ဆံပင္ညႇပ္ဖို႔ လို၊ မလို

ဆံပင္အတိုအရွည္အေန အထားအလိုက္ ဘယ္လိုအခ်ိန္ေတြမွာ ဆံပင္ညႇပ္ေပးရသလဲဆိုတာ သိထားဖို႔ Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

၁။ ဆံပင္ရွည္ရွည္ပိုင္ရွင္ေတြ ဆံပင္အရွည္ဆက္ထားဖို႔ စိတ္ကူးရင္ေတာ့ ဆံသားက်န္းက်န္းမာ မာနဲ႔ ရွည္လ်ားႏိုင္ဖို႔အတြက္ ဆံ ဖ်ားေလးေတြကို ရက္သတၱပတ္ ရွစ္ပတ္ (ဒါမွမဟုတ္) ၁၂ ပတ္တစ္ခါပုံမွန္ညႇပ္ေပးဖို႔လိုပါတယ္။ ဆံပင္ရွည္ၿပီး ဆံသားမေကာင္းရင္ေတာ့ ေျခာက္ပတ္ (ဒါမွမဟုတ္) ရွစ္ပတ္တစ္ခါညႇပ္ဖို႔လိုပါတယ္။ အရွည္ထားခ်င္လို႔ လုံးဝမညႇပ္ဘဲထားတဲ့အခါ ထိပ္ဖ်ားေတြ ျပတ္ထြက္တာမ်ိဳး၊ က်ိဳးေၾကတာမ်ိဳးေတြႀကဳံရႏိုင္ၿပီး ပုံမွန္ထက္ ဆံပင္အရွည္ေႏွးတတ္ပါတယ္။

၂။ အေနေတာ္ဆံပင္အရွည္ရွိ သူေတြဆိုရင္ ဆံသားက်န္းမာဖို႔ အတြက္ ေျခာက္ပတ္ (ဒါမွမဟုတ္) ၁၂ ပတ္တစ္ခါ ဆံပင္ညႇပ္ေပး သင့္ပါတယ္။ ဆံပင္အတိုဆိုရင္ ေတာ့ အၿမဲတမ္းလန္းဆန္းေနတဲ့ ပုံစံမ်ိဳးရွိေနၿပီး ဆံပင္အတိုခဏ ခဏညႇပ္ေနတဲ့အတြက္ ဆံပင္အ ရွည္လည္း ျမန္ပါတယ္။ ဆံပင္တိုဆိုရင္ ေလးပတ္ (ဒါမွမဟုတ္) ရွစ္ ပတ္တစ္ခါညႇပ္ေပးႏိုင္ပါတယ္။

၃။ အ ေရာင္ေဖာက္၊ ဆံပင္ေျဖာင့္၊ ေကာက္လုပ္တဲ့သူေတြဆိုရင္ ေတာ့ ပုံမွန္ထက္ ဆံပင္ပ်က္စီး တတ္တာေၾကာင့္ သန္စြမ္းၿပီး က်န္းမာတဲ့ ဆံပင္ေတြထြက္လာဖို႔ ကို ဆံပင္အဖ်ားေတြကို ခဏခဏတိေပးဖို႔လိုပါတယ္။ ဒီလိုလုပ္ေပး ျခင္းအားျဖင့္ ဆံသားႏွစ္ခြျဖစ္ တာ၊ ႂကြပ္ဆတ္ၾကမ္းတမ္းတာေတြ မျဖစ္ေအာင္ ကာကြယ္ၿပီးသားျဖစ္ေစလို႔ပါ။

၄။ ေနာက္ၿပီး ဆံပင္နည္းတဲ့သူ အမ်ားစုဟာ ဆံပင္ရွည္ခ်င္တာ ေၾကာင့္ ဆံပင္လုံးဝမညႇပ္ဘဲ ထားတာဟာ မွားယြင္းတဲ့ အယူအဆ ျဖစ္ၿပီး ဆံပင္ပုံမွန္ေလးညႇပ္ေပး မွ အရွည္ျမန္လာတာမို႔ ဆံပင္ ရွည္ခ်င္ေလ ဆံပင္ပုံမွန္တိေပးဖို႔ လိုေလဆိုတာကို အႀကံျပဳလိုက္ပါတယ္ေနာ္။

[ Unicode ]

ဆံပင်အတိုအရှည်အနေ အထားအလိုက် ဘယ်လိုအချိန်တွေမှာ ဆံပင်ညှပ်ပေးရသလဲဆိုတာ သိထားဖို့ Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ဆံပင်ရှည်ရှည်ပိုင်ရှင်တွေ ဆံပင်အရှည်ဆက်ထားဖို့ စိတ်ကူးရင်တော့ ဆံသားကျန်းကျန်းမာ မာနဲ့ ရှည်လျားနိုင်ဖို့အတွက် ဆံ ဖျားလေးတွေကို ရက်သတ္တပတ် ရှစ်ပတ် (ဒါမှမဟုတ်) ၁၂ ပတ်တစ်ခါပုံမှန်ညှပ်ပေးဖို့လိုပါတယ်။ ဆံပင်ရှည်ပြီး ဆံသားမကောင်းရင်တော့ ခြောက်ပတ် (ဒါမှမဟုတ်) ရှစ်ပတ်တစ်ခါညှပ်ဖို့လိုပါတယ်။ အရှည်ထားချင်လို့ လုံးဝမညှပ်ဘဲထားတဲ့အခါ ထိပ်ဖျားတွေ ပြတ်ထွက်တာမျိုး၊ ကျိုးကြေတာမျိုးတွေကြုံရနိုင်ပြီး ပုံမှန်ထက် ဆံပင်အရှည်နှေးတတ်ပါတယ်။

၂။ အနေတော်ဆံပင်အရှည်ရှိ သူတွေဆိုရင် ဆံသားကျန်းမာဖို့ အတွက် ခြောက်ပတ် (ဒါမှမဟုတ်) ၁၂ ပတ်တစ်ခါ ဆံပင်ညှပ်ပေး သင့်ပါတယ်။ ဆံပင်အတိုဆိုရင် တော့ အမြဲတမ်းလန်းဆန်းနေတဲ့ ပုံစံမျိုးရှိနေပြီး ဆံပင်အတိုခဏ ခဏညှပ်နေတဲ့အတွက် ဆံပင်အ ရှည်လည်း မြန်ပါတယ်။ ဆံပင်တိုဆိုရင် လေးပတ် (ဒါမှမဟုတ်) ရှစ် ပတ်တစ်ခါညှပ်ပေးနိုင်ပါတယ်။

၃။ အ ရောင်ဖောက်၊ ဆံပင်ဖြောင့်၊ ကောက်လုပ်တဲ့သူတွေဆိုရင် တော့ ပုံမှန်ထက် ဆံပင်ပျက်စီး တတ်တာကြောင့် သန်စွမ်းပြီး ကျန်းမာတဲ့ ဆံပင်တွေထွက်လာဖို့ ကို ဆံပင်အဖျားတွေကို ခဏခဏတိပေးဖို့လိုပါတယ်။ ဒီလိုလုပ်ပေး ခြင်းအားဖြင့် ဆံသားနှစ်ခွဖြစ် တာ၊ ကြွပ်ဆတ်ကြမ်းတမ်းတာတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေလို့ပါ။

၄။ နောက်ပြီး ဆံပင်နည်းတဲ့သူ အများစုဟာ ဆံပင်ရှည်ချင်တာ ကြောင့် ဆံပင်လုံးဝမညှပ်ဘဲ ထားတာဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ဆံပင်ပုံမှန်လေးညှပ်ပေး မှ အရှည်မြန်လာတာမို့ ဆံပင် ရှည်ချင်လေ ဆံပင်ပုံမှန်တိပေးဖို့ လိုလေဆိုတာကို အကြံပြုလိုက်ပါတယ်နော်။

Ref; beautytips

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.