စကားပြောတဲ့ ခွေးကလေး Mr. Peaboby ဟာတစ်ကမ္ဘာလုံးမှာအထက်မြက်ဆုံးသတ္တ၀ါဖြစ်ပြီး Sherman
ဆိုတဲ့မွေးစားထားတဲ့ကောင်လေးရှိပါတယ်။ Sherman ဟာအတန်းဖေါ်ကောင်မလေး Penny Peterspon
နဲ့မပြေလည်တာကြောင့် ကလေးမွေးစားတဲ့ကိစ္စတွေကိုကြီးကြပ်တဲ့ အေဂျင်စီက နောက်ထပ်ပြသနာဖြစ်ရင်
Sherman ကိုပြန်ခေါ်မှာဖြစ်ကြောင်း Peabody ကိုအကြောင်းကြားပါတယ်။
သူတို့နှစ်ယောက်ကို ပြေလည်စေဖို့ Peabody က Peterson
မိသားစုကိုအိမ်လာလည်ဖို့ဖိတ်လိုက်တဲ့အခါမှာတော့ Sherman ဟာ Penny ရဲ့အထင်ကြီးမှုကိုရရှိဖို့အတွက်
Peabody တီထွင်ထားတဲ့ အချိန်ယန္တရားကြီးကိုအသုံးပြုလိုက်တဲ့အခါမှာတော့
အခြေအနေတွေရှုပ်ထွေးလာပါတော့တယ်။
Mr. Peabody & Sherman ဟာအမေရိကန် 3D computer animation သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားဖြစ်ပြီး
ဒါရိုက်တာကတော့ Rob Minkoff ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေအဖြစ် Ty Burrell, Max Charles, Ariel
Winter တို့ပါဝင်ထားပါတယ်။ မတ်လ ၇ရက်နေ့ US မှာထွက်မှာဖြစ်ပါတယ်။
Ref:wikipedia.org