Shakira ရဲ့ single အသစ် “Can’t Remember to Forget You” ရဲ့ဇန်န၀ါရီလ ၃၀ မှာထွက်တဲ့ ဗီဒီယိုဖြစ်ပါတယ်။
Latin ကြယ်ပွင့် Shakira ဟာအိပ်ရာနဲ့ ကူရှင်တွေပေါ်မှာလူးလွှန့်နေပြီးတဲ့နောက် ရေချိုးကန်ထဲဆင်းပါတယ်။ အဲဒီ့နောက်မှာတော့ Rihanna ပါဝင်လာပြီး သူတို့နှစ်ဦးဆေးပြင်းလိပ်ခဲပြီး ပြင်းရိတဲ့အမူအရာနဲ့ထိုင်သရုပ်ဆောင်ပါတယ်။ အဲဒီ့နောက်မှာတော့ သူတို့နှစ်ဦးရဲ့ sexy ကျကျဆံပင်တွေခါရမ်းပြီး ကခုန်တဲ့သရုပ်ဆောင်မှုကိုတွေ့ရမှာပါ။ အဆုံးသတ်နားမှာတော့ Shakira တစ်ယောက် ရေလွှမ်းနေပြီးအရိုင်းဆန်တဲ့ အခန်းထဲမှာဂစ်တာနဲ့ ဒရမ်ကိုအပြီအပြင်တီးခတ်နေတဲ့ပုံကိုတွေ့ရမှာပါ။
ဒီဗီဒီယိုဟာဒီလအစောပိုင်းမှာ ထွက်ခဲ့တဲ့ single အပြီးနောက်ဆက်တွဲဖြစ်ပါတယ်။ Shakira ရဲ့မကြာမီထွက်တော့မယ့် ၁၀ ခုမြောက် album ကပထမဆုံးသီချင်းဖြစ်တယ်လို့သိရပြီး အခုအချိန်ထိတော့ Hot 100 ရဲ့ နံပါတ် ၂၈ ကိုရောက်ခဲ့ဖူးတာဖြစ်ပါတယ်။
Ref:billboard.com