ခ်စ္သူေကာင္ေလးႀကိဳက္တဲ့ လက္ေဆာင္မ်ား

ခ်စ္သူေကာင္ေလးကို ဘာပစၥည္း လက္ေဆာင္ေပးရမလဲဆိုၿပီး ေတြးေနရင္ေတ့ာ ဒီလက္ေဆာင္ေလးေတြ ေပးဖို႔ အႀကံေပးလိုက္တယ္ေနာ္။

၁။ ေရေမႊး
ေရေမႊးကေတာ့ ေယာက်ာ္းေလးေတြမွာ အလိုအပ္ဆုံးပါ။ ေရေမႊးေပးမယ္ဆိုရင္ သူ႔ရဲ႕ ကိုယ္သင္းရနံ႔ေတြမွာ ကိုယ္ပါဝင္ေနမွာျဖစ္သလို ကိုယ္သင္းရနံ႔ကိုလည္း ပိုၿပီးႀကိဳက္ႏွစ္သက္လာမွာပါ။ ကိုယ့္ေကာင္ေလးကလည္း ေရေမႊးဆြတ္တိုင္း သတိရေနေတာ့မွာေနာ္။ ကဲ.. တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲ။

၂။ နာရီ
ေယာက်ာ္းေလးအတြက္ နာရီဆိုတာကေတာ့ မရွိမျဖစ္ပါပဲ။ ေယာက်္ားဆိုတာက နာရီေကာင္းေကာင္းေလး ရွိရင္ ျပည့္စုံေနၿပီေလ။ နာရီဆိုေတာ့ ကိုယ့္ကို အၿမဲတမ္း သတိရေနမယ့္ အဓိပၸါယ္လည္း ေဆာင္ပါေသးတယ္။ ဆင္တူပတ္လို႔ရတာဆိုေတာ့ ပိုၿပီးေတာ့ေတာင္ လက္ေဆာင္ေပးဖို႔ အဆင္ေျပပါတယ္။

၃။ အေႏြးထည္
ေယာက်ာ္းေလး ေတာ္ေတာ္မ်ားမ်ားက အေႏြးထည္ ဝတ္ခဲ၊ ဝယ္ခဲပါတယ္။ ျဖစ္သလို ေနတတ္ၾကတာ အမ်ားစုပါပဲ။ ဒီေတာ့ ကိုယ္က သူ႔မွာ မ်ားမ်ားစားစား မရွိတာကို ဝယ္ေပးခ်င္တယ္ဆိုရင္ေတာ့ အေႏြးထည္ကိုသာ ေ႐ြးခ်ယ္ေပးလိုက္ပါ။ သူႀကိဳက္တတ္တဲ့ ပုံစံေတာ့ ျဖစ္ေနပါေစ။

၄။ ဆံပင္နဲ႔ မ်က္ႏွာအတြက္
ဆံပင္နဲ႔ မ်က္ႏွာအတြက္ ေယာက်ာ္းေလးေတြက ဂ႐ုစိုက္ေလ့ မရွိပါဘူး။ ဒီေတာ့ ခ်စ္သူျဖစ္တဲ့ ကိုယ္ကပဲ အလိုက္တသိေလး ဝယ္ေပးသင့္တယ္မလား၊ ဆံပင္နဲ႔ မ်က္ႏွာအတြက္ လိမ္းလို႔ ရမယ့္ အရာတစ္ခုခု ဝယ္ေပးပါ။ ဒါဆိုရင္ ကိုယ္က သူ႔အတြက္ အေသးအမႊားေလးေတြကအစ ဂ႐ုစိုက္ေပးတယ္ဆိုၿပီး ပိုေတာင္ခ်စ္လာမွာပါ။

၅။ ခါးပတ္
ခါးပတ္ကလည္း ေယာက်္ားေလးေတြအတြက္ တကယ့္ကို လိုအပ္တဲ့ ပစၥည္းပါပဲ။ ေဘာင္းဘီဝတ္တဲ့ ကိုကို ေမာင္ေမာင္ေတြအတြက္ေတ့ာ ခါးပတ္က အေရးႀကီးတဲ့ ပစၥည္းျဖစ္တာမို႔ အေရာင္ေသခ်ာ ေ႐ြးခ်ယ္ၿပီး ေပးပါ။ ကိုကို ေမာင္ေမာင္တု႔ိ ေန႔တိုင္းနီးပါး အသုံးျပဳလို႔ရတဲ့ ပစၥည္းတစ္ခုပါပဲေနာ္။

[ Unicode ]

ချစ်သူကောင်လေးကို ဘာပစ္စည်း လက်ဆောင်ပေးရမလဲဆိုပြီး တွေးနေရင်တေ့ာ ဒီလက်ဆောင်လေးတွေ ပေးဖို့ အကြံပေးလိုက်တယ်နော်။

၁။ ရေမွှေး
ရေမွှေးကတော့ ယောကျာ်းလေးတွေမှာ အလိုအပ်ဆုံးပါ။ ရေမွှေးပေးမယ်ဆိုရင် သူ့ရဲ့ ကိုယ်သင်းရနံ့တွေမှာ ကိုယ်ပါဝင်နေမှာဖြစ်သလို ကိုယ်သင်းရနံ့ကိုလည်း ပိုပြီးကြိုက်နှစ်သက်လာမှာပါ။ ကိုယ့်ကောင်လေးကလည်း ရေမွှေးဆွတ်တိုင်း သတိရနေတော့မှာနော်။ ကဲ.. တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။

၂။ နာရီ
ယောကျာ်းလေးအတွက် နာရီဆိုတာကတော့ မရှိမဖြစ်ပါပဲ။ ယောကျ်ားဆိုတာက နာရီကောင်းကောင်းလေး ရှိရင် ပြည့်စုံနေပြီလေ။ နာရီဆိုတော့ ကိုယ့်ကို အမြဲတမ်း သတိရနေမယ့် အဓိပ္ပါယ်လည်း ဆောင်ပါသေးတယ်။ ဆင်တူပတ်လို့ရတာဆိုတော့ ပိုပြီးတော့တောင် လက်ဆောင်ပေးဖို့ အဆင်ပြေပါတယ်။

၃။ အနွေးထည်
ယောကျာ်းလေး တော်တော်များများက အနွေးထည် ဝတ်ခဲ၊ ဝယ်ခဲပါတယ်။ ဖြစ်သလို နေတတ်ကြတာ အများစုပါပဲ။ ဒီတော့ ကိုယ်က သူ့မှာ များများစားစား မရှိတာကို ဝယ်ပေးချင်တယ်ဆိုရင်တော့ အနွေးထည်ကိုသာ ရွေးချယ်ပေးလိုက်ပါ။ သူကြိုက်တတ်တဲ့ ပုံစံတော့ ဖြစ်နေပါစေ။

၄။ ဆံပင်နဲ့ မျက်နှာအတွက်
ဆံပင်နဲ့ မျက်နှာအတွက် ယောကျာ်းလေးတွေက ဂရုစိုက်လေ့ မရှိပါဘူး။ ဒီတော့ ချစ်သူဖြစ်တဲ့ ကိုယ်ကပဲ အလိုက်တသိလေး ဝယ်ပေးသင့်တယ်မလား၊ ဆံပင်နဲ့ မျက်နှာအတွက် လိမ်းလို့ ရမယ့် အရာတစ်ခုခု ဝယ်ပေးပါ။ ဒါဆိုရင် ကိုယ်က သူ့အတွက် အသေးအမွှားလေးတွေကအစ ဂရုစိုက်ပေးတယ်ဆိုပြီး ပိုတောင်ချစ်လာမှာပါ။

၅။ ခါးပတ်
ခါးပတ်ကလည်း ယောကျ်ားလေးတွေအတွက် တကယ့်ကို လိုအပ်တဲ့ ပစ္စည်းပါပဲ။ ဘောင်းဘီဝတ်တဲ့ ကိုကို မောင်မောင်တွေအတွက်တေ့ာ ခါးပတ်က အရေးကြီးတဲ့ ပစ္စည်းဖြစ်တာမို့ အရောင်သေချာ ရွေးချယ်ပြီး ပေးပါ။ ကိုကို မောင်မောင်တု့ိ နေ့တိုင်းနီးပါး အသုံးပြုလို့ရတဲ့ ပစ္စည်းတစ်ခုပါပဲနော်။

Ref; surprisegifts

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.