ငါးေခါင္းခ်ဥ္ရည္ ျပဳလုပ္နည္း

ငါးေခါင္းခ်ဥ္ရည္ကို ဆိုင္ကဝယ္မစားပဲ ကိုယ့္အိမ္မွာကိုယ္ပဲ အဝဆြဲဖို႔ ငါးေခါင္းခ်ဥ္ရည္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ျပဳလုပ္နည္း
၁။ ငါးၾကင္းေခါင္းေသးရင္ အလုံးလိုက္၊ ႀကီးရင္ အလယ္ကထက္ျခမ္းခြဲၿပီး ပသိေတြထုတ္ပစ္ပါ ။ၿပီးရင္ ေရစင္စင္ေဆးထားပါ ။

၂။ အိုးထဲကို ဆီနည္းနည္းထည့္ၿပီး ပူလာရင္ နႏြင္းမႈန႔္ထည့္ပါ။ စပါးလင္အရင္းပိုင္း ေစြေစြေလးလွီးထားတာထည့္ပါ။ င႐ုတ္သီး ၊ ဂ်င္း ၊ ၾကက္သြန္ျဖဴ + နီ ေထာင္းထားတာထည့္ပါ။
ေမႊးလာတဲ့အထိဆီသတ္ၿပီး ငါးေခါင္းေတြထည့္ပါ။ ငံျပာရည္ ၊ ဆား ၊ အရသာ သင့္႐ုံထည့္ၿပီး အသာအယာေမႊပါ။ လက္ေဆးရည္နည္းနည္းထည့္တည္ၿပီး ငါးေခါင္းေတြကို ဆယ္ထားပါ ။

၃။ က်န္တဲ့အိုးထဲကို မုန္လာဥနီ ၊ မွ်စ္ ၊ ငုံးဥျပဳတ္တို႔ထည့္ေမႊပါ။ျ ပီးရင္ ေရထည့္ၿပီး အသီးအ႐ြက္ႏူးေအာင္တည္ပါ။ အသီးအ႐ြက္ ႏူးခါနီးမွာ ပဲျပားကိုအတုံးေလးေတြလွီးထည့္ပါ။

၄။ အခ်ဥ္အတြက္ မန္က်ည္းသီးမွည့္ျဖစ္ေစ ၊ သံပုရာရည္ျဖစ္ေစထည့္ပါ။
( မန္က်ည္းမွည့္က ဟင္းအေရာင္မဲေစတယ္။ သံပုရာသီးကိုလည္းမသုံးခ်င္ဘူးဆိုရင္ေတာ့ တုံယမ္းအခဲထည့္လည္း ရပါတယ္ )

၅။ အရသာျမည္းလို႔ အေနေတာ္ရင္ ငါးေခါင္းေတြထည့္လိုက္ပါ။ ငါးေခါင္းေတြကို ဆယ္မထားရင္ ေၾကကုန္တတ္ပါတယ္။ ငါးေခါင္းအေနေတာ္ရင္ ပင္စိမ္း႐ြက္ေလးအုပ္လိုက္ရင္ ရပါၿပီ။

ခုဆိုရင္ေတာ့ ခ်ဥ္စပ္စပ္ ငါးေခါင္းခ်ဥ္ရည္ဟင္းကို အရသာရွိရွိ သုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ငါးခေါင်းချဉ်ရည်ကို ဆိုင်ကဝယ်မစားပဲ ကိုယ့်အိမ်မှာကိုယ်ပဲ အဝဆွဲဖို့ ငါးခေါင်းချဉ်ရည် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပြုလုပ်နည်း
၁။ ငါးကြင်းခေါင်းသေးရင် အလုံးလိုက်၊ ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီး ပသိတွေထုတ်ပစ်ပါ ။ပြီးရင် ရေစင်စင်ဆေးထားပါ ။

၂။ အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပူလာရင် နနွင်းမှုန့်ထည့်ပါ။ စပါးလင်အရင်းပိုင်း စွေစွေလေးလှီးထားတာထည့်ပါ။ ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ။
မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ။ ငံပြာရည် ၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပါ။ လက်ဆေးရည်နည်းနည်းထည့်တည်ပြီး ငါးခေါင်းတွေကို ဆယ်ထားပါ ။

၃။ ကျန်တဲ့အိုးထဲကို မုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ။ြ ပီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ။ အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ။

၄။ အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ ၊ သံပုရာရည်ဖြစ်စေထည့်ပါ။
( မန်ကျည်းမှည့်က ဟင်းအရောင်မဲစေတယ်။ သံပုရာသီးကိုလည်းမသုံးချင်ဘူးဆိုရင်တော့ တုံယမ်းအခဲထည့်လည်း ရပါတယ် )

၅။ အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါ။ ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ်။ ငါးခေါင်းအနေတော်ရင် ပင်စိမ်းရွက်လေးအုပ်လိုက်ရင် ရပါပြီ။

ခုဆိုရင်တော့ ချဉ်စပ်စပ် ငါးခေါင်းချဉ်ရည်ဟင်းကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.