မုန္ညင္းခ်ဥ္ ျပဳလုပ္နည္း

ေခါက္ဆြဲနဲ႔ စားမလား၊ ထမင္းပူပူေလးနဲ႔ပဲလား အရသာခ်ဥ္ခ်ိဳေလးနဲ႔ အရမ္းေကာင္းတဲ့ မုန္ညင္းခ်ဥ္လုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
မုန္ညင္းစိမ္း – တကီလို
မုန္လာဥနီ – တစ္ေတာင့္
မုန္လာဥျဖဴ – တစ္ေတာင့္
ဂ်ဴးျမစ္ – လက္တစ္ဆုပ္
မုန္လာပန္း၊ ၾကက္သြန္ခ်ဥ္၊ ပဲသီးႏွင့္ႂကြက္နားရြက္မွို၊ ပဲပိုးတီတို့ကိုထည့္လိုကထည့္နိုင္ပါတယ္။
နံနံေစ့မွုန႔္ – တစ္ဇြန္း စားပြဲဇြန္း
စမုံစပါးမွုန႔္ – တစ္ဇြန္း
ဟြားေက်ာက္ – အနည္းငယ္သာ ( ကုန္မ်ိဳးစံုဆိုင္ေတြမွာ ရပါတယ္ )
ပါေကာ – အနည္းငယ္ မ်ားလၽွင္အေရာင္မလွအနံ့ျပင္းပါတယ္။
ႀကံသကာရည္အပ်စ္ – ၅ဇြန္းစားပြဲဇြန္း
ဆား – ၂ဇြန္း
င႐ုပ္သီးအၾကမ္းမွုန႔္အစိမ္း – ၅ဇြန္း

ျပင္ဆင္ျပဳလုပ္နည္း
(၁)မုန္ညင္းစိမ္းကိုအပင္လိုက္ေရေဆးသန႔္စင္ၿပီးေနလွန္းထားပါတကီလိုမုန္ညင္းေနလွန္းေရညစ္ၿပီးပါက၅၀၀ဂရမ္သာက်န္ပါမယ္။မုန္ညင္းခ်ဥ္အထားခံရန္ေရပါဝင္မွုနည္းေစရန္ႏြမ္း႐ုံေနျပထားျခင္းသာျဖစ္ပါတယ္။ႏြမ္းသြားပါကလိုသလိုလွီးျဖတ္ထားပါ။
ေနမျပနိုင္ပါကနယ္ၿပီးေရစစ္ေအာင္အေလးျဖင့္ဖိထားပါ။ ဂ်ဴးျမစ္ကိုလည္းသန႔္စင္ထားပါ။

(၂)မုန္လာဥနီျဖဴတို့ကိုလွီးျဖတ္ၿပီးႏြမ္း႐ုံေနျပထားပါ။

(၃)ႀကံသကာကိုေညာင္ေစးက်ေအာင္က်ိဳထားပါ။ႏွစ္ခ်ီမထားဘဲစားသုံးမည္ဆိုပါကႀကံသကာကိုပါးပါးစိတ္ၿပီးလည္းထည့္နိုင္ပါတယ္။

(၄)တ႐ုပ္မဆလာအတြက္ပါဝင္ေသာေလးမ်ိဳးလုံးကိုေလွာ္ၿပီးေထာင္းထားပါ။ႀကိတ္ၿပီးသားလည္းအသင့္ဝယ္ယူနိုင္ပါတယ္။င႐ုပ္သီးအေျခာက္အပြေတာင့္ကိုႀကိတ္ထားပါ။

(၅)အားလုံးအဆင္သင့္ျဖစ္ပါကမုန္ညင္းမုန္လာဥျဖဴမုန္လာဥနီဂ်ဴးျမစ္တို့ကိုသန႔္ရွင္းေျခာက္ေသြ႕သည့္ဇလုံတခုတြင္ထည့္ၿပီးဆားတ႐ုပ္မဆလာႀကံသကာရည္င႐ုပ္သီးမွုန႔္တို့ကိုထည့္ၿပီးသမေအာင္နယ္ေပးပါ။

(၆)အရသာအေပါ့အငံျမည္းၿပီးပုလင္းထည္းတြင္ဖိသိပ္ထည့့္ပါေလမခိုေစရ။အဖုံးလုံေအာင္ပိတ္ကာရက္၂၀ခန႔္ထားပါကမုန္ညင္းခ်ဥ္စားရန္အသင့္ျဖစ္ပါၿပီ။

တာရွည္ခံေအာင္အလင္းမေဖာက္နိုင္ေသာစဉ့္အိုးမ်ားအသုံးျပဳေလ့ရွိပါတယ္။
ေျခာက္ေသြ႕မွုနည္းပါကအျမန္ခ်ဥ္ၿပီးအခ်ဥ္လြန္သြားပါအနံ့အရသာမေကာင္းပါ။လခ်ည္ထားရန္အတြက္ဆီကင္းၿပီးေျခာက္ေသြ႕ကာေရပါဝင္မွုအနည္းဆုံးျဖစ္ရပါမယ္။ပုလင္းတြင္ထည့္ပါကက်စ္လစ္သိပ္သည္ၿပီးေလမခိုေအာင္ဖိထည့္ၿပီးအေပၚမွအဖုံးကိုအထပ္ထပ္ေလလုံေအာင္ခ်ည္ထားပါ။

[ Unicode ]

ခေါက်ဆွဲနဲ့ စားမလား၊ ထမင်းပူပူလေးနဲ့ပဲလား အရသာချဉ်ချိုလေးနဲ့ အရမ်းကောင်းတဲ့ မုန်ညင်းချဉ်လုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
မုန်ညင်းစိမ်း – တကီလို
မုန်လာဥနီ – တစ်တောင့်
မုန်လာဥဖြူ – တစ်တောင့်
ဂျူးမြစ် – လက်တစ်ဆုပ်
မုန်လာပန်း၊ ကြက်သွန်ချဉ်၊ ပဲသီးနှင့်ကြွက်နားရွက်မှို၊ ပဲပိုးတီတို့ကိုထည့်လိုကထည့်နိုင်ပါတယ်။
နံနံစေ့မှုန့် – တစ်ဇွန်း စားပွဲဇွန်း
စမုံစပါးမှုန့် – တစ်ဇွန်း
ဟွားကျောက် – အနည်းငယ်သာ ( ကုန်မျိုးစုံဆိုင်တွေမှာ ရပါတယ် )
ပါကော – အနည်းငယ် များလျှင်အရောင်မလှအနံ့ပြင်းပါတယ်။
ကြံသကာရည်အပျစ် – ၅ဇွန်းစားပွဲဇွန်း
ဆား – ၂ဇွန်း
ငရုပ်သီးအကြမ်းမှုန့်အစိမ်း – ၅ဇွန်း

ပြင်ဆင်ပြုလုပ်နည်း
(၁)မုန်ညင်းစိမ်းကိုအပင်လိုက်ရေဆေးသန့်စင်ပြီးနေလှန်းထားပါတကီလိုမုန်ညင်းနေလှန်းရေညစ်ပြီးပါက၅၀၀ဂရမ်သာကျန်ပါမယ်။မုန်ညင်းချဉ်အထားခံရန်ရေပါဝင်မှုနည်းစေရန်နွမ်းရုံနေပြထားခြင်းသာဖြစ်ပါတယ်။နွမ်းသွားပါကလိုသလိုလှီးဖြတ်ထားပါ။
နေမပြနိုင်ပါကနယ်ပြီးရေစစ်အောင်အလေးဖြင့်ဖိထားပါ။ ဂျူးမြစ်ကိုလည်းသန့်စင်ထားပါ။

(၂)မုန်လာဥနီဖြူတို့ကိုလှီးဖြတ်ပြီးနွမ်းရုံနေပြထားပါ။

(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုထားပါ။နှစ်ချီမထားဘဲစားသုံးမည်ဆိုပါကကြံသကာကိုပါးပါးစိတ်ပြီးလည်းထည့်နိုင်ပါတယ်။

(၄)တရုပ်မဆလာအတွက်ပါဝင်သောလေးမျိုးလုံးကိုလှော်ပြီးထောင်းထားပါ။ကြိတ်ပြီးသားလည်းအသင့်ဝယ်ယူနိုင်ပါတယ်။ငရုပ်သီးအခြောက်အပွတောင့်ကိုကြိတ်ထားပါ။

(၅)အားလုံးအဆင်သင့်ဖြစ်ပါကမုန်ညင်းမုန်လာဥဖြူမုန်လာဥနီဂျူးမြစ်တို့ကိုသန့်ရှင်းခြောက်သွေ့သည့်ဇလုံတခုတွင်ထည့်ပြီးဆားတရုပ်မဆလာကြံသကာရည်ငရုပ်သီးမှုန့်တို့ကိုထည့်ပြီးသမအောင်နယ်ပေးပါ။

(၆)အရသာအပေါ့အငံမြည်းပြီးပုလင်းထည်းတွင်ဖိသိပ်ထည့်ပါလေမခိုစေရ။အဖုံးလုံအောင်ပိတ်ကာရက်၂၀ခန့်ထားပါကမုန်ညင်းချဉ်စားရန်အသင့်ဖြစ်ပါပြီ။

တာရှည်ခံအောင်အလင်းမဖောက်နိုင်သောစဉ့်အိုးများအသုံးပြုလေ့ရှိပါတယ်။
ခြောက်သွေ့မှုနည်းပါကအမြန်ချဉ်ပြီးအချဉ်လွန်သွားပါအနံ့အရသာမကောင်းပါ။လချည်ထားရန်အတွက်ဆီကင်းပြီးခြောက်သွေ့ကာရေပါဝင်မှုအနည်းဆုံးဖြစ်ရပါမယ်။ပုလင်းတွင်ထည့်ပါကကျစ်လစ်သိပ်သည်ပြီးလေမခိုအောင်ဖိထည့်ပြီးအပေါ်မှအဖုံးကိုအထပ်ထပ်လေလုံအောင်ချည်ထားပါ။

Ref; asianfood

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.