အစွန်းရောက် fan တွေရဲ့ အဆိုးရွားဆုံး အန္တရာယ်ပေးမှုများ

အနုပညာရှင်တွေကို တရားလွန်စွဲလန်းရာကနေ သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေကိုပါ ဝင်ရောက်စွက်ဖက်ချင်တဲ့သူတွေကိုတော့ ကိုရီးယားအနုပညာလောကမှာ Sasaeng Fan အစွန်းရောက်ပရိတ်သတ်လို့ခေါ်လို့ရပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီလို အစွန်းရောက်ပရိသတ်တွေရဲ့ ဒုက္ခပေးခြင်းကို ခံခဲ့ရတဲ့ အနုပညာရှင်တချို့ကို ပြောပြပေးသွားမှာပါ။

1. Kim Yoo Jung


ကလေးဘဝတည်းက သရုပ်ဆောင်လုပ်ခဲ့တာမို့ မူလတန်းကျောင်းသူလေးအရွယ်မှာ အစွန်းရောက်ပရိတ်သတ်တစ်ယောက်က ဆွေမျိုးအယောင်ဆောင်ပြီး ကျောင်းကိုလာကြိုတာမျိုးလုပ်ခဲ့ဖူးပါတယ်။ ကံကောင်းလို့ ဆရာမကရဲကိုခေါ်ခဲ့လို့သာ Yoo Jung လေး အန္တရာယ်ကင်းခဲ့တာပါ။

2. 2PM Taecyeon


Taecyeon ကိုတရားလွန် စွဲလန်းတဲ့ အမျိုးသမီးပရိတ်သတ်တစ်ဦးဟာ သူ့ဆီကို “You can’t live witout me” ဆိုတဲ့စာကို သွေးနဲ့ရေးပို့ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးက တောင်းပန်ခဲ့ပေမယ့် Taecyeon ကတော့ တော်တော်လေးလန့်သွားခဲ့မှာတော့ အသေအချာပါပဲ။

3. EXO


တစ်ဖွဲ့လုံးရိုက်ကူးရေးလုပ်နေတဲ့အချိန် EXO ရဲ့ကား ရပ်ထားတဲ့နေရာမှာ သူတို့ကားနဲ့ပုံစံထပ်တူနီးပါးဆင်တူတဲ့ ကားတစ်စီးကိုငှားပြီး လာရပ်ထားခဲ့ဖူးပါတယ်တဲ့နော်။ သူတို့ကိုပြန်ပေးဆွဲဖို့ ကြံစည်ခဲ့တာ ဖြစ်နိုင်ပြီး မန်နေဂျာက သတိထားမိလိုက်ခဲ့လို့သာ အဆင်ပြေသွားခဲ့တာပါ။

4. Girls’ Generation’s Taeyeon


၂၀၁၁ ခုနှစ်တုန်းက စင်မြင့်ပေါ်မှာအဖွဲ့နဲ့အတူ ဖျော်ဖြေနေတုန်း အမျိုးသားတစ်ယောက်က စင်ပေါ်ကိုတက်လာပြီး Taeyeon ကိုဆွဲခေါ်သွားဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာပဲ ပွဲရဲ့ MC ဖြစ်တဲ့ Oh Jung Tae နဲ့ အဖွဲ့ဝင် Sunny တို့အချိန်မှီ ကာကွယ်လိုက်နိုင်ခဲ့လို့ ဘေးကင်းခဲ့ရတာပါ။

5. Bigbang’s G-Dragon

အစွန်းရောက်ပရိတ်သတ်တွေက အမြဲတမ်းသူ့အိမ်နားအထိ ရောက်လာကြပြီး ချောင်းကြမြောင်းကြလို့ အမေနဲ့အစ်မဖြစ်သူကတောင် ထိတ်လန့်ရပါတယ်တဲ့။ Idol ကိုအားပေးတာတော့ ကောင်းပေမယ့် ကိုယ်ပိုင်ဘဝအထိ စွက်ဖက်တာကတော့ သူတို့ကိုအနေခက်စေမှာပါနော်။
Ref;Koreaboo, MIKAYLA BERRY

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.