ပရိသတ်တွေရဲ့ ဖိအားပေးတောင်းဆိုမှုတွေကို ခံခဲ့ရတဲ့ K-pop Idol များ

တချို့K-pop အိုင်ဒေါလ်တွေက သူတို့ရဲ့ personal ကိစ္စတွေကြောင့် ပရိသတ်တွေရဲ့ဖိအားပေး ရှုံ့ချမှုတွေကို ခံခဲ့ရပြီး ကိုယ်လက်ရှိလုပ်ကိုင်နေတဲ့ အဖွဲ့၊ အေဂျင်စီတွေကပါ ထွက်ဖို့အတွက် ဆန္ဒပြဖိအားပေးတောင်းဆိုမှုတွေအထိပါဖြစ်ခဲ့ကြတာပါ။

1. Chen (EXO)


EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ကတော့ ၂၀၂၀ခုနှစ်မှာ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းနဲ့ကလေးတစ်ယောက်အဖေဖြစ်တော့မယ်ဆိုတဲ့အကြောင်းကို ရုတ်တရက်အသိပေးလာခဲ့ပါတယ်။ အဲ့ဒီလိုအသိပေးပြီးသိပ်မကြာခင်မှာပဲ ကိုရီးယားမှာ ရှိတဲ့ fan တစ်ချို့က စပြီး ရှုံ့ချဆန္ဒပြခဲ့ကြပါတယ်။ တချို့ကလဲ social media မှာ fan site တွေပြုလုပ်ခဲ့ကြပြီး EXO အဖွဲ့မှ ထွက်သွား(ထုတ်ပယ်)ဖို့အတွက် အတော်လေးဖိအားပေးခဲ့ပါတယ်။အဲ့ဒီလို ဖိအားတွေနဲ့ ရှုံ့ချနေခဲ့ပေမယ့်လည်း SM Entertainment ကတော့ Chen ကို EXO အဖွဲ့မှာပဲ ဆက်ရှိနေမယ်လို့ အသိပေးခဲ့ပါတယ်။

2. Kwangjin (Former member of N.Flying)


Kwangjin ကတော့ အွန်လိုင်းအဖွဲ့အစည်းတစ်ခုကနေ Dating fansite masters နှင့် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ အဖွဲ့ကနေထွက်ဖို့ ပရိတ်တွေရဲ့ ဖိအားပေးတောင်းဆိုခြင်းတွေကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Kwangjin တစ်ယောက် သူ့ဆန္ဒအလျောက် အဖွဲ့ကနေ ထွက်ခဲ့ပါတယ်။

3. Moon Hee Jun (Former member of H.O.T)


Moon Hee Jun တစ်ယောက်ကတော့ ပရိသတ်တွေအပေါ် တုန့်ပြန်မှုက ရိုင်းစိုင်းတယ်လို့ ထင်မြင်ချက်ပေးခံခဲ့ရပါတယ်။ Moon Hee Jun ကတော့ သူ့ရဲ့ ပွဲတစ်ခုကို မတတ်ရောက်နိုင်တာကို ရိုင်းစိုင်းစွာတုန့်ပြန်ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေရဲ့ ရှုံ့ချပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။
Ref; Koreaboo

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.