အနုပညာရှင်တစ်ချို့ကတော့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်၊မလုပ်ဖြစ်ကို ပရိသတ်တွေကိုအသိပေးပြောကြားလေ့ရှိပါတယ်။ ဒါပေမယ့် အခုပြောပြမယ် အနုပညာရှင်တွေကတော့ အဲ့ဒီလိုမဟုတ်ပဲ အနုပညာလောကကနေ ရုတ်တရက်ပျောက်ကွယ်သွားကြပါတယ်။
1. Ori
Ori ကတော့ ၂၀၀၉ ခုနှစ်မှာ KBS ရုပ်သံကနေ Music Bank ကနေ ပွဲဦးထွက်ခဲ့ပါတယ်။ ပွဲဦးထွက်ပြီးနောက်မှာတော့ netizens တွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေကို ရရှိခဲ့ပါတယ်။ အဲ့ဒီလိုပွဲဦးထွက်ပြီးနောက်ပိုင်းမှာတော့ Ori ကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ပါဘူး။
တစ်ချို့ကလဲ Ori ကို netizens တွေရဲ့ ပြစ်တင်ဝေဖန်မှုကြောင့် အနုပညာလောက ကနေ နုတ်ထွက်ခဲ့တာပါလို့ ယုံကြည်နေကြပါတယ်။
နောက်ပိုင်းမှာတော့ Ori ကို Youtube channel တစ်ခုမှာ Mightnight Theories အမည်နဲ့ ရှာတွေ့ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ နေထိုင်ပြီး တေးရေးတစ်ယောက်အနေနဲ့ လုပ်ကိုင်လျက်ရှိတယ်လို့ သိရှိခဲ့ရပါတယ်။
2. Lee Tae Im
မင်းသမီး Lee Tae Im ကတော့ ၂၀၁၈ ခုနှစ်မှာ ပရိသတ်ကို အကြီးအကျယ် ရှော့ခ်ရသွားစေမယ့် သတင်းကို ပြောခဲ့ပါတယ်။ ဒါကတော့ သူမ အနုပညာအလုပ်ကနေ နုတ်ထွက်တော့မယ်လို့ ကြေငြာခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီ ကြေငြာမှုနဲ့ ပတ်သက်ပြီး သူမရဲ့ အေဂျင်စီကတောင်မသိခဲ့ပါဘူး။ အဲ့ဒီလိုအသိပေးပြီး နောက်ပိုင်းမှာ သူမကို အနုပညာလောကမှာ ထပ်မတွေ့ရတော့ပါဘူး။
3. G.NA
၂၀၁၆ ခုနှစ်မှာ G.NA တစ်ယောက်ကတော့ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံနှင့် ပါဝင်ပတ်သတ်နေပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အတွက် ကိုရီးယားဝမ် ၃၅ သန်းဝန်းကျင်လောက် ရရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ သူမအနေနဲ့ အဲ့ဒီလိုမျိုး ငွေကြေးတွေအတွက် သတိလဲမထားခဲ့သလို၊ meeting blind date လဲမရှိပါဘူးလို့ပြောထားပါတယ်။
အဲ့ဒီလိုမျိုး အရှုပ်တော်ပုံတွေ ပြီးသွားတဲ့နောက်မှာ G.NA ကတော့ အနုပညာလောကကနေ ပျောက်သွားခဲ့ပါတယ်။ ၂၀၂၀ခုနှစ်မတိုင်ခင်မှာတော့ သူမရဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတင်ခဲ့တာကို သတင်းသမားတွေက အမိအရ သတင်းရယူခဲ့ပါတယ်။
4. I/Cha Yoon Ji
အဆိုတော် Cha Yoon Ji ကတော့ ၂၀၁၇ ခုနှစ်မှာ EP “I Dream” နဲ့ ပွဲဦးထွက်ခဲ့တာပါ။
ပွဲဦးထွက်ပြီးနောက်ပိုင်းမှာတော့ Cha Yoon Ji တစ်ယောက် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အနုပညာလောကကနေ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ အခုချိန်ထိ သူမ အင်စတာဂရမ်အကောင့်ကနေ Cha Yoon Ji ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေဆဲပဲဖြစ်ပါတယ်။
5. Kim Hee Jung
မင်းသမီး Kim Hee Jung ကတော့ ၂၀၀၇ ခုနှစ်မှာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့ပြီးနောက် သူမကို အနုပညာလောကမှာ ထပ်မတွေ့ရတော့ပဲ ၂၀၁၂ခုနှစ်မှာ အနုပညာအလုပ်တွေကို တတ်တတ်ကြွကြွနဲ့ ပြန်လုပ်လာခဲ့ပါတယ်။ မကြာသေးမီကမှ သူမပါဝင်ရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ Touch Your Heart ပဲဖြစ်ပါတယ်။
Ref;Koreaboo