သင့္အခ်စ္ေရး ကံမေကာင္းရျခင္းအေၾကာင္းရင္းမွာ…

အခ်စ္ေရးမွာ ကံမေကာင္းတာ၊ ကိုယ္ခ်စ္တဲ့သူနဲ႔ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ကမာၻငယ္ေလး မတည္ေဆာက္ႏိုင္တာ ဘာ့ေၾကာင့္လို႔ ထင္ပါသလဲ။

၁။ သတ္မွတ္ထားတဲ့ စံႏႈန္းျမင့္မားေနျခင္း
ကိုယ့္ရဲ႕ လက္တြဲေဖာ္က ဘယ္လိုစံႏႈန္းေတြနဲ႔ ျပည့္စုံေနရမယ္၊ ဘယ္လိုၾကင္နာယုယတတ္ရမယ္၊ ကိုယ္ခ်င္းစာစိတ္အျပည့္အဝရွိရမယ္ စသည္ျဖင့္ စံႏႈန္းအမ်ိဳးမ်ိဳး သတ္မွတ္ထားတတ္ၾကပါတယ္။ သင္ သိထားရမယ့္အရာတစ္ခုက သင့္ရဲ႕ လက္တြဲေဖာ္က လူသားတစ္ေယာက္ပါပဲ။ ကမာၻေပၚမွာ ၿပီးျပည့္စုံတဲ့လူသားဆိုတာ မရွိပါဘူး။ သင္ ဖတ္ဖူးတဲ့စာအုပ္၊ ဇာတ္လမ္းေတတြထဲက ဇာတ္ေကာင္စ႐ိုက္ေတြရဲ႕ ၾကန္အင္လကၡဏာနဲ႔ ၿပီးျပည့္စုံတဲ့သူကို ရွာေဖြမယ္ဆိုရင္ေတာ့ ရွာမေနပါနဲ႔ေတာ့။ ဒီေလာကထဲမွာ ေမြးဖြားဦးမွာ မဟုတ္ပါဘူး။

၂။ မိမိကိုယ္ကို မေလးစားျခင္း
ခ်စ္သူရည္းစားဆက္ဆံေရးမွာ အေျခခံအက်ဆုံးအရာက အျပန္အလွန္ေလးစားျခင္းပဲျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို မေလးစားဘူးဆိုရင္ သင့္ခ်စ္သူကလည္း သင့္ကိုေလးစားမွာမဟုတ္ပါဘူး။

၃။ အျခားသူရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ခ်ိဳးေဖာက္ျခင္း
သင့္ကို အျခားသူတစ္ေယာက္က ႐ုပ္ေသး႐ုပ္လို သေဘာထားၿပီး ႀကိဳးကိုင္ျခယ္လွယ္ေနမယ္ဆိုရင္ သင္ ဘယ္လိုခံစားရမလဲ။ ထိုနည္းတူစြာပဲ သင္က သင့္လက္တြဲေဖာ္ရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို အတင္းအၾကပ္ခ်ဳပ္ကိုင္ေနမယ္ဆိုရင္ေတာ့ သင့္အနားမွာေနတာက စိတ္က်ဥ္းၾကပ္မႈျဖစ္ေစၿပီး သင့္နဲ႔အေဝးဆုံးကို ေျပးထြက္သြားပါလိမ့္မယ္။

၄။ ခြင့္မလႊတ္ႏိုင္ျခင္း
လူတိုင္းက အမွားနဲ႔ မကင္းၾကပါဘူး။ သင့္မွာလည္း အမွားလုပ္မိတဲ့အခိုက္အတန႔္ေတြ ရွိမွာပါပဲ။ အမွားဆိုတာလည္း ခြင့္လႊတ္ႏိုင္တဲ့အမွားနဲ႔ ခြင့္မလႊတ္ႏိုင္တဲ့အမွားဆိုၿပီး ရွိတတ္ပါတယ္။ လူမႈေရးေဖာက္ျပန္တာမ်ိဳးဆိုရင္ေတာ့ ယေန႔ေခတ္မွာ လူတိုင္းလက္မခံႏိုင္တဲ့အမွားပါပဲ။ ဘယ္ေလာက္ပဲခ်စ္တယ္ေျပာေျပာ သစၥာပ်က္ျပားမႈေၾကာင့္ ႏွစ္ရွည္လမ်ားတည္ေဆာက္ထားတဲ့ ယုံၾကည္မႈက ၿပိဳကြဲပ်က္စီးသြားတတ္ပါတယ္။ အဲ့ဒီလိုအမွားမ်ိဳးဆိုရင္ေတာ့ လမ္းခြဲလိုက္တာ အေကာင္းဆုံးပါပဲ။
ဒီလိုမွမဟုတ္ဘဲ အမွားေသးေသးေလး ျပဳလုပ္မိတာဆိုရင္ အခြင့္အေရးေပးၾကည့္ပါ။ ထိုအမွားကို အသစ္ အသစ္ျဖစ္ေအာင္ ထပ္ကာတလဲလဲအစေဖာ္ျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

၅။ တစ္ကိုယ္ေကာင္းဆန္ျခင္း
ႏွစ္ေယာက္တစ္ဘဝတည္ေဆာက္တဲ့အခါ ကိုယ့္ဘက္ပဲ ကိုယ္ၾကည့္လို႔မရပါဘူး။ ကိုယ္ အဆင္ေျပေန႐ုံနဲ႔ မၿပီးပါဘူး။ တစ္ဖက္လူအတြက္လည္း ထည့္သြင္းစဥ္းစားေပးဖို႔လိုအပ္ပါတယ္။ တစ္ကိုယ္ေကာင္းဆန္တဲ့သူအနားမွာ ဘယ္သူမွ မေနခ်င္ၾကပါဘူး။

[ Unicode ]

အချစ်ရေးမှာ ကံမကောင်းတာ၊ ကိုယ်ချစ်တဲ့သူနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာငယ်လေး မတည်ဆောက်နိုင်တာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။

၁။ သတ်မှတ်ထားတဲ့ စံနှုန်းမြင့်မားနေခြင်း
ကိုယ့်ရဲ့ လက်တွဲဖော်က ဘယ်လိုစံနှုန်းတွေနဲ့ ပြည့်စုံနေရမယ်၊ ဘယ်လိုကြင်နာယုယတတ်ရမယ်၊ ကိုယ်ချင်းစာစိတ်အပြည့်အဝရှိရမယ် စသည်ဖြင့် စံနှုန်းအမျိုးမျိုး သတ်မှတ်ထားတတ်ကြပါတယ်။ သင် သိထားရမယ့်အရာတစ်ခုက သင့်ရဲ့ လက်တွဲဖော်က လူသားတစ်ယောက်ပါပဲ။ ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူသားဆိုတာ မရှိပါဘူး။ သင် ဖတ်ဖူးတဲ့စာအုပ်၊ ဇာတ်လမ်းတေတွထဲက ဇာတ်ကောင်စရိုက်တွေရဲ့ ကြန်အင်လက္ခဏာနဲ့ ပြီးပြည့်စုံတဲ့သူကို ရှာဖွေမယ်ဆိုရင်တော့ ရှာမနေပါနဲ့တော့။ ဒီလောကထဲမှာ မွေးဖွားဦးမှာ မဟုတ်ပါဘူး။

၂။ မိမိကိုယ်ကို မလေးစားခြင်း
ချစ်သူရည်းစားဆက်ဆံရေးမှာ အခြေခံအကျဆုံးအရာက အပြန်အလှန်လေးစားခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မလေးစားဘူးဆိုရင် သင့်ချစ်သူကလည်း သင့်ကိုလေးစားမှာမဟုတ်ပါဘူး။

၃။ အခြားသူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း
သင့်ကို အခြားသူတစ်ယောက်က ရုပ်သေးရုပ်လို သဘောထားပြီး ကြိုးကိုင်ခြယ်လှယ်နေမယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ။ ထိုနည်းတူစွာပဲ သင်က သင့်လက်တွဲဖော်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အတင်းအကြပ်ချုပ်ကိုင်နေမယ်ဆိုရင်တော့ သင့်အနားမှာနေတာက စိတ်ကျဉ်းကြပ်မှုဖြစ်စေပြီး သင့်နဲ့အဝေးဆုံးကို ပြေးထွက်သွားပါလိမ့်မယ်။

၄။ ခွင့်မလွှတ်နိုင်ခြင်း
လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး။ သင့်မှာလည်း အမှားလုပ်မိတဲ့အခိုက်အတန့်တွေ ရှိမှာပါပဲ။ အမှားဆိုတာလည်း ခွင့်လွှတ်နိုင်တဲ့အမှားနဲ့ ခွင့်မလွှတ်နိုင်တဲ့အမှားဆိုပြီး ရှိတတ်ပါတယ်။ လူမှုရေးဖောက်ပြန်တာမျိုးဆိုရင်တော့ ယနေ့ခေတ်မှာ လူတိုင်းလက်မခံနိုင်တဲ့အမှားပါပဲ။ ဘယ်လောက်ပဲချစ်တယ်ပြောပြော သစ္စာပျက်ပြားမှုကြောင့် နှစ်ရှည်လများတည်ဆောက်ထားတဲ့ ယုံကြည်မှုက ပြိုကွဲပျက်စီးသွားတတ်ပါတယ်။ အဲ့ဒီလိုအမှားမျိုးဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။
ဒီလိုမှမဟုတ်ဘဲ အမှားသေးသေးလေး ပြုလုပ်မိတာဆိုရင် အခွင့်အရေးပေးကြည့်ပါ။ ထိုအမှားကို အသစ် အသစ်ဖြစ်အောင် ထပ်ကာတလဲလဲအစဖော်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၅။ တစ်ကိုယ်ကောင်းဆန်ခြင်း
နှစ်ယောက်တစ်ဘဝတည်ဆောက်တဲ့အခါ ကိုယ့်ဘက်ပဲ ကိုယ်ကြည့်လို့မရပါဘူး။ ကိုယ် အဆင်ပြေနေရုံနဲ့ မပြီးပါဘူး။ တစ်ဖက်လူအတွက်လည်း ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူအနားမှာ ဘယ်သူမှ မနေချင်ကြပါဘူး။

Ref; rsgoals

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.