ခပ္ဆိုးဆိုးေကာင္မေလးေတြကို ဘာေၾကာင့္ႀကိဳက္ရတာလဲ

မိန္းကေလးေတြက ေယာက်ၤားေလးေတြကို ေ႐ြးခ်ယ္တတ္ၾကေပမဲ့ ေယာက်ၤားေလးေတြကလည္း မိန္းကေလးေတြကို ဘယ္လို မိန္းကေလးမ်ိဳးဆိုၿပီး ေ႐ြးခ်ယ္တတ္ၾကပါတယ္။ ဒါေပမဲ့ အခ်စ္မွာ မ်က္စိ မရွိဘူးဆိုသလို ေယာက်ၤားေလးေတြမွာလည္း အဲ့လို အေျခအေန ရွိပါတယ္။ ခပ္ဆိုးဆိုးေကာင္မေလးေတြကိုမွ ေကာင္ေလးေတြ စြဲလမ္းမိသြားတာ ဘာေၾကာင့္လဲဆိုတာ ေျပာျပခ်င္ပါတယ္။

(၁) လွလို႔
ေကာင္ေလးေတြရဲ႕ အားနည္းခ်က္ တစ္ခုက လွတဲ့ေကာင္မေလးေတြဆို သေဘာက်မိတာပါပဲ။ လွတဲ့ ေကာင္မေလးကို ခ်စ္သူေတာ္မိထားတာက သူတို႔အတြက္ေတာ့ ေက်နပ္စရာ ျဖစ္ေနတာပါပဲ။ ဒါေၾကာင့္ သူ ဘယ္ေလာက္ဆိုးဆိုး စိတ္မဆိုးရက္ ျဖစ္တတ္ၾကပါတယ္။ သူတို႔ မႀကိဳက္တာေတြ လုပ္ေနရင္ေတာင္ ဘာမွ မေျပာသာလို႔ လက္ပိုက္ၾကည့္ေနရတာပါပဲ။ လွလြန္းေတာ့ အရမ္းခ်စ္မိသြားရင္ ျဖစ္သြားတတ္တဲ့ အေျခအေန တစ္ခုလည္း ျဖစ္ပါတယ္။

(၂) အျပဳအမူေတြကို မလြန္ဆန္ႏိုင္လို႔
ေယာက်ၤားေလးေတြကို ဖမ္းစားႏိုင္တဲ့ အခ်က္အမ်ိဳးမ်ိဳး ရွိပါတယ္။ တစ္ခ်ိဳ႕ေယာက်ၤားေလးေတြက အရမ္းခြၽဲတတ္ႏြဲ႕တတ္တဲ့ ေကာင္မေလးေတြကိုမွ ေႂကြမိၾကတာပါ။ ဒါေပမဲ့ ခပ္ဆိုးဆိုးအမူအရာေလးေတြနဲ႔ သူတို႔ကို ေလေျပနဲ႔ ေျပာလိုက္ ေလသံမာလိုက္နဲ႔ ပုံစံမ်ိဳးစုံနဲ႔ ဆိုးေနတတ္တဲ့ ေကာင္မေလးေတြကိုမွ ေႂကြမိတတ္ၾကပါေသးတယ္။ ဒါေၾကာင့္ အဲ့သည့္အျပဳအမူေတြက ဆြဲေဆာင္ႏိုင္လြန္းလို႔ ႐ုန္းမထြက္ႏိုင္ ျဖစ္ေနၾကတာပါ။

(၃) သနားလို႔
ခပ္ဆိုးဆိုးေကာင္မေလးေတြက ဘဝမွာ မိသားစုမွာ စိတ္ဒဏ္ရာႀကီးႀကီးမားမား ရခဲ့ဖူးသူေတြ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ဆိုးေနတယ္လို႔ ေကာင္ေလးေတြက ေတြးၿပီး သနားစိတ္ပိုၾကပါတယ္။ ဒီေကာင္မေလးအတြက္ သူေစာင့္ေရွာက္ဖို႔ လိုအပ္တယ္လို႔ ေတြးတတ္ၾကပါတယ္။ ဒီေကာင္မေလး လမ္းမွားဆီ မေရာက္သြားဖို႔ သူ႔အနားမွာ ထားကိုထားမယ္လို႔ ေတြးၿပီး လက္မလႊတ္ၾကတာပါ။

(၄) စိတ္ႏုလြန္းလို႔
စိတ္ေပ်ာ့တဲ့ စိတ္ႏုတဲ့ ေကာင္ေလးေတြလည္း ေလာကႀကီးမွာ ရွိပါေသးတယ္။ သူတို႔က ထူးထူးျခားျခား သူတို႔နဲ႔ ဆန႔္က်င္ဘက္ ျဖစ္တဲ့ ခပ္ဆိုးဆိုးေကာင္မေလးေတြကို ႀကိဳက္မိသြားတတ္ၾကပါတယ္။ မသိစိတ္ထဲက သူတို႔ျဖစ္ခ်င္တဲ့ ပုံစံအတိုင္း ေနၾကတဲ့ ေကာင္မေလးေတြ ျဖစ္လို႔ သေဘာက်မိသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ အဲ့လို ေကာင္ေလးေတြက ခပ္ဆိုးဆိုးေကာင္မေလးေတြနားမွာပဲ တဝဲလည္လည္ ျဖစ္ေနတတ္ၿပီး ေကာင္မေလးနားမွာ ေက်ေက်နပ္နပ္ႀကီး ရွိေနတတ္ပါတယ္။ ဒါေပမဲ့ ဘာဆိုဘာမွလည္း မလြန္ဆန္ႏိုင္ပဲ အရာရာ ေကာင္မေလးသေဘာပဲ ျဖစ္ေနတတ္ပါတယ္။

(၅) အသည္းမကြဲခ်င္လို႔
အရမ္းခ်စ္မိသြားတဲ့အခါ သူနဲ႔ အတူမရွိေတာ့မွာကို ေသမေလာက္ေအာင္ စိုးရိမ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေကာင္မေလး ဘယ္ေလာက္ဆိုးဆိုး ခ်စ္တဲ့စိတ္နဲ႔ သည္းခံေနႏိုင္သြားၾကပါတယ္။ ေကာင္မေလးဆိုးေနတာထက္ သူ႔ကို ထားသြားမွာကို ပိုေၾကာက္လို႔ ေကာင္မေလး ေနခ်င္တိုင္းေနတာကို လက္ခံထားတာပါ။ အရမ္းကို ခ်စ္တတ္တဲ့သူ အမ်ိဳးအစားထဲ ပါဝင္ၾကသူေတြပါ။

[ Unicode ]

မိန်းကလေးတွေက ယောင်္ကျားလေးတွေကို ရွေးချယ်တတ်ကြပေမဲ့ ယောင်္ကျားလေးတွေကလည်း မိန်းကလေးတွေကို ဘယ်လို မိန်းကလေးမျိုးဆိုပြီး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမဲ့ အချစ်မှာ မျက်စိ မရှိဘူးဆိုသလို ယောင်္ကျားလေးတွေမှာလည်း အဲ့လို အခြေအနေ ရှိပါတယ်။ ခပ်ဆိုးဆိုးကောင်မလေးတွေကိုမှ ကောင်လေးတွေ စွဲလမ်းမိသွားတာ ဘာကြောင့်လဲဆိုတာ ပြောပြချင်ပါတယ်။

(၁) လှလို့
ကောင်လေးတွေရဲ့ အားနည်းချက် တစ်ခုက လှတဲ့ကောင်မလေးတွေဆို သဘောကျမိတာပါပဲ။ လှတဲ့ ကောင်မလေးကို ချစ်သူတော်မိထားတာက သူတို့အတွက်တော့ ကျေနပ်စရာ ဖြစ်နေတာပါပဲ။ ဒါကြောင့် သူ ဘယ်လောက်ဆိုးဆိုး စိတ်မဆိုးရက် ဖြစ်တတ်ကြပါတယ်။ သူတို့ မကြိုက်တာတွေ လုပ်နေရင်တောင် ဘာမှ မပြောသာလို့ လက်ပိုက်ကြည့်နေရတာပါပဲ။ လှလွန်းတော့ အရမ်းချစ်မိသွားရင် ဖြစ်သွားတတ်တဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။

(၂) အပြုအမူတွေကို မလွန်ဆန်နိုင်လို့
ယောင်္ကျားလေးတွေကို ဖမ်းစားနိုင်တဲ့ အချက်အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ယောင်္ကျားလေးတွေက အရမ်းချွဲတတ်နွဲ့တတ်တဲ့ ကောင်မလေးတွေကိုမှ ကြွေမိကြတာပါ။ ဒါပေမဲ့ ခပ်ဆိုးဆိုးအမူအရာလေးတွေနဲ့ သူတို့ကို လေပြေနဲ့ ပြောလိုက် လေသံမာလိုက်နဲ့ ပုံစံမျိုးစုံနဲ့ ဆိုးနေတတ်တဲ့ ကောင်မလေးတွေကိုမှ ကြွေမိတတ်ကြပါသေးတယ်။ ဒါကြောင့် အဲ့သည့်အပြုအမူတွေက ဆွဲဆောင်နိုင်လွန်းလို့ ရုန်းမထွက်နိုင် ဖြစ်နေကြတာပါ။

(၃) သနားလို့
ခပ်ဆိုးဆိုးကောင်မလေးတွေက ဘဝမှာ မိသားစုမှာ စိတ်ဒဏ်ရာကြီးကြီးမားမား ရခဲ့ဖူးသူတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆိုးနေတယ်လို့ ကောင်လေးတွေက တွေးပြီး သနားစိတ်ပိုကြပါတယ်။ ဒီကောင်မလေးအတွက် သူစောင့်ရှောက်ဖို့ လိုအပ်တယ်လို့ တွေးတတ်ကြပါတယ်။ ဒီကောင်မလေး လမ်းမှားဆီ မရောက်သွားဖို့ သူ့အနားမှာ ထားကိုထားမယ်လို့ တွေးပြီး လက်မလွှတ်ကြတာပါ။

(၄) စိတ်နုလွန်းလို့
စိတ်ပျော့တဲ့ စိတ်နုတဲ့ ကောင်လေးတွေလည်း လောကကြီးမှာ ရှိပါသေးတယ်။ သူတို့က ထူးထူးခြားခြား သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ခပ်ဆိုးဆိုးကောင်မလေးတွေကို ကြိုက်မိသွားတတ်ကြပါတယ်။ မသိစိတ်ထဲက သူတို့ဖြစ်ချင်တဲ့ ပုံစံအတိုင်း နေကြတဲ့ ကောင်မလေးတွေ ဖြစ်လို့ သဘောကျမိသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့လို ကောင်လေးတွေက ခပ်ဆိုးဆိုးကောင်မလေးတွေနားမှာပဲ တဝဲလည်လည် ဖြစ်နေတတ်ပြီး ကောင်မလေးနားမှာ ကျေကျေနပ်နပ်ကြီး ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဘာဆိုဘာမှလည်း မလွန်ဆန်နိုင်ပဲ အရာရာ ကောင်မလေးသဘောပဲ ဖြစ်နေတတ်ပါတယ်။

(၅) အသည်းမကွဲချင်လို့
အရမ်းချစ်မိသွားတဲ့အခါ သူနဲ့ အတူမရှိတော့မှာကို သေမလောက်အောင် စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ကောင်မလေး ဘယ်လောက်ဆိုးဆိုး ချစ်တဲ့စိတ်နဲ့ သည်းခံနေနိုင်သွားကြပါတယ်။ ကောင်မလေးဆိုးနေတာထက် သူ့ကို ထားသွားမှာကို ပိုကြောက်လို့ ကောင်မလေး နေချင်တိုင်းနေတာကို လက်ခံထားတာပါ။ အရမ်းကို ချစ်တတ်တဲ့သူ အမျိုးအစားထဲ ပါဝင်ကြသူတွေပါ။

Ref; rsgoals

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.