိုးခေါက် – လက်သည်းခွံလောက်သာ
• လေးညှင်း – ၂ ပွင့်
• သကြား – စားပွဲဇွန်း ၂ ဇွန်း
• ဆား – စားပွဲဇွန်းတစ်ဝက်
• ပဲငံပြာရည်အကြည် – စားပွဲဇွန်း ၂ ဇွန်း
ပြုတ်နည်း
၁။ အရင်ဆုံး ဝက်လက်တွေကို ဘာမှမလုပ်သေးခင် မီးဖိုပေါ်တင် မီးမြှိုက်ပါ။ အပေါ် အရေခွံတွေ အနည်းငယ်ကျွမ်းပြီး မည်းပါစေ။ ဒါမှချက်ပြီးတဲ့အခါ ပိုလို့မှမွှေးပါတယ်။
၂။ မီးမြှိုက်ထားတဲ့ ဝက်လက်ကို ရေအေးထဲ တန်းစိမ်ပါ။ ရေအေးထဲ တန်းမစိမ်ရင် အမည်းတွေ ခွာရခက်သွားပါတယ်။ အဲ့တော့မှ အသာယာပွတ်ဆေးပါ။
၃။ စိတ်ကြိုက် တုံးထားပါ။ ဆား၊ ပဲငံပြာရည်အကြည်တို့နဲ့ နယ်ထားပါ။ ချင်းကို ဓားပြားရိုက်ထားပါ။ ဆီအနည်းငယ်ထဲ ချင်း၊ သစ်ကြံပိုးခေါက်၊ ကရဝေးနဲ့ လေးညှင်းကိုမွှေးလာရုံမျှ ဆီသတ် ပါ။ ရေနွေးအိုးဆူအောင် တည် ထားပါ။ မွှေးလာရင် သကြားထည့်ကြော်ပါ။ သကြားတွေ ရဲပြီး တူးလာရင် ဝက်လက်တွေထည့်ပြီး သကြားအရောင်တွေ ဝက်လက်ထဲ ရဲနေအောင် ကပ်သည်အထိ စိတ်ရှည်စွာ လုံးပါ။ သကြားတွေ အရမ်းတူးလာရင် ရေအနည်းငယ် ထည့်နိုင်ပါတယ်။
၄။ ဝက်လက် သားတွေအားလုံး အရောင်လှလာပြီဆိုရင် ဆူလာပြီဖြစ်တဲ့ ရေနွေးအိုးထဲ အကုန်ထည့်ပါ။ ကြက်သွန်ဖြူကို အပေါ်ခွံခွာ ရေဆေးပြီး အလုံးလိုက် ထည့်ပါ။ နံနံပင်အမြစ် ထည့်ပါ။ အစပိုင်းမှာ ၁၅ မိနစ်ခန့် မီးရှိန်ပြင်းနှင့် ပြုတ်ပါ။ ၁၅ မိနစ် နောက်ပိုင်း မီးရှိန် လုံးဝလျှော့ချပြီး မီးအေးအေးနှင့် အိစက်လာသည်အထိ ပြုတ်ပါ။ အပေါ်ဆီတွေ ခပ်ထုတ်ပါ။ နူးသွားပြီဆိုရင် အရသာရှိရှီသုံးဆောင်လို့ရပါပြီနော်။
Ref; asianfood