ချစ်သူမိန်းကလေးတွေရဲ့ စကားဝှက် ၃ ခွန်း
၂။ ညည်းငွေ့လှပါပြီ
[ Unicode ]
တစ်ခါတစ်လေ ချစ်သူမိန်းကလေး ဘာပြောချင်လဲ နားလည်ရခက်နေတတ်ပါတယ်။ စိတ်ညစ်တယ်လို့တော့ ဆင်ခြေမပေးနဲ့ပေါ့။ သင်က ကြိုက်မိတာကို…။ ဒီတော့ သူတို့ ပြောလေ့ရှိတဲ့ စကားဝှက် ၃ ခုကို ဝေမျှလိုက်တယ်နော်။
၁။ ကျွန်မခေါင်းနည်းနည်းကိုက်နေလို့
ဒါကတော့ သင့်ကို အလိမ္မာသုံးပြီး ရှောင်တာပါဘဲ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူတို့တစ်တွေ လုပ်လိုတဲ့ ဆန္ဒမရှိဘူးဆိုရင် ဒီလိုနည်းနဲ့ ရှောင်ဖယ်လေ့ရှိပါတယ်။ ဒါကို သင်က အထာမနပ်ဘဲ ဟုတ်လား ခေါင်းကိုက်ရင် ဆေးခန်းသွားရမှာပေါ့။ ဆေးသောက်လေ၊ ရေချိုးတာ ကြာလို့ဖြစ်မှာပါ-စသဖြင့် ဆက်ပြောမနေပါနဲ့။ တစ်ခုတော့ ရှိပါတယ်။ သင် ဘာမှ မပြောရသေးဘဲ ခေါင်းကိုက်တယ်ဆိုရင်တော့ သူ တကယ်နေမကောင်းသလို ဖြစ်ချင်နေတယ်လို့ အဓိပ္ပါယ်ကောက်ပါ။
၂။ ညည်းငွေ့လှပါပြီ
ဒါကတော့ ဘာပဲဖြစ်ဖြစ် သူတို့ စိတ်ကုန်တာကို ဖော်ကျူးတာပါ။ သင်နဲ့ အချစ်ရေးကို စိတ်ကုန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လက်ရှိ သင်နဲ့သူရဲ့ ဆက်ဆံရေး ဒီထက်ပိုပြီး မတိုးတက်တာကိုလည်း ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ ဒါက အခြေအနေပေါ်မူတည်ပြီး ကောက်ချက်ချရတာပါ။ သင်နဲ့ သူ ပြဿနာဖြစ်ရင် ဒါက လမ်းခွဲချင်ပြီလို့ ပြောတာလည်း ဖြစ်နိုင်သလို၊ သင့်က အေးတိအေးစက်နိုင်လို့ သင့်ကို ယူပါတော့လို့ တိုက်တွန်းတာလည်း ဖြစ်နိုင်ပါတယ်။
၃။ ရှင့်မိဘတွေနဲ့ ဘယ်တော့တွေ့ပေးမှာလဲ
ဒီစကားပြောရင်တော့ သင် သူ့ကို မိဘဆီ ခေါ်သွားရပါမယ်။ ဒီလိုမျိုးကျတော့ ကိုယ့်လူက အူတူတူ အတတ လုပ်မနေပါနဲ့။ အဲဒီလို သူမကို အိမ်ကို ခေါ်သွားပြီး တစ်လက်စတည်း ခန်းဝင်ပစ္စည်းရောင်းတဲ့ဆီကို သွားပါ။ သင်တို့နှစ်ယောက် စိတ်ကြိုက်ရွေးလို့ ရပါပြီလို့။
Ref; rsgoals
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.